Part 28

18.4K 979 22
                                    

Unicode
(ဘုရား ဘုရား double မဟုတ်ပဲ Triple ဖြစ်ကုန်ပြီ)

"မင်း ကားအသစ်လဲထားတာလား"

ပန်းချီ ဇေရဲကိုမေးနေတာဖြစ်၏။ ပန်းချီကအခုနောက်ပိုင်း ပိုင်ဇေနဲ့ပဲသေချာမြဲနေသည်။

"ဟုတ်တယ်အစ်မ တမာန့်တို့ဆီကဝယ်ထားတာလေ"

"အော်"

"ဒီပရောဂျက်ပြီးရင် ကျွန်တော်တို့ အစ်ကို့ကိုခွင့်တောင်းပြီး ပွဲလေးဘာလေး လုပ်ကြမလား"

"အင်း ပြောကြည့်ပေါ့"

ပရောဂျက်ကတစ်ဝက်လောက်ရောက်နေပြီဖြစ်၏။ ပထမ ပရောဂျက်ပြီးတုန်းက သူခြေထောက်ကြောင့်ဘာမှမလုပ်လိုက်ရပဲ ဖေဖေဝင်လုပ်ပေးလိုက်ရတာဖြစ်တော့ ဒီတစ်ခါ သူကိုယ်တိုင်အစအဆုံးလုပ်လိုက်တာကြောင့် သူကတော့ ပွဲစဉ်ဆင်ပေးဖို့ လွှမ်းဂနီကို အပူကပ်ဖို့လုပ်ထားသည်။ သို့ပေမယ့် ဘယ်လိုဖြစ်လာအုန်းမလဲ မသိ။ ပွဲမှာတစ်ခုခုဖြစ်သွားဖို့လဲ သူမျှော်လင့်နေတယ်မလား။ အစ်ကိုခွင့်ပြုပါစေလို့ပဲ ဇေရဲဆုတောင်းနေမိတော့သည်။

“ဘာတွေတိုင်ပင်နေတာလဲ အစ်မ အဆင်ပြေရဲ့လား”

သူတို့အလုပ်ခန်းထဲကို လွှမ်းဂနီရောက်လာပြီး စကားစမြည်ပြောလိုက်၏။ သူဒီနှစ်ယောက်သေချာ စကားလဲမပြောဖြစ်ဘူးမလား။ အလုပ်အကြောင်းတွေပဲ ပြောပြီး လွှတ်ထားလိုက်ရတာ။

“အခုမှမေးဖော်ရတယ်နော် ငါ့မောင်က”

“ကျွန်တော်အလုပ်လေးနည်းနည်းရှုပ်နေလို့”

“ဟုတ်ပါပြီ၊ အစ်မအဆင်ပြေတယ် ဇေရဲရောအစ်မရော နှစ်ယောက်စလုံးက အခုမှစလုပ်တာဆိုပေမယ့် မောင်လေးကြောင့် တော်တော်ခရီးပေါက်တယ်ပြောရမယ်”

“ပြေတယ်ဆို ရပါပြီဗျာ”

“ဒါနဲ့အစ်ကို ကျွန်တော်ခွင့်တောင်းစရာရှိလို့”

“အင်းပြောလေ”

“ကျွန်တော်တို့ ဒီပရောဂျက်ပြီးရင် ပွဲလေးလုပ်ပေးဖို့ အစ်ကို့ကိုပြောမလို့”

“အော်…ရပါတယ် ဒါကမခက်ပါဘူး ကိုယ့်ကို ပရောဂျက်ဘယ်တော့လောက်ပြီးမလဲ ကြည့်ပေးပြီးရင် ကိုယ်အချိန်ညှိကြည့်မယ်”

Noisy Love My Hlwan (Complete) Uni & Zawgyi Donde viven las historias. Descúbrelo ahora