Unicode
"စေတမာန်!! ငါ့ကိုလွှတ်လို့ပြောနေတယ်"
ပုခုံးပေါ်ထမ်းချီခံလာရသူက ကျောတွေကိုတဘုန်းဘုန်းထုရိုက်ကာ ခြေထောက်တွေကလဲ လှုပ်ရှားကန်ကျောက်နေ၏။
"မောင်လို့ခေါ်ရင်လွှတ်ပေးမယ်"
"မခေါ်ဘူး..မင်းကိုလွှတ်လို့ပြောနေတယ်နော်"
"လုပ်စရာရှိတာလုပ်ပြီးရင် လွှတ်ပေးမယ်"
စေတမာန် သူ့အပေါ်ကလူကို တင်အောက်မှပင့်ချီလာကာ ပုခုံးပေါ်ထမ်းတင်လာရင်း အိပ်ခန်းထဲကိုတန်းဝင်သွား၏။ ဒါကသူတစ်ယောက်ထဲသုံးသည့် ကွန်ဒိုပင်။ သူစိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါမျိုးတွေမှာ ဒီကွန်ဒိုကိုသုံးလေ့ရှိ၏။ အခုတော့ သူ့စကာကိုနားမထောင်တဲ့သူကိုဆုံးမပေးဖို့ ဒီနေရာကိုသုံးရတော့မည်။ မဆုံးမလို့မရတော့ လူကိုရွဲ့နေတာ။ ဘာတဲ့ ကလပ်ကိုသွားတယ်တဲ့လေ။ ကလပ်နဲ့သူနဲ့ဘာဆိုင်လဲ။ သူ့ကိုရွဲ့တာအဲ့ဒါ။
ဂျိမ်း~
ဘုန်း~~
အင့်~~~
ခွပ်~~
တံခါးကိုခပ်ကြမ်းကြမ်းပိတ်ကာ မွေ့ယာပေါ်လူကိုပစ်ချလိုက်၏။ မွေ့ယာပေါ်ပစ်ချခံရတဲ့လူဆီက အင့်ကနဲအသံထွက်သွားသည်။ ပြီးတာနဲ့ပြန်ကုန်းထကာ သူ့မျက်နှာတည့်တည့်ကိုလက်သီးတစ်လုံးဝင်လာ၏။
"လွှမ်းဂနီ!!"
စေတမာန် နာသွားလို့တော့မဟုတ်။ သူ့လိုလူက လွှမ်းဂနီရဲ့လက်သီးလောက်ကိုဖြုံမယ်မထင်နဲ့။ အခုကသူ့ကိုလက်ပါလာလို့အော်လိုက်တာဖြစ်၏။
"ခင်များကျုပ်ကိုထိုးလိုက်တာဟုတ်လား"
"မင်းကိုလွှတ်လို့ပြောနေတယ်မလား၊ ကောင်ကောင်းပြောလို့မှမရပဲ"
"အော် အဲ့တော့ ကျုပ်လက်ထဲက ခင်များလွတ်သွားပြီလား"
အဲ့တော့မှသတိရလို့ကြည့်မိတော့ သူကဘယ်အခန်းထဲရောက်လို့ရောက်မှန်းမသိ။ ကလပ်ကိုတစ်ခါမှမရောက်ဖူးပေမယ့် သူ့ကိုရွဲ့ချင်တဲ့စိတ်လေးလဲရှိနေတော့ သူ့ရဲ့ဘော်ဒါတွေခေါ်တော့လိုက်သွားတာဖြစ်၏။ ကလပ်ဆိုတာဘာလဲမသိရခင် စေတမာန်နဲ့တိုးလာတာမလား။ လူကြားသူကြားထဲသူ့ထက်အကြီးကို စောင့်ဆွဲပြီးခေါ်ခံရလာတာ။ လူကိုဘာမှတ်နေလဲမသိ။ ကြီးလို့ရိုရိုသေသေရှိမယ်မထင်နဲ့ ခေါ်ရင်တောင် ခင်များလို့ခေါ်လို့တာပြောတာဖြစ်၏။ အခုလဲ ကားပေါ်မှာထဲကရန်သတ်လာတာ ဘယ်ကွန်ဒိုအောက်ရောက်လိုက်မှန်းမသိ။ ကားရပ်ထဲကဖွင့်ပြီးထွက်ပြေးမယ်လုပ်တော့ သူ့ကိုပုခုံးပေါ်ပစ်တင်ပြီးချီခံလိုက်ရတာ။ လူကိုလဲ ကြက်ကလေး ငှက်ကလေးအစာကောက်လိုက်သလိုပဲ သူမလိုရင်မလိုသလိုစွေ့ကနဲ စွေ့ကနဲ ဆွဲခေါ်လိုက် ပုခုံးပေါ်ပစ်တင်လိုက်နဲ့။ ကိုယ်ကအရမ်းသေးနေလို့မဟုတ်။ ပေါင်ချိန် ၁၃၀ ရှိပြီး အရပ်ကလဲ ၅ပေ ၉လက်မရှိတဲ့လူတစ်ယောက်။ ဒီလိုလူကိုသေးတယ်လို့မခေါ်။ အဲ့လိုလူကို စွေ့ကနဲကောက်ချီတဲ့ စေတမာန်ကသာ ထွားကြိုင်းနေတာ။ အဲ့ကောင်က မိုက်ရိုင်းလို့ထွားကြိုင်းနေတာ။ သူ့ဗလဆို နည်းတာမဟုတ်။ လက်မောင်းတစ်လုံး,တစ်လုံးဆို ကဲပြောမယ်ဆိုရင်သူ့ပေါင်လောက်ရှိ၏။ အဲ့လက်မောင်းနဲ့သူ့ကိုဆို မလိုရင်မလိုသလို သူခေါ်တိုင်းမလိုက်ရင် ကောက်မသွားတာ။ သူနဲ့ကိုယ်နဲ့သိတာလပိုင်းပဲရှိသေးတယ်။ သူကိုယ်တိုင်ကရော ယောက်ျားတစ်ယောက်နဲ့လက်ထပ်ချင်ပါ့မလား။ သူ့ကိုဒီလူနဲ့ငယ်ငယ်ထဲကစေ့စပ်ပေးထားတယ်ဆိုတဲ့စကားကြားတုန်းက သူကိုယ်တိုင်လဲအံ့ဩသွားတာပဲ။ လူကြီးချင်းပြောဆိုကြတော့လဲ လူကြီးတွေကသဘောကျတယ်ဆိုတော့ သူကဘယ်လိုငြင်းရမှာလဲ။ အဲ့တုန်းကလဲ သူ့လက်မောင်းကိုဆွဲလိုက်တာနဲ့ ကိုယ်ကကြက်ကလေးငှက်ကလေးလို့ ဖက်ကနဲ သူ့ဆီပြေးကပ်သွားတာ။
YOU ARE READING
Noisy Love My Hlwan (Complete) Uni & Zawgyi
FantasySay Tamhan & Hlwan Gani 10th Creation Start Date : July 8, 2022 End Date : August 15, 2022 Photo Crd: Original Pinterest artist