Chapter 4 (Zawgyi)

32 1 0
                                    

Chapter 4
At RC
ကျောင်းရဲ့ပွဲတိုင်းကျင်းပနေကြဖြစ်သော RCတွင် လူများပေါင်းစုံလျှက် ကျင်းပနေသော Fresher Welcome
ထမင်းစားချိန်ကျော်မှရောက်လာသည်မို့ အစီစဉ်တစ်ချို့ပြီးဆုံးခဲ့လေပြီ။ ကျောင်းစတက်သော fresherလေး တွေကို ကြိုဆိုသည့်ပွဲပေမယ့် သူတို့လေးတွေ အရောင်စုံလင်စွာ လှပနေတော့သည်။
King Selection Queen Selectionညီလေး ညီမလေးများမှာလည်း သူ့ထက်ငါ အပြိုင်အဆိုင်ချောမောနေကြ သည်။
"ခေတ်... ဟိုနားသွားကြည့်ရအောင် အဲ့နားဆို ပိုမြင်ရလောက်တယ်..."
"အေးအေး... ငပိုင် လာလေကွာ..."
"အေးပါကွာ ရှေ့ကသွားစမ်းပါ နောက်က လိုက်ခဲ့မယ်..."
ရထားတွဲလို တသီတတန်းကြီးဖြစ်နေသည်မို့ နည်းနည်းဗယုတ်ကျနေ၏။ လူကြားထဲတိုးဝှေ့ကာ မိမိတို့ လိုချင်သော နေရာသို့ သွားခဲ့ရသည်။ ထိုနေရာမှ ကြည့်လျှင် စင်ကို ကောင်းကောင်းမြင်ရမည်ဖြစ်သောကြောင့် ပင်။
"မင်း အိုင်ဒေါအဖွဲ့လာမယ် သေချာတယ်နော်... ငခေတ်..."
"သေချာပါတယ်ကွာ... pgမှာ ကြေညာထားပြီးသား..."
"မင်းသေချာရင်ပြီးရော... နောက်မှ အတန်းလစ်ရကျိုးမနပ်ပဲနေမယ်..."
"အေးပါဆိုကွာ မင်းတို့က တမှောက်... ငါပြောထားတဲ့အတိုင်း သေချာရိုက်ပေးနော်..."
"အေးပါကွာ... မင်းဟာမင်းသာ အာရုံစိုက် ငါတို့ဟာ ငါတို့လုပ်မယ်..."
"ပြီးရော... ပြီးရော..."
"၀ိုး!!!!!!!!"
အ၀င်ပေါက်ဆီမှ ကောင်မလေးများ၏ အသံထွက်လာသည်ကိုကြည့်ခြင်းအားဖြင့် အကိုတို့အဖွဲ့ရောက်လာပြီမှာ ကျိန်းသေ၏။ ဗေဒင်ဆရာတောင် သွားမေးစရာမလိုပေ။ စိုက်စိုက်မြိုက်မြိုက်ကြီးကို ရောက်လာလေပြီ။
ထိုသူတို့မှာ အခြားသူများမဟုတ်။ ကျွန်တော်အရမ်းသဘောကျရပါသော ကိုရှင်းတို့အဖွဲ့ပင်။
အဖွဲ့ဝင် ၅ယောက်ဖြင့် ဖွဲ့စည်းထားသော Fantastic Boy Groupပင်။ Fandom ဖြစ်သော Fancyများမှာလည်း ခန်းမနှင့်အပြည့်နီးပါးပင်။ ရုပ်ချောသော ကောင်လေး၅ယောက်ကို မိန်းကလေးများသာမက ယောက်ျားလေးများ ပင် ကြွေကြသည်။
သေချာTrainထားသည်မို့ ခန္ဓာကိုယ်အချိုးစားပြေပြစ်လွန်းကာ အလွန်ကြည့်ကောင်းလွန်းလှသည်။ ထို့ကြောင့်လည်း အားလုံးရဲ့ အသည်းကျော်လေးတွေဖြစ်နေကြခြင်းပင်။
အသံပိုင်း၊ အကပိုင်းကြည့်မလား ဘာမှ ပြောစရာမလိုပေ။ ဆွဲမက်ဖွယ်ကောင်းသော အသံလေးတွေကို ပိုင်ဆိုင် ထားကြသူများပင်။
စင်ပေါ်ရောက်သည်နှင့် အကိုတွေအားလုံး၏ အပြုံးချိုချိုလေးတွေကို တွေ့ရပါပြီ။ ဖန်လေးတွေကို အပြုံးလေးတွေနဲ့ နှုတ်ဆက်နေသော ထိုလူသားလေးများကို ကျွန်တော်မြတ်နိုးမိပါသည်။
ကျွန်တော်ပိုမြတ်နိုးတာကတော့ ကျွန်တော့်ရဲ့ Biasဖြစ်သော Shinn Thant...
