ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 15
--------
မနက်ပိုင်းမှာမြို့အုပ်ဝမ်နိုးထလာတော့ ဘေးနားမှာရှောင်ကျန့်ကတရူံ့ရူံ့
နဲ့ထိုင်ငိုနေတာ ရှောင်ကျန့်ကသူ့ရှေ့မှာဆို တအားမာနကြီးတာ ဒီလိုမျိုးငို
တယ်ဆိုတာ ရှားတယ်။"ရှောင်ကျန့်"
"ရော့..."
ရှောင်ကျန့်က သူ့အင်္ကျီအိတ်ကပ်ထဲကနေပုလဲလည်ဆွဲကိုထုတ်ပြီး မြို့အုပ်ဝမ်နားကို ပစ်ပေးလိုက်သည်။
"ခင်ဗျားအမေရဲ့ဟာ ကျုပ်စီလာမပေးပါနဲ့တော့"
"...."
"ကျုပ်က မင်းကတော်လည်းမဟုတ်ဘူး စော်အောလေးရဲ့မိဘဆိုတာ
တော့မှန်တယ် ကျုပ်တို့ကလင်မယားလည်းမဟုတ်ဘူး""..."
"မတော်လို့ မနေ့ညကကိစ္စကြောင့်ကိုယ်ဝန်ရလာခဲ့ပြီဆိုလည်း မြို့အုပ်ဝမ်
တာဝန်မယူချင်လည်းရပါတယ်""ရှောင်ကျန့် မနေ့ညကကိစ္စတွေက..."
"အစအဆုံးရှင်းပြရရင် ကျုပ် ရန်ရန်နောက်ကိုလိုက်သွားတော့ အဲ့အရက်ဆိုင်ပဲ သူမကပုလဲလည်ဆွဲကိုကုန်သည်တစ်ယောက်စီပေးဖို့
လုပ်နေတာ ကျုပ်နဲ့တောင်ပြဿနာဖြစ်သွားသေးတယ် ဒါတွေကပြောရရင်
ရှည်တယ်... ""..."
"ချန်လျိုးကရောက်လာပြီး ကူညီပေးခဲ့တယ် စိတ်ညစ်တဲ့အတွက်ကြောင့်လည်း အရက်ထိုင်သောက်နေမိတယ် ခင်ဗျားကရောက်လာပြီး ဒီကိုပြန်ခေါ်လာတယ် "
"..."
"ယုံတာမယုံတာခင်ဗျားအပိုင်းပဲ"
"ကိုယ်ယုံပါတယ်"
"ခင်ဗျားယုံတယ်လို့ပြောတာကိုလည်းကျုပ်ယုံပါတယ်... ဒါပေမဲ့
ပုလဲလည်ဆွဲကိစ္စမှာ ခင်ဗျားဘေးဘက်ကနေပြီး မစုံစမ်းခဲ့တာကိုပဲစိတ်ပျက်
တာပါ""ရှောင်ကျန့်..ကိုယ်"
"ကျုပ်သွားတော့မယ်.. ညကအလိုတော်ကျအတိုင်းနေခဲ့ပေးပြီးပြီဆိုတော့
ကျေနပ်သွားလောက်ပြီပေါ့နော်""...."
"အ့!"
ရှောင်ကျန့်ကဆတ်ခနဲထလိုက်တော့ညကအရှိန်ကြောင့်ခါးကနာနေတော့
ညည်းလိုက်ခြင်းပင်။
YOU ARE READING
ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Fanfictionမောင်ရယ် မောင့်အိမ်သူရယ် တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် ဟုတ်ပြီလား