Part 18

23.1K 1.1K 19
                                    

Unicode

အိပ်ယာထဲကလူသားနှစ်ယောက်ကတော့ မထသေး။ နက်ပြာရောင်စောင်အောက်မှာခန္ဓာကိုယ်အကြီးက ခန္ဓာကိုယ်အသေးလေးကိုဖက်အိပ်နေတာ။ အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေကြတာ။ တစ်ခုပါပဲ ခန္ဓာကိုယ်အသေးလေးရဲ့ တစ်ကိုယ်လုံးက ညိုပုတ်ပုတ်အမှတ်အသားတွေနဲ့ပြည့်နှက်နေတာပါပဲ။ အရင်ဆုံးမျက်လုံးဖွင့်လာတာတော့ စေတမာန်ပါပဲ။ ညကလွှမ်းအရုပ်ကြိုးပြတ်ဖြစ်ပြီးပျော့ခွေသွားတာ။ သူပြီးတာနဲ့သန့်ရှင်းရေးလုပ်ပေးတာတောင် လွှမ်းမသိတော့။ ဆေးပါထည့်ပေးထားရတာ။ ဆေးထည့်ရင်းကိုယ့်အရာဝင်ရောက်ထားတာကိုကြည့်တော့ သူ့အရာကထပ်မာလာသေးတာ။ ခပ်ဟဟဖြစ်နေတဲ့သန့်ရှင်းပြီးသားအဝကိုထပ်ပစ်သွင်းချင်နေတာ အခါခါ။ စိတ်ကိုမနည်းထိန်းကာ မြန်မြန်လိမ်းပေးရ၏။ သန့်ရှင်းရေးလုပ်ပေးပြီး တစ်ကိုယ်လုံးတစ်ဝကြီးကြည့်ပစ်လိုက်တာ။ ကိုယ်နဲ့သူမျိုးတူဆိုတာကိုပြသနေတဲ့အရာကလေးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်မပြုံးဖူးတဲ့ စေတမာန်ဆိုတဲ့သူက သွားတွေပေါ်အောင်တောင်ပြုံးမိသွားတာ။ သူ့တစ်ကိုယ်လုံးက ကိုယ့်လက်ရာတွေကြည့်ပြီး သဘောတကျရှိ၏။ လက်မထပ်ရသေးခင် ကိုယ့်ရဲ့အသွေးအသားတွေ သူ့ဆီကိုကျဲချချင်တဲ့စိတ်ရှိခဲ့တာက ညကမှတကယ်ကိုကျဲချခဲ့ရတာ။ တစ်ကိုယ်လုံးကို တဝကြီးကြည့်ပစ်ပြီးမှ သူ့ရဲ့ညဝတ် ဝတ်စုံကိုဝတ်ပေးလိုက်ရ၏။ ကိုယ့်ကြောင့်ပျော့ခွေကာဘာမှမသိတော့တဲ့သူ တကယ်ကိုသူ့ကိုကိုယ်သန့်ရှင်းရေးလုပ်ပေးတာရော၊ ဇိပ်ပြေနပြေ ထိုင်ကြည့်နေတာကိုဘာမှမသိတော့။ သူ့ကိုကြည့်ပြီးသူ့အရာကိုထပ်ဖြေလျော့ရသေးတာ။

ကိုယ့်လက်ကိုခေါင်းအုန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သူကိုငဲ့စောင်းကြည့်လိုက်သည်။ ငိုထားတာကြောင့် မျက်လုံးလေးကဖောင်းနေသည်။ နမ်းထားတဲ့အရှိန်ကြောင့် နှုတ်ခမ်းတွေကကြွယွနေ၏။ လည်တိုင်တစ်လျှောက်မှာသူပေးထားတဲ့အမှတ်အသားတွေက ညိုပုတ်ပုတ်ရောင်တွေဖြစ်ကုန်ပြီ။ ဒီလူက သူ့အပိုင်ဆိုတဲ့အသိက သူ့စိတ်ကိုတောက်လျှောက်ပျော်မြူးစေသည်။ ဒီနှုတ်ခမ်း‌တွေ၊ ဒီပါးတွေ ဒီတစ်ကိုယ်လုံးကသူ့အပိုင်။ တွေးမိတာနဲ့အတူ ကျစ်ကျစ်ပါအောင်ဆွဲဖက်မိလိုက်၏။

Noisy Love My Hlwan (Complete) Uni & Zawgyi जहाँ कहानियाँ रहती हैं। अभी खोजें