Chapter 10 (Uni)

92 2 2
                                    

အနီရောင်ချစ်ကြိုးမျှင်

Chapter 10

အိပ်ရာပေါ်တွင် လူးလွန့်နေသော ကောင်လေးတစ်ယောက်၊ အိပ်စက်ချိန်ကျော်လွန်နေသော်လည်း ခုချိန်ထိ သူအိပ်စက်၍ မရသေးပေ။ မျက်နှာကျက်ကိုသာ အကြောင်းမဲ့စိုက်ကြည့်ရင်း နာရီ၏ တစ်ချက်ချက်မြည်သံကို နားစွန့်နေမိသည်။ ဖုန်းလေးကို ရင်၀ယ်အပ်ကာ သူစဉ်းစားနေဟန်ရှိသည်။

"ဘာလို့တက်မလာသေးတာလဲကွာ... မီးစိမ်းပါတော့... အမြန်တက်လာပါတော့..."

တစ်ယောက်ထဲ ရေရွတ်နေရင်း ဟိုဘက်လိမ့်၊ဒီဘက်လိမ့် ပြုလုပ်နေသော ကောင်လေး။

"ကောင်လေးရယ် ကိုယ်မင်းကိုသိပ်စွဲလမ်းနေမိပြီထင်တယ်... မင်းကိုအမြဲမျှော်နေမိတယ်ကွာ... မနက်ဖန်တော့ scheduleမရှိသေးတော့ မနက်မိုးလင်းတဲ့အထိ နေလို့ရတယ်... အခုချိန် မင်းနဲ့စကားပြောချင်မိတယ်ကွာ..."

နားကြပ်လေးတပ်ရင်း မျှော်တော်ယောင် သီချင်းနားထောင်နေမိသည်။

"မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင်ဘ၀က လွတ်ချင်ပြီ..."

"မျှော်သာမျှော် ပေါ်မလာသော်..."

စိတ်ပူနေမိသည်မှာအမှန်ပင်။ အမွန္ဆို အပြင်မှာ တစ်ခါမှမတွေ့ဖူးဘဲ လိုင်းပေါ်မှာသာ စုံဖူးတဲ့သူတစ်ယောက်ကို စွဲလမ်းနေခြင်းဟာ မကောင်းမှန်းသိသော်လည်း ကျွန်တော့်စိတ်ကို ကောင်းကောင်းနားလည်ပေးသောသူမို့ ကျွန်တော်စွဲလမ်းမိတာ အပြစ်မရှိပါဘူးနော်။

ဘာလို့တက်မလာသေးတာလည်း ကျွန်တော်မသိ။ သူနဲ့လိုင်းပေါ်မှာပဲတွေ့ရခြင်းဖြစ်သည်။ နာမည်ဆိုလို့ ခေတ် ဆိုတာလေးပဲသိသည်။ ကျောင်းဆိုလည်း YUမှာတက်သည်ဆိုတာကိုပဲ သိသည်။ ကျွန်တော် သူ့ကို အပြင်မှာ စုံဖူးချင်သည်။ ကျွန်တော့်ကို သူကသိနေပေမယ့် ကျွန်တော်သူ့ကို သိမနေခြင်းကို ဘ၀င်မကျ။ သူကလည်း ကျွန်တော့်ကိုအသိမခံ။ အဲ့ဒီမွာ ဇာတ်လမ်းလှသွားတော့သည်။

"ဒီကောင်လေးတစ်ခုခုများ ဖြစ်နေလို့လား...

မဟုတ်သေးပါဘူး... သူစာကျက်နေလို့ လိုင်းမတက်ဖြစ်လို့နေမှာပါ..."

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Where stories live. Discover now