Part 11

19.8K 1.1K 11
                                    

Unicode

ကားကို system ထည့်ပြီးချိန်လောက်မှာ လွှမ်းဂနီကရောက်လာတာဖြစ်၏။ လွှမ်းဂနီရောက်တော့ ဇေယျာကပဲထွက်ခေါ်လိုက်သည်။ ဝယ်သူရဲ့ကားထဲမှာ စေတမာန်ကသူ့အလုပ်ကိုလက်စသတ်နေတုန်း စည်သူက အင်ဂျင်ပိုင်းတစ်ချက်ပြန်စစ်ပေးနေ၏။ ဝယ်ထားတာသိပ်မကြာသေးပေမယ့် တစ်ခုခုလိုအပ်နေရင် တစ်ခါထဲ service ရုံကိုပို့ပြီး ချိန်ပေးလိုက်ဖို့ဖြစ်သည်။

လွှမ်းဂနီကတော့စေတမာန်ပို့လိုက်တဲ့ရှိုးရွန်းလိပ်စာအတိုင်းလိုက်လာကာ ကားပါကင်ထိုးပြီးထွက်လိုက်တော့ ကလပ်မှာသူနဲ့စကားပြောတဲ့ကောင်လေး။

"တမာန်က အလုပ်နည်းနည်းရှုပ်နေလို့အစ်ကို"

"အင်း"

ထိုကောင်လေးနဲ့အတူလိုက်ဝင်လိုက်ပြီးသူပြတဲ့နေရာမှာထိုင်နေလိုက်၏။ ရှိုးရွန်းမှာတင်ထားတဲ့ကားတွေကတော့မော်ဒယ်မြင့် သိန်းထောင်ကျော်၊ သောင်းကျော်တန်တွေပဲဖြစ်သည်။ စေတမာန်ကိုတော့မတွေ့သေး။ customer တွေလို့ထင်ရတဲ့သူတွေကတစ်ဖက်ကဆိုဖာဆက်မှာရှိနေပြီး အအေး၊ ရေ၊ ကော်ဖီနဲ့မုန့်တွေချပေးထား၏။ သူကအတွင်းဘက်ဆိုဖာမှာပင်။ ဒီနေရာက စေတမာန်နဲ့ဘယ်လိုပတ်သက်မှုရှိသွားတာလဲ လွှမ်းဂနီမသိ။ ဇေယျာသွားတဲ့နောက်လိုက်ကြည့်မှ ဘားမှာမြင်ဖူးတဲ့စေတမာန့်သူငယ်ချင်းတစ်ယောက်က ကားအဖုံးဖွင့်ကာ အင်ဂျင်စစ်နေတာဖြစ်လောက်၏။ လူဝံကောင်ကသူ့ကိုဒီနေရာကိုချိန်းပြီး အခုကဘယ်မှာလဲ။ ကားအဖုံးပြန်ပိတ်သွားချိန် ပေါ်ထွက်လာတဲ့မျက်နှာကိုမြင်ကာ လွှမ်းဂနီဆက်ကနဲတောင်တုန်သွား၏။ ကားထဲမှာ laptop တစ်လုံးနဲ့စေတမာန်က။ ဇေယျာကကားတံခါးခေါက်ကာ

"တမာန် မင်းစာအုပ်ကြီးရောက်နေပြီ"

စေတမာန်တစ်ချက်မော့ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းကွေးသွားအောင်ပြုံးလိုက်ပြီး လက်စသတ်ရမယ့်အလုပ်တွေလက်စသတ်လိုက်သည်။ လွှမ်းဂနီကတော့ သူ့ကိုဖျက်ကနဲကြည့်လာကာ နှုတ်ခမ်းတစ်ဖက်ပဲပြုံးကာကြည့်လာတာကြောင့် ယောင်ကာခေါင်းငုံ့မိလိုက်၏။ နေပါအုန်းသူကဘာလို့ဒီလူဝံကောင်ကြည့်လာတာကိုခေါင်းငုံ့လိုက်ရတာလဲ။

Noisy Love My Hlwan (Complete) Uni & Zawgyi Tempat cerita menjadi hidup. Temukan sekarang