Part 23

20.2K 1K 11
                                    

Unicode

"ရုံးပြန်တက်ပြီလား အဆင်ပြေရဲ့လား၊ မကောင်းသေးရင် နားနေနော်"

"ရတယ် အစ်ကို ကျွန်တော်အဆင်ပြေလို့ပြန်တက်တာပါ"

"ဟုတ်ပြီ ဟုတ်ပြီ"

ဇေရဲမှာခြေထောက်ကောင်းသွား၍ ရုံးပြန်တက်နေပြီဖြစ်သည်။ အခုနောက်ပိုင်း ပရောဂျက်တွေကို ဇေရဲနဲ့အစ်မပန်းချီကိုပေးကိုင်ဖို့လုပ်ထားလိုက်သည်။ သူတော့ဝင်မပါ။ သူ့အသားကောက်းထက်ကိုဝင်ပါခိုင်းထား၏။ မဖြစ်မနေလိုအပ်တဲ့ကိစ္စတွေဆွေးနွေးဖို့လိုအပ်မှသာ သူဝင်ပါဖို့လုပ်ထားသည်။

"ငါလာတယ်"

"မင်းလဲပျောက်နေတာပဲ"

"ငါကမပျောက်ဘူး၊ မင်းသာ အိမ်ထောင်ပြုပြီး လုံးလည်လိုက်နေတာ၊ တစ်ခါတစ်လေ ဒီဘက်ရောက်လို့ ဝင်လာရင် ရုံးမရောက်သေးတာနဲ့"

"မဟုတ်ပါဘူး ရုံးကိုနေ့တိုင်လာပါတယ် ရောက်တာနောက်ကျတာပဲရှိတာပါ"

"ပြန်တာစောတာလဲ ထည့်ပြောအုန်း၊ ညနေဘက်ဝင်ရင် ကောင်းထက်နဲ့ပဲတိုးတယ် ပြန်သွားပြီအစ်ကိုရေ၊ လာခေါ်သွားပြီအစ်ကိုရေ အဲ့ဒါပဲကြားနေရတယ်"

"အခုရောက်တုန်းရောက်ခိုက် ကြာကြာလေးနေအုန်း"

ဟိုရက်က ဆိုင်မှာအတူညစာထိုင်စားတုန်းက မ့င့်မိုရ်သိသလောက် ပန်းချီကစေတမာန်ကိုစိတ်ဝက်စားနေတာရယ် ဇေရဲက ဂနီလေးကိုစိတ်ဝင်စားနေတာရယ်ပေါ့။ မြင့်မိုရ်က သူငယ်ချင်းလေးကိုလိုချင်ပေမယ့် သက်ဆိုင်သူရှိသွားတာကြောင့် ခံစားချက်တွေကို တစ်ယောက်ထဲသိမ်းထားပေမယ့် သူ့ရှေ့ကနှစ်ယောက်ကတော့မတူ။ ကံတရားကိုစိန်ခေါ်ချင်နေကြသည်။ သူငယ်ချင်းလေူရဲ့အိမ်ထောင်ရေးကို သူတို့နှစ်ယောက်ဝင်နှောက်ရင်ဘာဖြစ်မှာလဲ။ အကယ်၍ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရင် သူငယ်ချင်းလေးကိုသူရနိုင်မလားဆိုတဲ့စိတ်ဝင်သွားတာပါပဲ။ သူကတော့ဖျာဝင်ခင်းဖို့ကိုပဲ အာရုံစိုက်လိုက်ဖို့တွေးထားလိုက်၏။

"မင်းကောင်ရော အခြေအနေ"

"ဘာကိုလဲ"

"ဟိုတစ်လောက ပြိုင်သေးတယ်ဆို မင်းပါသွားတယ်မလား"

Noisy Love My Hlwan (Complete) Uni & Zawgyi Wo Geschichten leben. Entdecke jetzt