part 6

1.6K 157 9
                                    

ငါ့ခင်ပွန်းကမြို့အုပ်ဝမ်
Part 6
>>>>>>>
ချန်လျိုးအပေါ်ကိုရှောင်ကျန့်သံယောဇဉ်ရှိသေးလားဆိုလည်း မသိဘူး
သူ့အစ်မကသူ့အပေါ်ဒီလိုလုပ်တာက ချန်လျိုးကိုသူမလိုချင်လို့ပဲ
ဒါပေမဲ့ ချန်လျိုးနဲ့ဒါတွေနဲ့ကဘာမှမပတ်သက်တာ

"ကျန့် ဘာမုန့်စားမလဲ ဝယ်လေ"

"ရတယ် ရတယ်"

"ကျန့် ကိုယ်မင်းကိုပြောစရာရှိတယ်"

"အင်းပြော"

ချန်လျိုးကရှောင်ကျန့်လက်ကိုဆွဲကာသူ့ပါးနားကိုတေ့လိုက်ကာကြောင်
ပေါက်လေးတွေလိုမျိုးပွတ်နေသည်

"အဲ့တုန်းကကိုယ်မင်းကိုရွံစရာလို့မတွေးမိခဲ့ဘူး အဲ့အဖြစ်အပျက်တွေပြီးတော့
မင်းကိုတွေ့ဖို့လာပါသေးတယ် မင်းကမရှိတော့ဘူးလေ ပြီးတော့မားကလည်း
ကျန်ခဲ့တဲ့ ချောင်ရန်နဲ့လက်ထပ်ပေးလိုက်တယ် ကိုယ်သူမကိုလုံးဝမချစ်ဘူး
ရှောင်ကျန့် မင်းသိတယ်မှတ်လား"

"သိ...သိပါတယ် ဒါပေမဲ့အခုတော့မဖြစ်တော့ဘူးထင်တယ်နော်"

"ဘာကြောင့်လဲ"

ရှောင်ကျန့်ကသူ့လက်ကိုပြန်ရုတ်သိမ်းကာအင်္ကျီနဲ့မသိမသာပွတ်လိုက်သည်

"ငါတို့ကအိမ်ထောင်ကိုယ်စီရှိပြီသားလေ ပြီးတော့ငါကကလေးတစ်ယောက်
အဖေ ဒီတော့ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့ သတိရရင်လာလည်ပေါ့
ကွာ မင်းကိုတော့ သူငယ်ချင်းလိုခင်ပေးနိုင်ပါတယ်"

"အင်း..."

သူတို့နှစ်ယောက်စကားကိုရပ်ပြောနေစဉ်အတွင်းပဲ ရှောင်ကျန့်ခါးကို
တစ်စုံတစ်ယောက်ကလာဖက်သည်

"အိမ်သူ....မုန့်လာဝယ်တာလား အိမ်တော်မှာစားဖိုမှူးတွေရှိတယ်လေ
သူတို့ကိုလုပ်ခိုင်းပေါ့"

"မြို့အုပ် ဘယ်လိုဖြစ်ပြီး...ဒါကအလုပ်သွားချိန်မဟုတ်ဘူးလား"

ရှောင်ကျန့်အပြောကြောင့်မြို့အုပ်ဝမ်မျက်မှောင်ကျုံသွားသည်

"မြို့အုပ်ဝမ်က ကျန့်ကိုချစ်တဲ့ပုံပဲဗျ အိမ်သူလို့တောင်ခေါ်တယ်နော်"

"ဟုတ်တယ် ကျုပ်ကရှောင်ကျန့်ကိုအိမ်သူလို့ပဲ ခေါ်တာ နော် အိမ်သူ"

ငါ့ခင်ပွန်းကမြို့အုပ်ဝမ် Where stories live. Discover now