အနီရောင်ချစ်ကြိုးမျှင်
Chapter 4At RC
ကျောင်းရဲ့ပွဲတိုင်းကျင်းပနေကြဖြစ်သော RCတွင် လူများပေါင်းစုံလျှက် ကျင်းပနေသော Fresher Welcomeထမင်းစားချိန်ကျော်မှရောက်လာသည်မို့ အစီစဉ်တစ်ချို့ပြီးဆုံးခဲ့လေပြီ။ ကျောင်းစတက်သော fresherလေး တွေကို ကြိုဆိုသည့်ပွဲပေမယ့် သူတို့လေးတွေ အရောင်စုံလင်စွာ လှပနေတော့သည်။
King Selection Queen Selectionညီလေး ညီမလေးများမှာလည်း သူ့ထက်ငါ အပြိုင်အဆိုင်ချောမောနေကြ သည်။"ခေတ် ဟိုနားသွားကြည့်ရအောင် အဲ့နားဆို ပိုမြင်ရလောက်တယ်"
"အေးအေး ငပိုင် လာလေကွာ"
"အေးပါကွာ ရှေ့ကသွားစမ်းပါ နောက်က လိုက်ခဲ့မယ်"
ရထားတြဲလို တသီတတန်းကြီးဖြစ်နေသည်မို့ နည်းနည်းဗယုတ်ကျနေ၏။ လူကြားထဲတိုးေ၀့ှကာ မိမိတို့ လိုချင်သော နေရာသို့ သွားခဲ့ရသည်။ ထိုနေရာမှ ကြည့်လျှင် စင်ကို ကောင်းကောင်းမြင်ရမည်ဖြစ်သောကြောင့် ပင်။
"မင်း အိုင်ဒေါအဖွဲ့လာမယ် သေချာတယ်နော် ငခေတ်"
"သေချာပါတယ်ကွာ pgမွာ ကြေညာထားပြီးသား"
"မင်းသေချာရင်ပြီးရော နောက်မှ အတန်းလစ်ရကျိုးမနပ်ပဲနေမယ်"
"အေးပါဆိုကွာ မင်းတို့က တမှောက် ငါပြောထားတဲ့အတိုင်း သေချာရိုက်ပေးနော်"
"အေးပါကွာ မင်းဟာမင်းသာ အာရုံစိုက် ငါတို့ဟာ ငါတို့လုပ်မယ်"
"ပြီးရော ပြီးရော"
"၀ိုး!!!!!!!!"
အ၀င်ပေါက်ဆီမှ ကောင်မလေးများ၏ အသံထွက်လာသည်ကိုကြည့်ခြင်းအားဖြင့် အကိုတို့အဖွဲ့ရောက်လာပြီမှာ ကျိန်းသေ၏။ ဗေဒင်ဆရာတောင် သွားမေးစရာမလိုပေ။ စိုက်စိုက်မြိုက်မြိုက်ကြီးကို ရောက်လာလေပြီ။
ထိုသူတို့မှာ အခြားသူများမဟုတ်။ ကျွန်တော်အရမ်းသဘောကျရပါသော ကိုရှင်းတို့အဖွဲ့ပင်။
အဖွဲ့၀င် ၅ယောက်ဖြင့် ဖွဲ့စည်းထားသော Fantastic Boy Groupပင်။ Fandom ဖြစ်သော Fancyများမှာလည်း ခန်းမနှင့်အပြည့်နီးပါးပင်။ ရုပ်ချောသော ကောင်လေး၅ယောက်ကို မိန်းကလေးများသာမက ယောက်ျားလေးများ ပင် ကြွေကြသည်။
YOU ARE READING
အနီရောင် ချစ်ကြိုးမျှင် [Ongoing]
RomanceIdolနဲ့ Fan boyလေးအကြောင်းပါ Idol တစ်ယောက်ရဲ့အနုပညာခရီးလမ်းဟာ ထင်သလောက် မဖြောင်းဖြူးနိုင်ပေမယ့် သူ့ရဲ့ Fanလေးတွေကတော့ သူနှင့်အတူ ထပ်တူလိုက်ခံစားပေးမှာပါ ❤❤❤❤❤❤