Part 4

20.5K 1.2K 13
                                    

Unicode

"လွှမ်းဂနီ မင်းနဲ့ဟိုကောင်လေး ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ"

သူငယ်ချင်းဖြစ်သူ မြင့်မိုရ်က ရုံးဆင်းခါနီးဖုန်းဆက်လာပြီး တွေ့ရအောင်ပြောတာကြောင့် မတွေ့တာလဲကြာပြီဖြစ်တာကြောင့် ဆိုင်မှာညစာအတူစားရင်း တွေ့ကြတာဖြစ်၏။ သူကကိုယ့်ကိုတွေ့တာနဲ့ လူဝံကောင်နဲ့ကိုယ့်အကြောင်းကိုမေးတော့သည်။

"မနက်ဖြန်တောင်တွေ့မလို့လေ၊ ငါတို့မနက်မှ ကိစ္စတွေအပြတ်ဖျက်မှာ"

"အင်း မင်းမကြိုက်ဘူးဆို မကြိုက်ဘူးငြင်းနော် အားမနာနဲ့"

"မင်းက ဆရာကြီးလား"

"ဆရာကြီးမဟုတ်ပါဘူး မင်းမကြိုက်ပဲ သည်းခံနေရမှာလေ"

"အင်း"

လွှမ်းဂနီဆိုတာသူနဲ့အလယ်တန်းထဲကအတူတက်ခဲ့တဲ့ သူငယ်ချင်းပင်။ အလယ်တန်းထဲက လွှမ်းဂနီနားကပ်လာကြတဲ့ ယောက်ျားမိန်းမမှန်သမျှကို သူပဲရှင်းထုတ်ပေးနေရတာဖြစ်၏။ နှစ်မျိုးနှစ်စားလုံးကပ်တာလဲ မထူးဆန်း လွှမ်းဂနီက မိန်းကလေးလို လှတာမဟုတ်ပေမယ့် သူ့နှုတ်ခမ်းတွေကပေါ်ပေါ်လွင်လွင်ရှိပြီး လှသည်။ အခုလဲ သူ့မှာစေ့စပ်ထားတဲ့သူရှိတယ်တဲ့ဆိုကာ ပြောပြလာတော့ ဘယ်သူလဲမေးပြီး အတွင်းကျကျစုံစမ်းပေးရသေးတာ။ သူမစုံးစမ်းခိုင်းလဲ ကိုယ်ကစုံစမ်းမိမှာပင်။ ရလာတဲ့သတင်းက သူငယ်ချင်းလေးပတ်သက်ရမည့်သူက fuck boy god တဲ့လေ။ သူငယ်ချင်းလေးကိုပြောမပြရသေးခင် သူကြားလိုက်ရကထဲကသူငယ်ချင်းလေးအတွက်ရင်ပူသွားတာအမှန်ပင်။

"မင်းတစ်ခါလောက်မင်းမေမေကို တောင်းဆိုကြည့်ပါလား"

"ဘယ်ဖြစ်မလဲ တစ်သက်လုံးမေမေ့စကားနားထောင်လာတာ၊ ပြီးတော့ငါတို့က အမေတစ်ခုသားတစ်ခုလေကွာ"

"အဲ့တာလဲဟုတ်ပါတယ်"

လွှမ်းဂနီ သူလက်မထပ်ချင်တာကိုမေမေ့ကိုထပ်ပြောမှာမဟုတ်။ ရှိတာမှသားအမိနှစ်ယောက်ထဲကို ကိုယ့်ကြောင့်သူစိတ်ဆင်းရဲ၊ သူ့ကြောင့်ကိုယ်စိတ်ဆင်းရဲ မဖြစ်ချင်။ ပြီးတော့သူက လူငယ်မလား မေမေ့စကားနားထောင်ရမှာပေါ့။ မေမေ့ကိုမပြောပေမယ့် စေတမာန်ကိုတော့ပြောမှဖြစ်မည်။ စဉ်းစားကြည့်ရင်စေတမာန်နဲ့သူနဲ့လုံးဝဖြစ်မှာမဟုတ်။ ပြီးတော့ဒီကောင်လေးက မိန်းမတကာနဲ့ပတ်‌သက်နေတာ သူဒီလူဝံကောင်နဲ့ရှေ့မဆက်ချင်ဘူး။ ပြောရင်းဆိုရင်း ဟိုနေ့ကခြေထိုးခံတာကိုသွားသတိရတော့စိတ်တိုရတော့သည်။ သူ့ထက်ကြီးသူကိုလူကြားထဲမှာ ဒီလိုလုပ်စရာလား။ တကယ်ကို အရိုင်းအစိုင်း။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now