ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 22
__________
စော်အောလေးနဲ့ပြဿနာဖြစ်ပြီးထဲကမျက်နှာချင်းဆိုင်မတွေ့ရသေးဘူး
ကျောင်းကပြန်လာရင်အရင်ကပါးပါးဆိုပြီးပြေးဖက်တယ်အခုကြမှဝုန်းဒိုင်း
ဝုန်းဒိုင်းနဲ့အပေါ်ပြေးတက်သွားတယ် ညစာစားပြီဆိုလျှင်လည်း လာမစားဘူး
သူတို့မစားခင်မှာအရင်စားတယ် နောက်ပြီးအခန်းတွင်းအောင်းတော့တာပါပဲ။စော်အောကရှောင်ကျန့်စိတ်နဲ့တူလွန်းတယ် ဘယ်တော့မှများချော့မလဲဆိုပြီး
စောင့်နေလိုက်ရတဲ့အစောင့်ကနေ့ရက်များစွာကြာမြင့်ခဲ့ပြီ သူကျောင်းပြန်လာ
တိုင်းရှောင်ကျန့်ကကလေးကိုချီပြီးမြှူနေတယ် သူ့ကိုတောင်ပြန်လာပြီလား
ဆိုပြီးမေးရမှာသတိရပုံမပေါ်ဘူး ရိပေါ်လည်းအဲ့အတိုင်းပဲ ရိပေါ်အိမ်ပြန်ရောက်လာရင် သူကကြိုမလို့အိမ်အောက်ကိုပြေးဆင်းတုန်းပဲ
ရိပေါ်ကကလေးငယ်လေးကိုအရင်ချီကိုင်ကာ တစ်နေ့လုံးလွမ်းကြောင်းကို
ပြောနေသည်။"ခစ်....ခစ်..."
ရိပေါ်ကအိပ်ယာပေါ်မှာလှဲပြီးကလေးကိုအပေါ်မြှောက်ထားတော့ ကလေး
ကအော်ရီနေသည် ရှောင်ကျန့်ကတော့ဘေးနားမှာကြည့်နေတယ်။"ဖေဖေ့သားလေးကကွာချစ်ဖို့ကောင်းလိုက်တာ"
"မောင်..."
"အင်း"
"စော်အောလေးရောသူအဆင်ပြေနေမလား သူအထီးကျန်နေမှာပဲ"
"ဘယ်တက်နိုင်ပါ့မလဲ ကိုယ်တို့လည်းပြောနေတာပဲသူကနားမထောင်တာ"
"ဟင်း....ကျုပ်ကိုယ်တိုင်ပဲသွားပြောတော့ပါ့မယ် ပေးကလေးကိုသိပ်ရဦးမယ်"
ရှောင်ကျန့်ကကလေးကိုချီကာချော့သိပ်နေလိုက်သည် အပြင်ဘက်မှာဆောင်းကုန်လို့နောက်ဆုံးအနေနဲ့နှင်းကျသည် ဆောင်းရဲ့နူတ်ဆက်ခြင်းပဲ။
ကလေးကိုသိပ်ပြီးတော့သူတို့ခုတင်ဘေးနားကပုခတ်ထဲမှာထည့်ထားသည်။
ရိပေါ်ကိုပါခေါ်ကာ စော်အောလေးအခန်းထဲကိုသွားကြည့်သည်။"သားရေ...ပါးပါးပါ"
"အင်း....."
ရှောင်ကျန့်ကကုတင်ပေါ်မှာနေရာဝင်ယူနေပြီးရိပေါ်ကမီးကိုဖွင့်လိုက်တော့
တစ်ခန်းလုံးလင်းထိန်လာသည်။ အရုပ်တွေအင်္ကျီတွေနဲ့ရူပ်ပွနေတာပဲ
စော်အောကစောင်ကိုခေါင်းမြီးခြုံထားတယ် အခုမှ8နာရီလောက်ရှိသေးတာ
စော်အောမအိပ်မုန်းသူတို့သိတာပေါ့
စာရေးစားပွဲပေါ်မှာတင်ထားတဲ့အမှတ်စာရင်းတွေကိုရှောင်ကျန့်ယူကြည့်
လိုက်သည်။ ထို့နောက်ပြုံးကာ...
YOU ARE READING
ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Fanfictionမောင်ရယ် မောင့်အိမ်သူရယ် တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် ဟုတ်ပြီလား