အနီရောင်ချစ်ကြိုးမျှင်
Chapter 6
မနက်ခင်းလေးရဲ့အလှတရားကို အပြည့်၀ခံစားနေသော သူတစ်ယောက်။ ကြန္ဒို၏ အပေါ်ဆုံးထပ်ဖြစ်သောနေရာ တွင် မတ်တပ်ရပ်ကာ မျက်စိအစုံကိုမှိတ်လျှက် လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ နေရောင်ခြည်ကို ခံယူနေလေသည်။
မနက်ခင်းအလင်းရောင်အောက်တွင်မြင်ရသော သူ့မျက်နုနုမှာ လြန္စြာ ချောမောလျှက်။ အသက် ၂၄နှစ်ရှိပြီ ဖြစ်သော်လည်း ၂၀ဟုသာထင်ရသည်။ အသက်ငယ်သော်လည်း အလုပ်လုပ်ရာတွင် တိကျလွန်းသောကြောင့် အမ်ားက လေးစားအားကျရသော သူတစ်ယောက်ဆိုလည်း မမှားပေ။ အမှားယွင်းလည်း မခံတတ်ပေ။
တော်လျှင်တော်သလို မြှောက်စားတတ်သလို အလုပ်ကိုမလေးစားသူကိုလည်း အပြစ်ပေးဖို့၀န်မလေးတတ်။
ကိုရီးယားမှာကြီးပြင်းခဲ့ပေမယ့် မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံကို အလွန်ချစ်သောကြောင့် ကျောင်းပြီးသည်နှင့် မြန်မာနိုင်ငံသို့ပြန်လာကာ မိမိရည်မှန်းချက်ဖြစ်သော Entertainmentတစ္ခု ထောင်ခဲ့သည်။ ပါးပါးနှင့်မားမားကလည်း ခွင့်ပြုသည်မို့ သူအတွက် အခက်အခဲမရှိ။
မိမိခြေထောက်ပေါ်ရပ်တည်ချင်၍ ကိုယ်ပိုင်၀င်ငွေဖြင့် ကုမ္ပဏီထောင်ချင်သော်ငြားလည်း ပါးပါး၏ အမိန့် စကားကြောင့် လက်ခံလိုက်ရသည်။ ပါးပါးနှင့်မားမားမှာ တစ်ဦးတည်းသော သားလေးဖြစ်သောကြောင့် အရာရာ အလိုလိုက်ထားခြင်းဖြစ်သည်။
ငယ်စဉ်ထဲက ကိုရီးယားမွာ နေခဲ့ရသောကြောင့် K Popအဆိုတော်တွေကို အားကျသည်။ သူကိုယ်တိုင်ဖြစ်ချင်၍ တော့မဟုတ် ထိုကဲ့သို့ အဖွဲ့ပေါင်းများစွာကို မွေးထုတ်နိုင်သည့် ကုမ္ပဏီကို တည်ထောင်ချင်သူပင်။
ငယ်ငယ်ရွယ်ရွယ်နှင့် ကုမ္ပဏီတည်ထောင်ထားရသည်မို့ အလွန်ပင်ပန်းသည်။ ၀န်ထမ်းတွေအားလုံးကို အုပ်ချုပ်ဖို့ ဆိုတာ အလွန်ခက်ခဲတဲ့အရာပင်မဟုတ်ပါလား။ သို့သော်လည်း သူဝါသနာပါရာကို လုပ်ဆောင်သည်မို့ အားလုံး ကိုအုပ်ချုပ်နိုင်သည်။
"မနက်ခင်းကနေ ညေနအထိ အလင်းရောင်ပေးတဲ့အတွက် ကျေးဇူးပါ နေမင်းကြီးရေ... ဒီနေ့ကြုံလာရမယ့် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးကျော်ဖြတ်ကြမယ်..."
ESTÁS LEYENDO
အနီရောင် ချစ်ကြိုးမျှင် [Ongoing]
RomanceIdolနဲ့ Fan boyလေးအကြောင်းပါ Idol တစ်ယောက်ရဲ့အနုပညာခရီးလမ်းဟာ ထင်သလောက် မဖြောင်းဖြူးနိုင်ပေမယ့် သူ့ရဲ့ Fanလေးတွေကတော့ သူနှင့်အတူ ထပ်တူလိုက်ခံစားပေးမှာပါ ❤❤❤❤❤❤