part 13

1.3K 131 5
                                    

ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 13
_________
ရှောင်ကျန့်ရေမိုးချိုးလို့အပြီး မှန်တင်ခုံရှေ့မှာထိုင်လိုက်ကာ အံဆွဲထဲကနေ
ရေမွှေးပုလင်းကိုထုတ်ယူပြီးဆွတ်လိုက်သည် မြို့အုပ်ဝမ်ကသူ့ခေါ်ပြီး ဒီလို
မျိုးအရာတွေပေးပေးနေတာပဲ ဈေးကြီးတဲ့အနောက်တိုင်းနိုင်ငံက ရေမွှေးတွေကို ဒီရေမွှေးကိုလွန်ခဲ့တဲ့ 2ရက်လောက်ကပေးရမည်ဟုဆိုရမယ်
အဲ့ဒီနေ့က
<<<<<<လွန်ခဲ့သော 2ရက် ညနေက<<<<<
မြို့အုပ်ဝမ်အလုပ်ကနေပြန်လာတော့ ရှောင်ကျန့်ကဧည့်ခန်းထဲမှာထိုင်ပြီး
စာထိုင်ဖတ်နေတာနဲ့သွားတိုးသည်

"ပြန်လာပြီလား"

"အင်း"

"ပြန်လာပြီဆိုတော့ ကျုပ်လည်းအပေါ်တက်တော့မယ် စောင့်နေတယ်လို့
တော့မထင်လိုက်နဲ့ ဘယ်သူ့မှမအားပဲကျုပ်ပဲအားလို့ ထိုင်စောင့်နေပေးတာ"

"ဟုတ်ပါပြီ..."

မြို့အုပ်ဝမ်ဘေးနားကနေဖြတ်သွားတော့မြို့အုပ်ဝမ်က သူ့လက်ကိုလှမ်းဆွဲသည်

"ဘာလဲ"

"မင်းနားက ကြာပန်းအနံ့မရတော့ဘူး "

"..."

"အရင်ကမင်းနားကပ်ရင်ရနေကြ"

"နေပါဦး မြို့အုပ်ဝမ်က ကျုပ်ကိုယ်သင်းအနံ့ကိုတောင်မှတ်ထားတာလား"

"ဒီလိုပါပဲ အနေနီးတော့ရနေတာ မင်းသာကိုယ့်ကိုယ်သင်းနံ့ကိုမသိတာ"

"ရူနေရအောင်လည်းကျုပ်စောက်ရူးမှမဟုတ်တာ ချွေးနံ့တွေနဲ့ကိုရွံတယ်"

"..."

"ဖယ်ပါ အပေါ်တက်ပြီးရေချိုးတော့မယ်"

ရှောင်ကျန့်ကလက်ကိုဖြုတ်ချကာအပေါ်ကိုတက်သွားပြီးရေချိုးနေတော့သည်သူပြန်ထွက်လာတော့ မြို့အုပ်ဝမ်ကခုတင်ပေါ်မှာထိုင်စောင့်နေတာ
အင်္ကျီကလည်းခုနကအင်္ကျီပဲ ရေမချိုးရသေးဘူးလား

"ဘာလာလုပ်တာလဲ "

"ပေးစရာရှိလို့"

"ဘာပေးမလို့လဲ"

"ဒါလေး"

မြို့အုပ်ဝမ်ကဗူးတစ်ခုကိုသူ့စီပေးလိုက်သည် ရှောင်ကျန့်ဖွင့်ကြည့်လိုက်
တော့ကြာပန်းအနံ့ရေမွှေးပုလင်း အင်္ဂလိပ်ဘာသာတွေနဲ့ရေးထားတာဆို
တော့သေချာပေါက်ကို အနောက်တိုင်းနိုင်ငံကလာတာပဲ

ငါ့ခင်ပွန်းကမြို့အုပ်ဝမ် Where stories live. Discover now