Part 13

19.9K 1.2K 24
                                    

Unicode
(ကလေးတွေ ကလစ်တာသိပေမယ့် Hsu ကလာပြပြီးအရေအတွက်ပြည့်မှ အပ်ပေးတာဆိုတော့ ပို့စ်တင်ပြီးမှလာပြကြတာ၊ အခုတော့အရေအတွက်ပြည့်လို့တင်ပေးလိုက်ပါပြီနော်)

စေ့စပ်လက်မှတ်ထိုးတဲ့နေရာမှာတော့ အသိသက်သေတစ်ချို့ရယ် စေတမာန့်ဘော်ဒါတွေရယ် နှစ်ဖက်မိဘတွေရယ်ရှိသည်။ ‌

"လာလာ မနွယ်နီ၊ သားလေးလာ"

ဒေါ်ဝသုန်မှာအစောလေးကမှ သားဖြစ်သူကိုသွားနှိုးထားရတာ။ အခုတော့ လွှမ်းဂနီလေးကရောက်နေပြီဒင်းကအိပ်ရာကမထသေး။ သားသူငယ်ချင်းတွေရောက်လာတော့လဲ အခန်းထဲဝန်းဝင်သွားတာဖြစ်သည်။ လွှမ်းဂနီကတော့ ပုံမှန်ရုံးမှာဝတ်နေကြအတိုင်း အနက်နဲ့အဖြူ formal suit ပေါ့ပေါ့ပါးပါးလေးဝတ်လာ၏။ လက်မှတ်ထိုးမယ့်အချိန်က မနက် ၁၁:၀၀ နာရီဖြစ်ပြီး သူတို့သားအမိနှစ်ယောက်က ၁၀ နာရီခွဲထဲကရောက်နေတာဖြစ်သည်။ သူတို့ဝင်လာတဲ့အချိန်ထိ စေတမာန်ကိုမမြင်ရသေး။ လွှမ်းဂနီမှာအနည်းငယ်တော့စိတ်လှုပ်ရှားနေသည်။ ဒါကသူနဲ့ကိုယ်နဲ့တရားဝင်ဖြစ်သွားပြီ၊ ပတ်သက်သွားကြောင်းအထောက်အထားပဲမလား။ မေမေကတော့အန်တီနဲ့ထိုင်ကာ စကားတွေပြောနေ၏။ သူတို့ထိုင်နေတုန်း အပေါ်ထပ်ကနေ ဆင်းလာတဲ့စေတမာန်ရဲ့သူငယ်ချင်းတစ်သိုက်။ သူတို့ဆင်းလာတော့ အန်တီဝသုန်ကလှည့်ကြည့်ကာ

"သားစည်သူ စေတမာန်ရော"

"ကျွန်တော်တို့နှိုးတာမထဘူး၊ အိပ်ချင်သေးတယ်ဆိုပြီး ပြန်အိပ်နေတယ်"

"ဟယ် ဒီကောင်လေးကတော့"

ဒေါ်ဝသုန်လဲစေတမာန်ကိုဘယ်လိုလုပ်ရမလဲမသိတော့။ ဒေါ်နွယ်နီကဝင်ကာ

"သား စေတမာန်လေးကိုသွားနှိုးပေလိုက်ပါ"

"သားလေးပဲ အားကိုးတော့မယ် နှိုးလို့မှမထရင် သားရိုက်ချင်လဲရိုက်ခဲ့သလား"

ရိုက်ချင်လဲရိုက်ခဲ့ဆိုတဲ့စကားကိုကြားတော့ စည်သူတို့လေးယောက်ပြုံးစိပြုံးစိနှင့်။ လွှမ်းဂနီမှာလဲ သွားမနှိုးလို့မဖြစ်တော့။ လူကြီးတွေဒီလောက်ပြောနေတာမှသူမသွားရင်လဲလွန်ကာကြအုန်းမယ်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now