Part 3

21.8K 1.2K 9
                                    

Unicode

"အစ်ကို ဒီနေ့ client တစ်ယောက်နဲ့ ချိန်းထားတယ်၊ ပုံမှန်ထိုင်နေကြ restaurant မှာပဲ"

"အင်း ကိုယ့်ကို သွားရတော့မယ်ဆိုသတိပေး"

"ဟုတ်ကဲ့ အစ်ကို"

PA ကောင်လေး ကောင်းထက်မှသူ့ကိုသတိပေးလာတာဖြစ်သည်။ သူအခုဖြစ်ချင်နေတာက စေတမာန်နဲ့တွေပြီး သူတို့နှစ်ယောက်ကိစ္စကိုအပြတ်ဖြတ်ချင်နေ၏။ ဒါပေမယ့် စေတမာန်က ဘယ်လိုမှဖမ်းမမိ။ သူ့အိမ်သွားတုန်းကလဲ အပြင်ထွက်သွားတယ် ကိုယ့်ကိုဆက်သွယ်မယ်ဆိုပြီး သူ့မေမေကိုပြောသံကြားပေမယ့် တစ်ပတ်ရှိပြီမဆက်သွယ်သေး။ အဲ့နေ့ကလဲ သူတို့ခြံထဲလိုက်ကြည့်ဖြစ်သေးတယ်မလား။ နောက်မှာ gym ရောရေကူးကန်ရောရှိသည်။ တစ်ဖက်မှာ ကားဂိုထောင်ရှိ၏။ ကားဂိုထောင်ထဲဝင်လိုက်ချိန်မှာတော့ သူအရမ်းအံ့ဩသွားသည်။ ဂိုထောင်ကနှစ်ထပ်ဖြစ်ပြီး အောက်ကကားတွေက စေတမာန်ဖေဖေ ဦးမိုးမင်း ရုံးတက်တဲ့ကားဖြစ်လောက်ပြီး အပေါ်မှာတော့ ပြိုင်ကားတွေရော မော်ဒယ်မြင့်ကားတွေအပြင် ဆိုင်ကယ်တွေပါရှိ၏။ မိဘရှာတဲ့ပိုက်ဆံတွေကိုဖြုန်းနေတာဟု သူကောက်ချက်ချမိသေးတာ။ သူသာဆို ဒီလိုဝယ်ပေးမှာမဟုတ်။ အရွယ်ရောက်နေပြီဖြစ်တာကြောင့် အလုပ်ဝင်လုပ်ခိုင်းမယ်၊ လစာကိုသိမ်းပြီး ခွဲခြမ်းစိတ်ဖြာပေးအုန်းမှာ။ အဲ့လိုကြီးစဉ်းစားမိလိုက်ပြီးတော့မှ သူမျက်ခုံးတွေတွန့်သွား၏။ သူကဘာကြောင့်များ ဒီလူဆိုးကောင်ကိစ္စကိုဒီလိုလိုက်တွေးမိလိုက်တာလဲ။ အခုလဲ ကိုယ့်ပိုက်ဆံဖြုန်းနေတာမဟုတ် သူ့မိဘပိုက်ဆံဖြုန်းနေတာ အနေသာကြီး။

ကောင်းထက်ဆီကချိန်းဆိုသည့်နေရာနှင့်အချိန်ထပ်သတိ‌ပေးလာတာနဲ့ သူကားသော့ယူကာထွက်ခဲ့လိုက်၏။ Restaurant ဆိုပေမယ့် မြန်မာစာမဟုတ်။ မြန်မာစာမဟုတ်တာကြောင့်သူကတော့ နို့တစ်ခွက်ပဲမှာလိုက်၏။ ဒီဆိုင်မှာထိုင်တိုင်းမလိုင်များများနဲ့နို့ကသူသောက်နေကျ။ အရှေ့က client ကတော့ သူစားချင်တာမှာစားသည်။ စကားပြောရင်း စားရင်သောက်ရင်းဆွေးနွေးနေတုန်း မျက်လုံးထဲဝင်လာတာက ဟိုလူဝံကောင်။ သူ့ကိုကျ အားတဲ့တစ်ရက်လာတွေ့မယ်ဆိုပြီးတော့ မလာတွေ့။ သူ့လက်ကိုချိတ်ပြီးဝင်လာတဲ့ကောင်မလေးက သူပထမတွေ့ဖူးတဲ့တစ်ယောက်မဟုတ်တော့။ နောက်တစ်ယောက်ပြောင်းသွားပြန်၏။ သူများကိုလာတွေ့ဖို့ကျမအားဘူး လက်ချိတ်ဖို့လူကိုကျ တစ်ယောက်‌ပြီးတစ်ယောက်ပြောင်းဖို့အားတယ်။ သူကြည့်မိနေတုန်း သူ့ကိုတွေ့သွားသည်ထင် မျက်ခွက်က နှုတ်ခမ်းတစ်ဖက်ချိုးကာ ရယ်လိုက်သေးတာ။ လူကိုကြည့်ပြီးတော့လေ။ တကယ် မြင်တိုင်းမျက်ခွက်ရိုက်ချင်ပါစေ ဆုနဲ့ပြည့်တဲ့လူဝံကောင်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now