"1 2 3 မင်္ဂလာပါ... we are... Fantastics "
အကိုတွေရဲ့ ချောမောမှုတွေမှာ အားလုံးကျရှုံးနေကြလေပြီ။
"မင်္ဂလာပါ..." လက်တွေပြကာ အားလုံးကို နှုတ်ဆက်နေသော ထိုကောင်လေးများ။
"ပထမဆုံးအနေနဲ့ ကျွန်တော်တို့အဖွဲ့ကို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းအရင်ပြောချင်ပါတယ်..."
"၀ိုးးးးးးးးးးးးးးး" ဖန်လေးတွေကတော့ ဘာပြောပြော ၀ိုးးးး ၀ါးးးး နေတော့သည်။
"ကျွန်တော်တို့ကို အားလုံးသိပြီးလောက်ပြီဆိုပေမယ့် ပြန်ပြီး မိတ်ဆက်ချင်ပါတယ်..."
"ရေးးးးးးးးး"
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော့်နာမည်က "Kelvin" ပါ Fantastic ရဲ့ Leader ဖြစ်ပါတယ်... Main Vocal ပါခင်ဗျာ..."
" အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ Nik ပါ... Fantastic ရဲ့ Lead Vocal&Lead Dancer ပါခင်ဗျာ..."
" အားလုံးပဲမင်္ဂလာပါ Simonဖြစ်ပါတယ်... Fantastic ရဲ့ Lead Vocal& Sub-Rapper ဖြစ်ပါတယ်ခင်ဗျာ..."
" အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ Mike ပါ Fantastic ရဲ့ Main Rapper ဖြစ်ပါတယ်..."
" အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ Shin Thantဖြစ်ပါတယ်... Fantastic ရဲ့ Main Dancer ဖြစ်ပါတယ်ခင်ဗျာ..."
"Shinn Thant!!!"
Shinn Thantက အဖွဲ့ရဲ့ Visualတစ်ယောက်ဆိုလည်း မမှားလှပေ။ သူ့ကိုသဘောကျသူပို၍များ၏။ ထိုသူများထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပင်။
အကိုတို့ Fantasticsအဖွဲ့မှာ Debutလုပ်ထားသည်မှာ မကြာသေးသည်မို့ ကိုယ်ပိုင်သီချင်း တစ်ပုဒ်သာ ရှိနေသေး သည်။ ထို့ကြောင့် Cover Danceများဖြင့်သာ ဖျော်ဖြေသွားခဲ့သည်။
Debut Songကိုဖျော်ဖြေပြီးသွားသည့်အခါ BTSရဲ့ IDOLသီချင်းကို coverကပြပေးခဲ့သည်။ ထို့နောက်တွင်...
"ကျွန်တော်တို့ Main Dancerကြီးတို့ရဲ့ ဖျော်ဖြေမှုလေးကို နားဆင်ခံစားပေးကြပါအုံး..."
Kelvinကြေညာပြီးသည်နှင့် အားလုံး၏မျက်လုံးများမှာ အရောင်တွေဝင်းလက်သွားတော့သည်။ အကြောင်းမှာ ကိုShinnက ဂစ်တာလေးကို ကောက်ကိုင်ကာ ကြိုးညှိနေခြင်းကြောင့်ပင်။
"ကျွန်တော့်ကို ဖန်လေးတစ်ယောက်က လာပြောထားတယ်... ကျွန်တော်ဂစ်တာတီးပြီး သီချင်းလေးဆိုပြတာလေး မြင်ချင်လို့ပါတဲ့ အမှန်တိုင်းပြောရရင် ကျွန်တော် ဂစ်တာမတီးတတ်ဘူးဗျာ့... မနေ့ကမှ ကြိုးစားပြီး သင်ထားတာ..."
