Part 16

20.5K 1.1K 9
                                    

Unicode

ဝတ်စုံတွေ fitting ချပြီးအိမ်တန်းပြန်လို့မရသေး။ သူတို့နှစ်ယောက်ဆိုပြီး သီးသန့်ဝယ်ပေးထားတဲ့ ကွန်ဒိုကိုသွားကြည့်ရသေးသည်။ gym ရော ရေကူးကန်ရော ရှိပြီး ကွန်ဒိုကတော်တော်ကောင်းတဲ့အထဲမှာပါ၏။ ဟိုဘက်အိမ်မှာရောဒီဘက်အိမ်မှာပါ နေလို့ရပေမယ့် မိဘတွေကိုယ်တိုင်ကရော လွတ်လွတ်လပ်လပ်နေလို့ရအောင်ဟုဆိုကာ စီစဉ်ပေးထားတာဖြစ်သည်။ ပထမတော့ ခြံဝင်းဝယ်ပေးဖို့ပါပဲ။ လွှမ်းဂနီငြင်းလိုက်တော့မှ ကွန်ဒိုပဲဝယ်ပေးလိုက်ရတာ။ အင်းလေငြင်းမှာပေါ့ နှစ်ဖက်မိဘတွေရဲ့အိမ်တွေခြံတွေကဘာလုပ်ဖို့လဲ နေမယ့်သူလဲရှိတာမဟုတ်။ Wedding dinner ကမနက်ဖြန်ညပင်။ အခုတော့လွှမ်းဂနီ အလုပ်သွားဖို့အဝတ်အစားလဲနေတာဖြစ်၏။ ဖုန်းလာလို့ကြည့်တော့ လူဝံကောင်။ ဖုန်းကကိုင်ပြီး ကိုယ့်ဘက်က ဟလိုလို့ထူးစရာမလို သူ့ဘက်ကဖုန်းကိုင်တာနဲ့ပြောပြီ။

(ညအိမ်မှာလာအိပ်ဖို့လုပ်)

"ပွဲကမနက်ဖြန်ညမှလေ ငါအလုပ်ရှိသေးတယ်"

(မနက်ည dinner မလို့ဒီညလာအိပ်ခိုင်းတာလေ၊ ဘာလဲအလုပ်သွားဖို့စဉ်းစားနေတာလား)

"မသွားလို့ဘာလုပ်ရမှာလဲ"

(ရတယ် အလုပ်အဲ့လောက်ချစ်နေရင်သွား၊ dinner လဲလုပ်မနေတော့လဲ ကျုပ်လဲအပြင်သွားမယ် dinner ပြန်ရောက်မယ်မထင်နဲ့)

ပြောချင်တာပြောပြီးဖုန်းချသွား၏။ လက်ထဲဖုန်းကိုကြည့်ကာ လွှမ်းဂနီသက်ပြင်းချလိုက်ရသည်။  Dinner အတွက်ဘာမှပြင်ဆင်ဖို့မှမလိုတာ။ လူကြီးတွေအကုန်စီစဉ်‌ပြီးသား၊ သူတို့ကပြောမယ်ဆို ‌ညနေပိုင်းမှဆုံပြီးပြင်ဆင်ယုံတင်။ ဒါကိုအလုပ်အပျက်ခံပြီး သူ့ဆီပဲညသွားအိပ်ရအုန်းမယ်။ ဆုတောင်း!

အခုတော့ရုံးကိုသွားရင် ခပ်တည်တည်ပဲသွားတော့သည်။ စီးနေတဲ့ စေတမာန်ဝယ်ပေးတဲ့ကားက တော်တော်အဆင်မြင့်သည်။ သူတောင်ခလုတ်တွေအကုန်မသိ။ ဆီမှအစ အင်ဂျင်ဝိုင်မှအဆုံးဖြည့်ရမယ်အချိန်မတိုင်ခင်ကြိုသတိပေူတာတွေလဲပါ၏။ လုပ်ငန်းရှင်တွေဆီလဲ Wedding dinner ဖိတ်စာတွေကရောက်နေပြီဆိုတော့ အားလုံးလဲသိကုန်ပြီဖြစ်သည်။ ဖိတ်စာရတော့မှ ဖုန်းဆက်ကာမေးသူမေးနှင့် အာလုံးကအံ့ဩနေကြတာ။ သူတို့အံ့ဩကြတာလဲမထူးဆန်း။ သူဆိုသည်မှာ ရည်းစားဆိုလို့ထားခဲ့ဘူးတာလဲမရှိ ဘာသံမှလဲမထွက်ပဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုတော့ ထူးဆန်းအံ့ဩကြတာပေါ့။ ပိုထူးဆန်းကြတာ‌က သူရဲ့လက်တွဲပေါ်က တမာန်ဂရုကစေတမာန်ဆို‌တာကြောင့်ပင်။

Noisy Love My Hlwan (Complete) Uni & Zawgyi Tahanan ng mga kuwento. Tumuklas ngayon