ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 1
------------
*ဖြောင်း*"အ့!"
Xzမျက်နှာဟာတစ်ဖက်သို့လည်ထွက်သွားပြီးပါးကိုအုပ်ကိုင်ကာမျက်ရည်
တွေကလည်းအဆက်မပြတ်ကျဆင်းလာသည်"မိုက်ရိုင်းတဲ့ကောင်! မင်းကငါ့သိက္ခာကိုမှမထောက်!တောက်! ငါ့ကွာ!"
"အဖေ သားတောင်းပန်ပါတယ်နော် နော် ဖေဖေနော် ဒူးထောက်ပြီး
တောင်းပန်တာပါ နော်""သွားကွာ ငါမင်းမျက်နှာမမြင်ချင်ဘူး! "
Xzရဲ့ဘဝက လှောင်အိမ်ထဲကငှက်လေးလို့ပြောရရင်ပိုလွယ်မယ် xzအဖေ
ကမြို့အသေးလေးတစ်ခုကကဇာတ်ရုံပိုင်ရှင် အမေကရောဂါတစ်ခုကြောင့်
သေသွားခဲ့လို့ မိထွေးရယ်နောက်ပြီး မယားပါသမီးအစ်မတစ်ယောက်ရယ်
အတူနေခဲ့တယ်xzကငယ်ငယ်ထဲကနေဘယ်သောခါမှ ကဇာတ်ရုံနဲ့အိမ်
ကနေလွဲပြီးကျန်တဲ့နေရာမရောက်ဖူးဘူး xzကမိန်းကလေးလိုလှတယ်
အနည်းငယ်ညိုတဲ့အသားအရည်ရှိတယ် xzကိုကြိုက်တဲ့ ယောက်ျားပျို
မိန်းမပျိုတွေက လာတောင်းရမ်းကြတယ် xzကိုငယ်ငယ်ထဲကနေပိုးမွေး
သလိုမျိုး ဂရုတစိုက်နဲ့မွေးခဲ့တာxzရဲ့အဖေကပိုက်ဆံသိပ်မက်တယ် xzကိုဒီမြို့ထဲကသူဌေးတစ်ယောက်
ရဲ့သားနဲ့ပေးစားဖို့လုပ်ထားတယ် အဲ့သူဌေးသားနဲ့လည်း အတူတူနီးစပ်အောင်လုပ်ပေးပြီးသွားပြီ မနေ့ညကအဲ့သူဌေးအိမ်မှာလုပ်တဲ့
ပါတီပွဲလေးကို အစ်မနဲ့အတူလွှတ်ပေးလိုက်တာ မနက်ကျတော့ လူတစ်
ယောက်နဲ့အိပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကကြားရပါလေရော"ပြောစမ်း xz မင်းနဲ့အိပ်ခဲ့တဲ့သူကဘယ်သူလဲ"
"မသိဘူး သားမသိဘူး! "
"တောက်! ဟင်း...."
Xz ဒူးထောက်ကာ မျက်နှာကိုငုံ့ထားသည် ခဏတာလောက်မျက်နှာ
မော့ကြည့်တော့ အိမ်လှေကားနားမှာ ကြိတ်ပြုံးနေတဲ့သူ့အစ်မ
ကိုတွေ့လိုက်ရတယ် မိထွေးကလည်းရွံရှာနေတဲ့မျက်လုံးတွေနဲ့သူ့ကို
ကြည့်နေတာ"xz မင်းသွားတော့ ဒီနေ့ကနေစပြီးမင်းငါ့သားမဟုတ်တော့ဘူး"
"အဖေ...!"
YOU ARE READING
ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Fanfictionမောင်ရယ် မောင့်အိမ်သူရယ် တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် ဟုတ်ပြီလား