ရယ်သွေးပြီးပြောလေသော ထိုလူသားလေးကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ စင်အောက်ကသူများကတော့ Shinn ပြောတဲ့ ဖန်လေးကို အားကျခြင်း၊ ဖန်လေးတွေရဲ့သဘောထားကို အလေးထားသဖြင့် Shinnကို ပိုလေးစား နေခြင်းများဖြစ်ပေါ်နေကြသည်။
သို့သော်လည်း Shinnပြောသော ဖန်လေးမှာ ကျွန်တော်ဖြစ်သည်ကိုတော့ ကျွန်တော်မှလွဲ၍ အခြားသူမသိနိုင်ပေ။
ဘယ်ဘ၀က ဆုတောင်းကောင်းခဲ့၍လည်းမသိ မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေဟုသော ဆုတောင်းက ပြည့်နေပြီးသားပင်။ ယခုဆိုလျှင် နာမည်ကြားရုံနဲ့ ချစ်ခင်သူများနေလေပြီ။
Shinn၏လက်ချောင်းသွယ်သွယ်လေးတွေ ဂစ်တာကြိုးပေါ် ရောက်သွားချိန်တွင် သာယာနာပျော်ဖွယ်ကောင်း သောအသံလေးတစ်ခုထွက်ပေါ်လာသည်။ စင်အောက်ကပရိတ်သတ်များကို အပြုံးများဖြင့် သတ်နေသူကြီး။
ဂစ်တာသံလေးနှင့်အတူ ကိုShinn၏အသံလေးထွက်ပေါ်လာချိန်တွင် အားလုံးမှာ တအံ့တသြဖြစ်ရပြန်၏။ မျက်နှာချောချောလေးနှင့်လိုက်ဖက်သော အသံချိုချိုလေးမှာ စွဲမက်ချင်စရာကောင်းလှသည်။
"It's you, It's always You...
If I'm ever gonna fall in love...
I know it's gon' be you...
It's you, It's always you...
Met a lot of people, but nobody feel like you...
So, Please don't break my heart...
Don't tear me apart...
I know how it starts...
Trust me I've been broken before...
Don't break me again...
I am delicate...
Please don't break my heart...
Trust me I've been broken before...
I've been broken yeah!...
I know how it feels...
To be open...
And then find out your love isn't real...
I'm still hurting, Yeah...
I'm hurting inside...
I'm so scared to fall in love...
But if it's you then I'll try..."
အသံချိုချိုလေးက သီဆိုလိုက်သော သီချင်းလေးမှာ Ali Gatieရဲ့ It's Youပဲဖြစ်ပါသည်။ သို့သော် သီချင်းတွေ အများကြီးထဲကမှ ထိုသီချင်းကို ဘာလို့ရွေးဆိုတာလည်းကိုတော့ ကျွန်တော်မသိပေ။ ညကျ စကားပြောသည့်အခါ မှ ဆိုရသည့်အကြောင်းရင်းကို မေးရပေဦးမည်။
ကျွန်တော် ကိုShinnကို သိခဲ့ရသည့်အချိန်မှစ၍ အကိုနဲ့ ညတိုင်းနီးပါးစကားပြောဖြစ်ခဲ့ကြသည်။ ပထမကတော့ messengerကနေပြောခဲ့သည်။ နောက် Entertainmentနဲ့စာချုပ်ချုပ်ပြီးသွားသည့်နောက်မှာတော့ Viberနဲ့ စကားပြောဖြစ်ခဲ့ကြသည်။
