ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 14
>>>>>>>>
ရှောင်ကျန့်စန္ဒယားသံတွေကပုံမှန်ထက်ပိုကောင်းလာတယ်လို့ထင်ရတယ်*ဒေါက်...ဒေါက်*
တံခါးခေါက်သံကြောင့်သက်ပြင်းတစ်ချက်ချကာ ဝင်ခဲ့ဆိုပြီးတော့ပဲပြောလိုက်သည်
"ဘာလဲ"
"နေ့လည်ခင်းမှာ မြို့အုပ်ဝမ်ကအမတ်အချို့နဲ့ဒီအိမ်မှာနေ့လည်စာစားမှာပါတဲ့ အဲ့တာမင်းကတော်အသင့်ပြင်ထားပါ"
"အင်း ဟုတ်ပြီသွားတော့"
"ဟုတ်ကဲ့"
သူစန္ဒယားတီးပြီဆိုတာနဲ့ပဲ ကိစ္စတစ်ခုမဟုတ်တစ်ခုကပေါ်လာမြဲပဲ
အခန်းကိုပဲပြန်ကာ ရေမိုးချိုးအဝတ်အစားလဲလိုက်သည်
မှန်တင်ခုံရှေ့မှာထိုင်တော့ မြို့အုပ်ဝမ်ပေးထားတဲ့သံစဉ်သေတ္တာငယ်လေး
ကိုဖွင့်လိုက်တော့ သံစဉ်ကလာတစ်လှည့်မလာတစ်လှည့်ပျက်တောက်ပျက်တောက်နဲ့ဖြစ်နေတာဘယ်နေရာချို့ယွင်းသွားလို့ပါလိမ့်*ဒေါက်...ဒေါက်*
"မင်းကတော်ရှင့် အောက်မှာမြို့အုပ်ဝမ်တို့ရောက်နေပါပြီ"
"အင်းအင်း"
အံဆွဲထဲမှာရှိတဲ့ပုလဲလည်ဆွဲကိုထုတ်ယူဖို့အတွက်အံဆွဲကိုဖွင့်လိုက်တော့
ရှောင်ကျန့်မျက်လုံးကျယ်သွားတယ် ပုလဲလည်ဆွဲက..မရှိတော့ဘူး
ခုံအောက်တွေမှာရောဗီဒိုထဲမှာပါရှာကြည့်တယ် ဒါပေမဲ့မတွေ့ဘူး
မြို့အုပ်ဝမ်ကိုကတိပေးထားတာ ပျက်လို့မှမဖြစ်တာ
ပုလဲလည်ဆွဲကပျောက်ချင်းမလှပျောက်တယ်ဆိုတော့ ရှောင်ကျန့်စဉ်းစားကြည့်သည် အတွေးထဲမှာဖြတ်ခနဲပေါ်လာတဲ့သူက
ရန်ရန်ပဲ ဟုတ်တယ် သူမမနက်ကသူ့အခန်းထဲကနေအကြောင်းမရှိပဲနဲ့
ထွက်လာတာရှောင်ကျန့်အောက်ကိုဆင်းသွားကာ သူမကိုသွားရှာဖို့လုပ်တုန်းပဲမြို့အုပ်ဝမ်
ကသူ့ကိုလှမ်းဆွဲထားသည်"ပုလဲလည်ဆွဲကော"
"ရှိ..ရှိတယ်"
"ဘာလို့မဝတ်လာတာလဲ သွားသွားဝတ်ချည်"
"မဝတ်ချင်လို့ပေါ့ အခုကျုပ်လုပ်စရာတစ်ခုရှိလို့ သွားခွင့်ပြုဦး"
YOU ARE READING
ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Fanfictionမောင်ရယ် မောင့်အိမ်သူရယ် တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် ဟုတ်ပြီလား