Part 12

20.3K 1.1K 13
                                    

Unicode
(ကလစ်တာလေးတွေ SS လာပြတာပြည့်သွားလို့တင်ပေးလိုက်ပါတယ်နော်၊ အခုမှပြည့်လို့အခုမှတင်ပေးတာပါ၊ ကိုယ့်ကိုလာပြတွေကိုကြည့်ပြီးတာနဲ့ကလေးတို့ လုံခြုံရေးအတွက် ဖျက်ပေးပါတယ်နော်)

အွန်လိုင်းမှာတက်နေသည့်သတင်းကို ဘယ်သူ့မှအရေးတယူလိုက်ဖြေရှင်းတဲ့သူမရှိသလို အလိုလိုသတင်းကမှေးမှိန်သွား၏။ ဒီနေ့လဲ နှစ်ဖက်မိဘ တွေ့ဆုံမည်ဖြစ်တာကြောင့် ခြေချုပ်မိနေတဲ့ စေတမာန်။ မားမားကိုပြောလိုက်သေးသည် တွေ့ပဲတွေ့နိုင်လွန်းတဲ့ကိစ္စကိုပေါ့။ ဒီတစ်ခါတော့ ဖေဖေပါ,ပါမှာဖြစ်ပြီး စေ့စပ်ပွဲအတွက် စီစဉ်ထားတဲ့ အသေးစိတ်ကိုတိုင်ပင်မလို့ဟုဆိုသည်။

“ဟဲ့ဟဲ့ စေတမာန်ရေ ဘယ်လိုဝတ်လာတာလဲ”

“ဘာဖြစ်လို့လဲ ဝတ်နေကြအတိုင်းပဲလေ”

အောက်ဆင်းလာတဲ့ စေတမာန်ကိုမားမားဖြစ်သူ ဒေါ်ဝသုန်က ပြောနေချင်းဖြစ်သည်။ စေတမာန်က သူ့ထုံးစံအတိုင်း ဘောင်းဘီအပွ ခြေချင်းဝတ်မှာ သားရေကြိုးနဲ့စည်းထားတဲ့ sweat pants အနက်ကိုဝတ်ထားပြီး အပေါ်ကတီရှပ်အပွကြီးကိုဝတ်ထားတာဖြစ်၏။ ဒေါ်ဝသုန်လဲ စေတမာန်ကိုဘယ်လိုပြောရမလဲမသိတော့။ နှစ်ဖက်မိသားစုအပြင်ထွက်ပြီး လက်စုံစားပါမယ်ဆို ဝတ်လာတဲ့ပုံက။ သူမက ပါတိတ်ဝမ်းဆက်ဝတ်ထားတာဖြစ်ပြီး သူမအမျိုးသား သားပါးပါးဦးမိုးမင်းကလဲ ပုဆိုးပဲဝတ်ထားတာဖြစ်သည်။

“ထားလိုက်ပါ ဝသုန်ရယ်၊ သားက ဒီလိုပဲဝတ်နေကြကို သွားမယ်”

သူတို့သုံးယောက်ထွက်ခဲ့တော့ သားကပဲမောင်းပြီး သူမတို့ကတော့နောက်မှာထိုင်လိုက်၏။ ဘိုကင်ယူထားတဲ့စားသောက်ဆိုင်ရဲ့ ကားပါကင်မှာ ကားနှစ်စီးကတစ်ပြိုင်ထဲ ရောက်လာသည်။ ကားထဲကအရင်ထွက်လာတဲ့ လွှမ်းဂနီက ပုဆိုးနှင့်။ ပုဆိုးနဲ့လူကောင်နဲ့ကို တစ်ဖက်ကားထဲက စေတမာန်ကြည့်ပြီးရယ်လိုက်၏။ အရင်ရုံးမှာဝတ်တဲ့ပုံမဟုတ်ပဲ ပုဆိုးနဲ့ရှပ်လက်ရှည်နဲ့ စာအုပ်ကြီးရဲ့ပုံစံက တစ်မျိုးကြည့်ရတာ ဘယ်လိုပြောရမလဲ ကလေးပေါက်စလိုလို။ သူ့မေမေကိုကားတံခါးသွားဖွင့်ပေးသေးတာ။ တစ်ဖက်သူတို့ဆင်းလာမှ လှည့်ကြည့်လာပြီး ကိုယ့်ကိုမြင်မှ အကြည့်လွှဲလိုက်တဲ့ စာအုပ်ကြီးက တကယ်ကို ၅ နှစ်သား။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now