Chapter 11
ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး ၀ါသနာကို အသိမှတ်အပြုခံရတဲ့ နေ့လေးတစ်နေ့။ ကျွန်တော့်ရည်မှန်းချက်အတွက် ပထမဆုံးအောင်မြင်စွာလှမ်းနိုင်ခဲ့သော ခြေလှမ်းတစ်ခုဆိုလည်း မမှားပေ။ ပြိုင်ပွဲကို အမှတ်တရတစ်ခုဖြစ်စေဖို့ သွားပြိုင်ခဲ့သော်လည်း ဆုရဖို့မရဖို့ကို အာရုံသိပ်မရ။ သို့သော်လည်း ရလာခဲ့သောကြောင့် ကျွန်တော်လွန်စွာ ပျော်ရွှင်လှသည်။
ပြိုင်ပွဲချိန် ၁နာရီကနေ ဆုပေးပြီးသည့်အချိန် ၄နာရီအတွင်း ကျွန်တော် ပျော်ရွှင်ခဲ့ရသည်။ သူငယ်ချင်းတွေလည်း အများကြီးရလာခဲ့သည်။ စီနီယာများနှင့်လည်း သိကျွမ်းခွင့်ရခဲ့သောကြောင့် ပြိုင်ပွဲဝင်ခဲ့ရသည်မှာ လွန်စွာ အကျိုးရှိလှသည်။
သို့သော်...
ညနေ အိမ်ပြန် နောက်ကျခဲ့ရသည်။ ပြိုင်ပွဲကို စိတ်ရောက်နေသောကြောင့် ဒယ်ဒီလာကြိုမည့်အချိန်ကို မေ့လျော့ နေမိသည်။
တီ တီ တီ...
ဖုန်းလာသံကြားရတော့မှ ကျွန်တော်နာရီကိုကြည့်မိသည်။ ညနေ၄နာရီတောင် ထိုးခဲ့လေပြီ။ ဒယ်ဒီ ကျောင်းရှေ့လာကြိုနေကျ အချိန်ရောက်ပြီ ဖြစ်သော်လည်း ကျွန်တော် ကျောင်းရှေ့ကို မသွားနိုင်ခဲ့ပေ။ ဖုန်း ကိုင်သင့်မကိုင်သင့် တွေဝေနေမိသည်။ ကိုင်လိုက်လို့ ကျွန်တော်ရှိနေတဲ့ နေရာကို သိသွားလျှင် ကျွန်တော့်ကို ဒီထက် စည်းကမ်းတွေ ပိုတင်းကျပ်ပေတော့မည်။ မကိုင်လျှင်လည်း မကိုင်သောကြောင့် အပြစ်တစ်ခုဖြစ်ပေအုံးမည်။
"ဟယ်လို..."
"မင်း အခုဘယ်မှာလဲ... အမှန်တိုင်းဖြေ..."
"ကျွန်တော် Oceanမှာပါ ဒယ်ဒီ..."
"မင်း ခုချက်ချင်း အိမ်ပြန်... မင်းနဲ့ငါ အိမ်ရောက်မှ ရှင်းကြတာပေါ့..."
"..."
ကျသွားသောဖုန်းလေးမှာ မီးမမှိတ်သေးပေ။ အိမ်ပြန်ရောက်လျှင် ကျွန်တော့်ကို ဒယ်ဒီဘယ်လောက်ဒေါသ ထွက်နေမည်ကို တွေ့ရမည်။ မာမီ၏ စိတ်ဆိုးသော အကြည့်များကိုလည်း လက်ခံရပေအုံးမည်။ ၀ါသနာနောက်လိုက်မိသည်ကား မှားများမှားနေလေပြီလား။
STAI LEGGENDO
အနီရောင် ချစ်ကြိုးမျှင် [Ongoing]
Storie d'amoreIdolနဲ့ Fan boyလေးအကြောင်းပါ Idol တစ်ယောက်ရဲ့အနုပညာခရီးလမ်းဟာ ထင်သလောက် မဖြောင်းဖြူးနိုင်ပေမယ့် သူ့ရဲ့ Fanလေးတွေကတော့ သူနှင့်အတူ ထပ်တူလိုက်ခံစားပေးမှာပါ ❤❤❤❤❤❤