Chapter 3 (Uni)

57 2 0
                                    

အနီရောင်ချစ်ကြိုးမျှင်
Chapter 3

At Sky Hotel

"Cheer!!!"

ခွက်ချင်းတိုက်သံများ ဆူညံသွားသည့်နောက်တွင် ပျော်ရွှင်စွာရယ်မောသံများကို ကြားနေရသည်။ ထို၀ိုင်းတွင် ခပ်ချောချောလူငယ်၅ဦးနှင့် လူလတ်ပိုင်း တစ်ယောက်ထိုင်နေသည်။ ဘေး၀ိုင်းများတွင် ထိုင်နေသော လူတစ်ချို့ မှာလည်း ထိုလူငယ္မ်ားကို ၀မ်းသာသော ပျော်ရွှင်သော မျက်လုံးများနှင့် ထိုင်ကြည့်နေလေသည်။

ထိုသူမ်ားမွာ အခြားသူများမဟုတ်။ Fantastic Member 5ဦးနှင့် ၄င်းတို့၏ မန်နေဂျာတို့ပင်ဖြစ်သည်။ တခြား၀ိုင်းမှ လူမ်ားမွာ သူတို့ကို ထုတ်လုပ်ပေးခဲ့သော Entertainment ၏ ၀န်ထမ်းများပင်ဖြစ်သည်။
သူတို့၀ိုင်းဆီသို့ လူငယ်တစ်ယောက် ရောက်လာရှိလာသည်။ 

ထိုလူငယ်ပုံကိုကြည့်ရသည်မှာ ထို၀ိုင်းမှ ကောင်လေးများနှင့် သိပ္မကြာလွေပ။ ချောမောမှု၊ တည်ကြည်မှု အပြည့်ရှိနေသည်။ ထိုသူမွာ အခြားသူမဟုတ် ထိုEntertainment၏ CEOဖြစ်သူ မိုးသောက်ရောင်နီပင်ဖြစ်သည်။

"Congraturationပါ အောင်မြင်မှုအတွက် ၀မ်းသာပါတယ်"

"ကျွန်တော်တို့ကသာ ကျေးဇူးတင်ရမှာပါ ကျွန်တော်တို့ကို ယုံယုံကြည်ကြည် မွေးထုတ်ပေးခဲ့လို့"

"မလိုပါဘူးကြာ မင်းတို့ကြိုးစားရင် မင်းတို့အောင်မြင်မှာပဲ ငါတို့က ထောက်ပံ့ပေးရုံတင်ပါ တကယ်လုပ်ရမှာ မင်းတို့ပဲ"

"ဟုတ်ကဲ့ CEO"

"အေးအေးဆေးဆေး သောက်ကြပါ အကိုကိစ္စရှိလို့ သွားနှင့်မယ်နော်"

"ဟုတ်ကဲ့အကို"

CEOထွက်သွားပြီးနောက် သူတို့ ပွဲအကြောင်းကို ပြန်ပြောနေလေသည်။ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့သော သူတို့၏ ပထမဆုံးပွဲဖြစ်သည်မို့ အားလုံး ပျော်ရွှင်နေကြသည်မှာ အမှန်ပင်။

"ဒါနဲ့ Shinn မင်းကိုမေးမလို့..."

"မေးလေ Mike..."

"ငါတို့ အတူတူ လက်ဆောင်ပြင်ခဲ့တာပဲလေ အဲ့ဒါကို ဘာလို့..."

"ဘာလို့ လက်ဆောင်မပေးဘဲ Selfileဆြဲခဲ့တာလဲ မေးမလို့လား..."

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Onde histórias criam vida. Descubra agora