"ကျွန်တော်သိပ်ချစ်ရတဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့တယ် ဒီအတွက် ကျွန်တော့်ကိုရှက်လားမေးရင် ကျွန်တော်ချက်ချင်းဖြေနိုင်ပါတယ် အချစ်မှာ ရှက်တာကြောက်တာမရှိဘူး အဓိကက တစ်ယောက် နဲ့တစ်ယောက်ချစ်ပြီး နားလည်မှုရှိဖို့ပဲလိုတယ်..."
ရှင်းသန့်နောင်
ဆယ်ကျော်သက်အရွယ်ထဲက K Popကိုအရမ်းရူးသွပ်ခဲ့ပြီး မိဘတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အနုပညာလောကထဲ ကို ခြေစုံပစ်ဝင်လာခဲ့သူ။ K Popအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပေမယ့် မိဘတွေနဲ့ အဆင်မပြေသေးတဲ့အတွက် ပျော်ရွှင်မှုကို အပြည့်အ၀မခံစားရဘဲ စိတ်ဓာတ်ကျစရာ စိတ်ညစ်စရာတွေနဲ့ပဲ ကြုံတွေ့နေရသူ။ Fanလေးတွေရဲ့ အချစ်တော်၊ တည်ကြည်ခန့်ငြားတဲ့မျက်နှာနှင့် ရယ်လိုက်လျှင် သွားတက်လေးနှင့် ချစ်ဖို့ကောင်းသူ။ K Popလောကထဲ ၀င်ကတည်းက အားပေးခဲ့သော ဖန်လေးကို တွေ့ဖူးချင်သူ။ Fantastic Boy Group ရဲ့ Main Dancer --->> ရှင်းသန့်နောင်
"Idolကိုအရမ်းချစ်တယ် ကျွန်တော်ကတိပေးပါတယ် ကျွန်တော်ကြောင့် Idol စိတ်မညစ်စေရဘူး... Idol နဲ့အတူ အဆိုးအကောင်းတွေကို အတူတူရင်ဆိုင်ကြမယ်..."
လင်းခေတ်သစ်
ငယ်စဉ်ထဲက အစစအရာရာပြည့်စုံခဲ့ပြီး မိမိဝါသနာပါရာကို လုပ်ခွင့်ရခဲ့သူ။ မိသားစု သိုက်သိုက်ဝန်းဝန်းလေး ရှိပြီး 'ခေတ်သစ်' ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမွေဆက်ခံသူ၊ အသက်၁၆နှစ်ကတည်းက K Pop Fanတစ်ယောက်ဖြစ် လာခဲ့သူ။ K Pop Songတွေကို နားထောင်ရင်း Cover Dance Battle မှ Dancer ကောင်လေးကို သဘောကျကာ သူရဲ့ဖန်အဖြစ်ရပ်တည်ခဲ့သူ။ မြန်မာနိုင်ငံရဲ့ K Pop Boy Group ကို support ပေးနေပြီး Fan Boy တစ်ယောက်အနေနဲ့ Idolကို စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေထဲက ဆွဲထုတ်ချင်သူ-->> လင်းခေတ်သစ်
"လူတစ်ယောက်ဟာ ပထမဆုံးချစ်ခဲ့မိတဲ့ အချစ်ဦးကို ဘယ်တော့မှမမေ့တတ်ကြဘူးတဲ့... ကိုယ်လည်း မင်းကို ဘယ်တော့မှ မေ့ရမှာ မဟုတ်ဘူးအချစ်ရယ်..."
စိုင်းမာန်ဦး
အနုပညာကို စိတ်မ၀င်စားပေမယ့် ဖခင်ရဲ့အလိုကျ အဆိုတော်အဖွဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာခဲ့သည်၊ ငယ်စဉ်ကတည်း ချစ်မိသွားခဲ့တဲ့ အချစ်ဦးဖြစ်သူကို မေ့မရသေးသူ-->> စိုင်းမာန်ဦး
ŞİMDİ OKUDUĞUN
အနီရောင် ချစ်ကြိုးမျှင် [Ongoing]
RomantizmIdolနဲ့ Fan boyလေးအကြောင်းပါ Idol တစ်ယောက်ရဲ့အနုပညာခရီးလမ်းဟာ ထင်သလောက် မဖြောင်းဖြူးနိုင်ပေမယ့် သူ့ရဲ့ Fanလေးတွေကတော့ သူနှင့်အတူ ထပ်တူလိုက်ခံစားပေးမှာပါ ❤❤❤❤❤❤