Part 4

2K 172 1
                                    

ငါ့ယောက်ျားကမြို့အုပ်ဝမ်
Part 4
---------
မြို့အုပ်ဝမ်အံတင်းတင်းကြိတ်ကာလက်ထဲကစာရွက်ကိုချေလိုက်သည်
Xzကသိပ်ရဲတင်းတာပဲ သူ့စကားကိုနားမထောင်ဘူးအစကပြဇာတ်ရုံကို
မသွားဘူးဆိုပြီးယုံယုံကြည်ကြည်နဲ့အိမ်ကိုပို့ပြီးထားခဲ့တယ် အခုပြန်လာ
တော့ အိမ်ပြန်နောက်ကျမယ်ဆိုပြီးစာလေးရေးပြီးထားခဲ့တယ်လေ

"ကားပြင်ထားxzကိုသွားခေါ်မယ်"

"ဟုတ်ကဲ့! "

ယွင်ရှန်းကကားကိုပြန်ထုတ်ကာစက်နိုးပြီးပြဇာတ်ရုံကိုမောင်းရတော့သည်
မင်းကတော်ကလည်းသူကလည်းသူပဲ အစကမသွားတော့ဘူးဆိုပြီး
နေတာ အခုကျမှထွက်ပြေးတယ်လေ

ပြဇာတ်ရုံကိုရောက်တော့ ဒီနေ့အတွက်ပွဲငှားထားတယ်ထင်တယ် အထဲမှာက
လူတွေစကားပြောနေကြသည် မြို့အုပ်ဝမ်နှာခေါင်းရူံ့ကာxzကိုဦးတည်ပြီး
ရှာနေလိုက်သည်
...
Xzကပြဇာတ်ရုံမှူးကခေါ်လို့သွားတော့ ဟိုတစ်ခါသူဌေးလင်မယားကဒီနေ့
ပြဇာတ်ရုံကိုငှားပြီးတော့ ညစာကျွေးမှာ အဲ့ဒီပွဲမှာxzကစန္ဒယားတီးပေးရ
မယ်လို့ပြောတယ်

"ကျွန်တော်သူတို့ပွဲဆိုရင် ပိုက်ဆံမရလည်းနေပါစေ မတီးဘူးဗျာ!"

"xz လူလေးဦးလေးကိုသနားပါကွာ မင်းလက်မခံရင်ငွေ2ဆပြန်လျော်ရမှာ
ကွာ ဦးလေးတောင်းပန်ပါတယ်ကွာနော် "

"..."

အဲ့သူဌေးလင်မယားကအခြားသူတွေတော့မဟုတ် ချောင်ရန် နဲ့ချန်လျိုးနဲ့ပင်
ပြဇာတ်မှူးကဒူးထောက်မတက်တောင်းပန်နေတော့ xzတီးပေးလိုက်မည်
အကောင်းဆုံးတော့မဟုတ်

"ကျန့်"

ရင်းနှီးလှတဲ့အသံ အော်ဂလီဆန်စရာကောင်းတဲ့အသံကသေချာပေါက်ချန်လျိုးပဲ
Xzအပေါ်ဂရုစိုက်ပေးတဲ့ပထမဆုံးသူစိမ်းလူပဲ ဒါပေမဲ့အခုတော့မဟုတ်တော့
ချန်လျိုးအပေါ်သံယောဇဉ်တွယ်ခဲ့တယ်ဆိုတာဝန်ခံပါတယ် 

Xzနောက်လှည့်ကြည့်လိုက်ကာအပြုံးတုနဲ့ပြုံးပြလိုက်သည်

"အော် ချန်လျိုး ပဲ"

"အင်း အခုတလောအဆင်ပြေရဲ့လား"

"ပြေတာပါပဲလေ "

ငါ့ခင်ပွန်းကမြို့အုပ်ဝမ် Where stories live. Discover now