" ဦး အိပ်နေပြီလား "
" မအိပ်သေးဘူး..
ဘာလို့လဲ မူးနေတာလား အသံက "" ကျွန်တော် ဦးတို့အိမ်ရှေ့မှာ "
" အိမ်ရှေ့မှာ! ဘာလုပ်နေတာလဲ "
" တွေ့ချင်လို့လေ.. ဒီနေ့တစ်ခါမှမှ မတွေ့ရသေးတာကို.. "
အိမ်ရှေ့မှာဆိုတာနဲ့ ဆော့ဂျင်ထိုင်ရာမှထကာ
အခန်းဆီးနားသွားလိုက်ပြီး ကြည့်လိုက်သည်။
အသံကလည်း ပုံမှန်မဟုတ်။ တကယ်ကြီး
အိမ်ရှေ့ရောက်နေတာပဲ။ နေပါအုံး သူ့ကိုဒီနေ့မတွေ့တော့ဘူးလို့
သေချာပေါက်ပြောထားခဲ့တာကို..ဆော့ဂျင်ဖုန်းချလိုက်ပြီး
အပေါ်ထပ်တစ်ထပ်ဝတ်ကာ
အိမ်အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်တော့
ဂျောင်ဂုက သူ့ကိုမြင်တာနဲ့ ဆွဲခေါ်ကာ ကားထဲဝင်စေသည်။" အေးတယ် ဘာလို့ပါးပါးလေးဝတ်ခဲ့တာလဲ "
" နေစမ်းပါအုံး မင်းကိုပြောရမှာ
ဘာလို့အိမ်ရှေ့ထိရောက်လာရတာလဲ ဒီနေ့မတွေ့တော့ဘူးလို့ ပြော
လိုက်တယ်မလား အခုရော ဘယ်ကပြန်လာတာလဲ
ဘယ်လောက်တောင် သောက်ထားပြန်ပြီလဲ.. ဂျွန်ဂျောင်ဂု ငါမအားရင် မအားတဲ့အလိုက် မင်းလုပ်ချင်ရာလုပ်နေတာ
မူးနေရင်လည်း ကားမမောင်းပါနဲ့ဆိုတာကို.. "" ဦးကလည်း.. သိပ်မမူးပါဘူး
ဦးပဲပြောတယ်လေ
ဂျူအွန်းဆီသွားတွေ့လိုက်အုံးဆို
သွားတွေ့ခဲ့တာလေ ဂုဏ်ပြုပေးခဲ့တယ်
အခုလည်း သူ့ကိုပြန်လိုက်ပို့တာ
ပို့ရင်းနဲ့ လမ်းကြုံနေတာမလို့ ဦးနဲ့တွေ့ချင်လို့.. "" ငါမင်းကိုဂုဏ်ပြုခိုင်းတာ အားပေးစကား
ပြောခိုင်းတာလေ အရက်သောက်ခဲ့ပါလို့ ပြောလား "" ဂုဏ်ပြုအရက်ပါဆို
နည်းနည်းလေးပဲသောက်တာ
မမူးဘူး တကယ်ပြောတာ။
ဦး... အားလုံးအဆင်ပြေသွားပြီလား.. "ဂျောင်ဂုက သူ့ရင်ခွင်ထဲတိုးဝင်လာပြီး
ကြောင်လေးတွေလို ခေါင်းကိုတိုးဝှေ့နေသည်။
ဒါလား နည်းနည်းလေးပဲ သောက်ထားမှာ..
ဒါပေမဲ့ ဂျောင်ဂုက မူးမူး၊မမူးမူး အချွဲတုံးလေး..
များများချွဲတာနဲ့ မချွဲတာဘဲကွာတယ် ကျန်တာကတော့
သူ့နား အမြဲကြောင်လေးလိုနေချင်နေတာ
မူးနေရင်တော့ ပိုပြောရခက်တာပေါ့
စကားအစလေးတစ်ခုကို မရရအောင်
အရှည်ဆွဲပြီး ရစ်ပါတော့မည်။
အသိစိတ်ကပ်လျက်နဲ့ တမင်ပြောရခက်အောင်နေတာ..
YOU ARE READING
U [✓]
Fanfiction' ကြီးရင်မှီငယ်ရင်ချီ 'တဲ့ ကိုယ်ကတော့ အသက်ကြီးတဲ့သူကိုပဲ ချီချင်တာ ( Jungkook x Jin )