အနီရောင်ချစ်ကြိုးမျှင်
Chapter 12
Friend Cafe လေးတွင် လူများစည်ကားလျက်ရှိနေလေ၏။ အချိန်အားဖြင့် ၉နာရီရှိနေသောကြောင့် လူစည်နေသည်ပင်။ ဆိုင်လေးတွင် စာအုပ်စင်လေးပါ ထက်တိုးထည့်ထားသောကြောင့် ကော်ဖီသောက်ရင်း စာအုပ်ဖတ်လို့ရသဖြင့် လူငယ်တော်တော်များများသဘောကျကြသည်။ တချို့မှာလည်း စာအုပ်လေးနှင့်ဓာတ် ဖမ်းကာ ပုံလှလှလေးများ ရိုက်ချင်သောကြောင့်ပင်။
"အကိုတို့ နောက်ကျတယ်နော်..."
"အေး ဟုတ်တယ်... ကိစ္စလေးပေါ်လာလို့..."
ဆိုင်ထဲ၀င်၀င်ချင်း ဧည့်ကြိုကောင်လေး၏ အေမးကို ပြန်ဖြေရင်း ကောင်တာရှိရာဆီသို့ ထွက်လာခဲ့သည်။ ဒီနေ့တော့ ဆိုင်ကိုလာသည်မှာ ပိုင်ရှင်သုံးဦးသည်သာမက အသစ်တစ်ယောက်ပါ ပါလာလေသည်။ ထိုသူမွာ သက်တံ့ရောင် ဆိုသော ကောင်လေးပင်။
"ဂျာကြီးရေ..."
"ဟော... ငါ့တူတို့တောင်ရောက်လာပြီပေါ့... ဦးက အတန်းတက်နေကြတယ်မှတ်တာ..."
"ကိစ္စလေးရှိလို့ ကျွန်တော်တို့ နောက်ကျနေကြတာပါ..."
"သြော်... အေးပါကွာ... မနက်ခင်းဆိုတော့ တွေ့တဲ့အတိုင်း လူတအားကျနေတာ..."
"ဟုတ်တယ်... ဂ်ာရီး ဒါနဲ့ အသစ်တစ်ယောက်ခေါ်လာခဲ့တယ်... ဂ်ာရီးပဲ သူနဲ့သင့်တော်မယ့် တစ်နေရာ စီစဉ်ပေး လိုက်ပါအုံး..."
"ကောင်းပါပြီဗျာ... လာ ချာတိတ်... "
"ဟုတ်ကဲ့..."
သက်တံ့လည်း ရှေ့မှထွက်သွားသော ဂ်ာရီးဆိုသူ၏ နောက်သို့ ကြောင်တောင်တောင်လေး လိုက်သွားရင်း ဆိုင်အတွင်းကို ကြည့်မိခဲ့သည်။ ပြင်ဆင်မှုဒီဇိုင်းကတော့ လူငယ်အကြိုက်တွေပဲမို့ လူတော်တော်လေး စည်းကားနေသည်ကို တွေ့ရသည်။
"ချာတိတ်... မင်းနာမည်ဘယ်လိုခေါ်လဲ..."
"သက်တံ့ရောင်ပါ ခင်ဗျာ့..."
"အေးအေး မောင်သက်တံ့ရောင်... ဒီမွာ မင်းအတွက် Uniform..."
"ဟုတ်..."
"လဲပြီးတာနဲ့ ထွက်ခဲ့လိုက်... မင်းအတွက် မီးဖိုချောင်ဘက်မှာ စီစဉ်ပေးမယ်..."
ESTÁS LEYENDO
အနီရောင် ချစ်ကြိုးမျှင် [Ongoing]
RomanceIdolနဲ့ Fan boyလေးအကြောင်းပါ Idol တစ်ယောက်ရဲ့အနုပညာခရီးလမ်းဟာ ထင်သလောက် မဖြောင်းဖြူးနိုင်ပေမယ့် သူ့ရဲ့ Fanလေးတွေကတော့ သူနှင့်အတူ ထပ်တူလိုက်ခံစားပေးမှာပါ ❤❤❤❤❤❤