Part 2

2.2K 217 5
                                    

ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 2
---------
ပြတင်းပေါက်ဘက်ကိုအာရုံစိုက်ကြည့်ရင်းနဲ့ ပျင်းရိပျင်းတွဲနဲ့မှီလိုက်သည်
စော်အောတအားပျင်းတယ် သူငယ်ချင်းလည်းမရသေးဘူး ဆရာမတွေကလည်းဘာမှမသင်သေးဘူး

"သား သွားဆော့လေ"

"ဆော့ဘူး ပျင်းတယ်"

"အေးအေး အဲ့တာဆိုသားဒီမှာနေနော်"

"ဟုတ်"

စော်အောတအားပျင်းသည် အခုနေသာဆိုရင်လေ ပြဇာတ်ရုံမှာ ကိုကိုတွေမမတွေနဲ့ ဆော့နေလို့ပျော်နေပြီ ဟွန့်! ပါးပါးကအကျင့်မကောင်းဘူး စာလည်းကြိုးစားဆိုပြီးတော့ ဘာမှလည်းသင်ဘူး မနက်ကဦးဦးလိုမျိုးကားကြီးစီးချင်ရင်ကျောင်းတက်တဲ့လေ
မနက်ကဦးဦးကိုယူလိုက်ပါလား အဲ့တာဆိုရင် စော်အောလည်းကျောင်းတက်စရာမလိုတော့ဘူးလေ
(Su - ဟဲ့! ဟဲ့! အော် ကလေးတွေများ ပေါက်ကရအတွေးတွေးတတ်တယ်နော်)

"သားတို့သမီးတို့ရေ အခုဒီမြို့ရဲ့ မြို့အုပ်ကဆရာမတို့ကျောင်းကိုအလည်လာတယ်ကွဲ့ လိမ်လိမ်မာမာနေကြနော် မဟုတ်ရင်တော့ မြို့အုပ်ကြီးကရိုက်မှာကွဲ့"

ဆရာမအပြောကြောင့်ကလေးတွေအကုန်ငြိမ်သွားကာထိုင်နေရာကနေတောင်မထချင်တော့ပေ

"ဟော လာပါပြီ ကြွပါမြို့အုပ်မင်း"

ဆရာမအပြောထက်ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုရမလား မြို့အုပ်ဝမ်ရဲ့တည်တံ့တဲ့မျက်နှာထားကြောင့် ကလေးတွေအော်ငိုချင်လာလေပြီ

"မုန့်တွေဝေပေးလိုက်"

"ဟုတ်ကဲ့ မြို့အုပ်"

ယွင်ရှန်းက အိတ်ထဲကနေမုန့်တွေထုပ်ကာကလေးတစ်ယောက်ချင်းစီကိုမုန့်
တွေဝေနေလိုက်သည် အဲ့ကျတော့မှကလေးတွေလည်းကြောက်တာလျော့
သွားကာမုန့်တွေဖောက်စားနေကြတော့သည်

စော်အောကမုန့်ကိုကိုင်ကာ ထိုင်နေတဲ့ybနားသွားပြီးမုန့်ထိုးပေးသည်

"အင့်! ဦးဦးက မုန့်မရသေးလို့ စော်အောမုန့်ကျွေးတယ်နော်"

သေချာကြည့်မိတော့မှမနက်ကကားပြတင်းပေါက်ကနေတွေ့ရတဲ့ကလေးပဲ
အနီးကပ်ကြည့်တော့မှချစ်စရာကောင်းလွန်းလှသည် ပါးလေးဖောင်းဖောင်း
လေးနဲ့

ငါ့ခင်ပွန်းကမြို့အုပ်ဝမ် Where stories live. Discover now