Part 17

23.1K 1.1K 19
                                    

Unicode
(၂ ပိုင်းမခွဲပဲ အပ်ပေးလိုက်တယ်နော် ပထမတော့ခွဲလိုက်အုန်းမလို့ပါပဲ)

လူကြီးတွေမှာ ၆ နာရီစွန်းစွန်းမှပြန်ဝင်လာတဲ့နှစ်ယောက်ကြောင့် သက်ပြင်းတွေချကုန်တော့သည်။ လိုက်ခေါ်မယ်ဆိုပြီးထွက်သွားသူဆီကလဲ အဆက်အသွယ်မရ။ ဖုန်းဆက်တော့လဲမကိုင်။ ကြာသင့်ထက်အချိန်ထက်ပိုကြာနေကာ ဘာဖြစ်လို့ဖြစ်မှန်းမသိ။ တွေ့မှတွေ့ရဲ့လား အဆင်မှပြေရဲ့လား စိုးရိမ်ပူပန်နေပေမယ့် ပြန်လာနေပြီဟုဖုန်းပြန်ကာဆက်လာမှ အနည်းငယ်နေသာတော့သည်။ အခုတော့ နှစ်ယောက်ကပြန်ဝင်လာနေပြီ။ စေတမာန့်ဘော်ဒါတွေလဲရောက်နေပြီဖြစ်ပြီး ကောင်းထက်ကလဲလိုတာတွေကူလို့ရအောင်ရောက်နေပြီဖြစ်သည်။

"စေတမာန်ရယ် လူကြီးတွေကိုရင်မောသေအောင်လုပ်နေတာလား"

"ဘာလုပ်လို့လဲ အခုရောက်နေပြီကို"

"လိုက်ခေါ်လို့လေ ဒါတောင်ဘာဂျစ်တိုက်နေလဲမှမသိတာ ‌အခုမှပြန်ရောက်တာကိုကြည့်"

"အဟွန်း!"

နှုတ်ခမ်းထောင့်စွန်းကော့တက်ကာရယ်လိုက်ပြီး ဘေးကိုငဲ့ကြည့်လိုက်တော့ လှလှပပမျက်စောင်းတစ်ခုရောက်လာ၏။ လွှမ်းဂနီလဲ ဘာမှမပြောချင်တော့။ သူ့နှုတ်ခမ်းတွေအနည်းငယ်ရောင်လာတာကိုသာကြည့်။ စားစရာစုပ်စရာများမှတ်နေသလားမသိ ငြင်ငြင်သာသာကိုမရှိ။ နမ်းတာ‌ရပ်သွားအောင်လဲ ရိုက်လိုက်ရတာ တဘုန်းဘုန်း။ နမ်းတာရပ်လိုက်တာနဲ့လူကပျော့ခွေကျသွားတော့တာ။ သူအလိုက်တသင့်ဖမ်းပွေ့လိုက်လို့ပေါ့။ မဟုတ်လို့ကတော့ ကြမ်းပြင်မှာပုံရက်သားဖြစ်နေပြီ။ ပြောသေးတယ် ဘာတဲ့ နမ်းယုံလေးရှိသေးတယ် ဒီလိုခွေကျနေရင် မင်္ဂလာဦးညဘယ်လိုလုပ်မလဲတဲ့။ သူနဲ့အိပ်မယ်လို့ဘယ်သူပြောလို့လဲ။ ကွန်ဒိုမှာအခန်းနှစ်ခန်းရှိတာ တစ်ယောက်တစ်ခန်းဆီနေမှာပေါ့။ အခုတော့ dinner အတွက်ပြင်ဆင်ရအုန်းမည်။ ဘာမှတော့များများစားစားပြင်စရာလဲမရှိ။ ရေထပ်ချိုးအဝတ်အစားလဲတော့ အပ်ခဲ့တဲ့ designer ကလဲရောက်နေပြီး လိုလိုပိုပိုထပ်ကြည့်ပေးသည်။ နှစ်ယောက်စလုံးကအဆင်တန်ဆာပိုမဝတ်။ လက်ထပ်လက်စွပ်၊ နာရီ နဲ့ သူကတော့ရှပ်အင်္ကျီအနက်ပေါ်မှာ necktie အနက်ကိုပဲထပ်ဝတ်ထားတယ်လေ။ လွှမ်းဂနီကတော့ နို့နှစ်ရောင်ရှပ်အဖြူအပျော့သားအပေါ်မှာ necktie အစားဖဲပြားပုံလေးဖြစ်သည်။

Noisy Love My Hlwan (Complete) Uni & Zawgyi Tempat cerita menjadi hidup. Temukan sekarang