Chapter 1 (Zawgyi)

94 3 0
                                    


At Blue Moon Theater

သံစဉ်မြူးမြူကြွကြွတွေနဲ့ စည်ကားနေတဲ့ Blue Moon Theater။ ကောင်မလေးတွေနဲ့ကောင်လေးတွေ စင်ရဲ့ရှေ့မှာ စုဝေးနေပြီး တစ်ခုခုကိုစောင့်မျှော်နေဟန်ရှိသည်။ posterတွေကိုယ်စီကိုင်ထားတဲ့သူတွေ၊ အားလုံးရင်တမမနဲ့ မည်သည်ကိုစောင့်နေတာပါလဲ။ ဈေးဝယ်သူတစ်ချို့ကတော့ နားမလည်ဟန်ဖြင့် ကွက်ကြည့် သွားကြသည်။

တစ်ချို့ပရိတ်သတ် ကောင်လေး၊ကောင်မလေးများကိုခေါ်၍ Interviewနေတဲ့ Mediaသမားများကိုလည်းတွေ့ရ သည်။ မကြာမီအချိန်မှာ စင်ပေါ်က Projectorမှ နံပါတ်စဉ် စရေလာပါပြီ။ projectorမှာပေါ်နေတဲ့ နံပါတ်တွေကို ကြည့်ပြီး စင်အောက်မှာ ကောင်မလေး၊ကောင်လေးများကလည်း လိုက်အော်နေသည်ကို တွေ့ရသည်။

"10... 9... 8... 7... 6... 5... 4... 3... 2... 1... ဟေးးးးးးးးးးးးးးးး"

နံပါတ်စဉ်ရေလို့အပြီးမှာ ကောင်လေးခပ်ချောချော ၅ယောက်စင်ပေါ်ကိုရောက်ရှိလာပါသည်။ သူတို့မှာ အခြားသူ များမဟုတ် MT Entertainment မှ ပထမဆုံး ပွဲဦးထွက်ပေးမယ့် Fanstatic Boy Group ပဲဖြစ်ပါသည်။

"oppa... Shin Thant..." "Nik..." "Mike..." "Kelvin..." "Simon..."

စင်အောက်မှကောင်မလေးကောင်လေးများအော်သံကြောင့် စင်ပေါ်မှကောင်လေးများက ပြုံးပြနှုတ်ဆက်နေ သည်ကို တွေ့ရသည်။ အားလုံးရဲ့မျက်နှာမှာတော့ ရင်ခုန်ခြင်းအပြည့်ဖြစ်နေသည်ကို ကြည့်လိုက်တာနဲ့ သိနိုင်သည်။

မကြာမီမှာပဲ ကကွက်ဆန်းများဖြင့် ကပြပါတော့သည်။ စင်အောက်ပရိတ်သတ်တွေ ကြားထဲမှာရှိနေတဲ့ ကောင်လေး တစ်ယောက်ကိုတော့ သတိမထားမိကြ။ ထိုကောင်လေးမှာလည်း စင်ပေါ်မှ ဆိုကနေမှုများကို မှတ်တမ်းဓာတ်ပုံများသာမက Videoများလည်း ရိုက်ကူးနေလေသည်။

အကများနှင့် ဖျော်ဖြေပြီးတဲ့အခါမှာတော့ သူတို့ပထမဆုံး သီချင်းဖြစ်တဲ့ Debut Songကို သီဆိုပါတော့သည်။ အောက်က ပရိတ်သတ်များကတော့ fanchatတွေလိုက်အော်ရင်း ပျော်ရွှင်နေကြပါသည်။ ဖန်လေးတွေ ပျော်ရွှင်စွာ လိုက်ဆိုနေကြသဖြင့် စင်ပေါ်မှ ကောင်လေးများမှာလည်း လွန်စွာ ၀မ်းမြောက်လျှက်ရှိလေသည်။

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Where stories live. Discover now