Chapter 2 (Uni)

92 6 0
                                    

ခေတ်လည်း ပွဲပြီးသည်နှင့် မိမိ၏ တိုက်ခန်းလေးသို့ ပြန်လာခဲ့တော့သည်။ ပြန်ရောက်သောအခါ ခနအနားယူပြီး သူ၏ မပြီးပြတ်သေးသော အလုပ်များကို စတင်လုပ်ဆောင်ခဲ့သည်။ သူ့အလုပ်မှာ အခြားမဟုတ် ပွဲမှ ရရှိလာသော ပုံများကို videoလုပ်၍ သိမ်းခြင်းပင်ဖြစ်လေသည်။ ရိုက်ကူးလာသော videoများကိုလည်း ပြန်editကာ သူ့၏ page တွင်ပြန်တင်ရဦးမည်။

ခေတ်ဆိုသည်မှာ အခြားသူမဟုတ်။ Fancyတစ်ယောက်ပင်ဖြစ်လေသည်။ နာမည်အရင်းမှာ လင်းခေတ်သစ်။ အဖွဲ့ထဲတွင် ရှင်းသန့်ကို အကြိုက်ဆုံးဖြစ်လေသည်။ ရှင်းသန့် ဖန် ဖြစ်လာသည်မှာ ၄နှစ်ပင်ရှိနေလေပြီ။

ခေတ်တစ်ယောက် ပြဲမွ ပုံများကို ပြန်ကြည့်ရင်း အရင်အတိတ်က အကြောင်းရာများကို ပြန်လည်စဉ်းစားနေမိတော့ သည်။

At Ocean Center

Kpop Cover Dance Challengeပြဲတစ္ခု ကျင်းပလျှက်ရှိနေလေသည်။ Kpopရူးသွပ်သူတိုင်း လာရောက်ကြည့် ရှုကြသော ပွဲတစ်ခုဖြစ်သည်မို့ လူမ်ား စည်ကားလျက်ရှိနေလေသည်။ ခေတ်တစ်ယောက် ဈေး၀ယ်ရန်အတွက် ထိုCenterသို့ရောက်ရှိနေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူkpopကို ရူးသွပ်လွန်းသူမဟုတ်သေး အနည်းငယ်မျှသာ ကြိုက်သည်။

သို့သော် ထိုပွဲကိုကြည့်ပြီးသည့်အခါတွင် သူရူးသွပ်သွားသည်ဟု ပြောရပေမည်။ အမှန်သူရူးသွပ်သွားသည်မှာ Kpopကိုမဟုတ် Kpop song တွေ coverကတဲ့ ကောင်လေးကိုသာ။ ထိုကောင်လေးကို ထိုနေ့တွင် စင်ပေါ်မှာ တွေ့ခဲ့ပြီးကတည်းက သူစွဲလမ်းသွားခဲ့သည်။

သူရဲ့ကကွက်တွေကို သူအလွန်နှစ်သစ်မိသည်။ ပွဲစဉ်တိုင်းတွင် ဆုရသူဟု သူသိထားသဖြင့် သူ့အကြောင်းစုံစမ်း ဖို့ရန် အခက်အခဲမရှိပေ။ သူ့သူငယ်ချင်းတစ်ယောက်အကူအညီဖြင့် ထိုကောင်လေးရဲ့ Facebook Accကိုရခဲ့သည်။ ထိုနေ့မှစ၍ ထိုကောင်လေးအကြောင်းကို စေ့စေ့စပ်စပ်လိုက်လံစုံစမ်းခဲ့သည်။

မကြာမီတွင် သူ ထိုကောင်လေးနှင့် ရင်းနှီးမှုရရှိခဲ့သည်။ သို့သော် ထိုကောင်လေးက သူ့ကို မမြင်ဖူးပေ။ Fb အကောင့် အသစ်ဖြင့် ချဉ်းကပ်ခဲ့သောကြောင့် သူ့ပုံအစစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Donde viven las historias. Descúbrelo ahora