ယောက်ျားလေးတစ်ယောက်က သူ့ကို ရူးရူးမူးမူးအားပေးနေခြင်းကို စိတ်ကသိကအောက်မဖြစ်တာကိုပဲ ကျေးဇူးတင်လှပါပြီ။ ကျွန်တော့်ကို ကိုShinnက ရင်းရင်းနှီးနှီးစကားပြောသည်။ ရင်ဖွင့်သည် အားရင်အားသလို သီချင်းဆိုပြတတ်သည်။
သို့သော် ကျွန်တော်နဲ့ကိုShinnမှာ မျက်နှာချင်းဆိုင်တခါမှ မတွေ့ခဲ့ဖူးသေးပေ။ ကျွန်တော်ကသာ ကိုShinnကို သိ၍ ကိုshinnကတော့ ကျွန်တော့်ကို မသိပေ။
ကျွန်တော်မှာ ဖျော်ဖြေမှုပြီးဆုံးသည်အထိ ကိုShinnအတွက် vd clip များကို focusထားပြီးရိုက်ကူးခြင်းဖြင့် အချိန်ကုန်နေ လေတော့သည်။ cameraထဲမှာ မြင်နေရသော အကို့မျက်နှာချောချောကို တ၀ကြီးကြည့်နေ မိတော့သည်။
ကျွန်တော့်ရင်ထဲတွင် တမျိုးတမည်လှုပ်ရှားသွားသည်ကိုသိသော်လည်း ထိုအရာဟာ Fanတစ်ယောက်က Idolကို သဘောကျသော စိတ်ဖြစ်မည်ဟုသာ တွေးထင်နေမိသည်။
ကျွန်တော့်သူငယ်ချင်း ငပိုင်နဲ့ သူရမှာလည်း ကျွန်တော်ပေးထားသော တာဝန်ကို ကောင်းကောင်းကြီးဆောင် ရွက်နေသည်။
ကျွန်တော်က Shinnရဲ့focus vdလေးတွေရိုက်မည်။ ငပိုင်က Shinnတို့အဖွဲ့ကို ဓာတ်ပုံရိုက်ရမည်။ အဖွဲ့လိုက်လည်းဖြစ်သလို တစ်ယောက်ချင်းစီလည်း ရိုက်ရမည်။ သူရကတော့ တစ်ဖွဲ့လုံးဖျော်ဖြေသွားသည်ကို Vdရိုက်ရမည်ဖြစ်ပေသည်။
ကျွန်တော်Kpopစရူးပြီဆိုထဲက သူတို့နှစ်ယောက်လိုက်ရူးခဲ့သည်။ သူတို့ကတော့ idolသီးသန့်မရှိ kpopမှန်သမျှ သဘောကျကြသည်။ ငပိုင်ဆိုလည်း cover danceကသူတစ်ယောက်ပင်ဖြစ်ပေသည်။ သူရကတော့ vd ရိုက်ရခြင်းကို ၀ါသနာပါသူတစ်ယောက်မို့ ငပိုင် က တဲ့အခါ ရိုက်ပေးသည်။
သုံးယောက်လုံး စိတ်တူကိုယ်တူမို့ ပေါင်းရသင်းရလွယ်သည်။ တစ်မေဂျာထဲ တစ်တန်းထဲပေမို့ ပြောစရာမလိုတော့ ပေ။
"ငခေတ်... ရပြီ..."
"အေးအေး..." ငပိုင်က သူ့တာဝန်ပြီးဆုံးကြောင်းသတင်းပို့လာသဖြင့် ကျွန်တော်ပြုံးရင်းပြန်ပြောမိသည်။
"ခေတ်... ငါ editပေးရမလား..."
"ရတယ် သူရ ငါ့ဘာသာပဲ editလိုက်မယ်..."
"ညနေ ဆိုင်ဝင်အုံးမယ်မလား..."
သူရကမေးလာသဖြင့် ကျွန်တော်တစ်ချက်တွေဝေသွားမိသည်။ ကျွန်တော် တွေဝေရခြင်း အကြောင်းကတော့ ပါပါရာဇီလုပ်ပြီး အကိုတို့နောက် လိုက်ဖို့စဉ်းစားထားခြင်းကြောင့်ပင်။ သို့သော်လည်း...
"၀င်ရမှာပေါ့ကွာ..."
ဆိုင်ကိုပစ်ထားလို့မသင့်တော်ဘူးမလား။ ဆိုင်ရှင်က အလေလိုက်နေရင် ကျန်တဲ့သူတွေကို ဘယ်လိုထိန်းမလဲ။ ဒါကြောင့်ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း ထွက်လာခဲ့ရသည်။
မြင်ကွင်းရှေ့တွင် ပေါ်လာသော ကားအဖြူလေး၊ ထိုကားမှာ အခြားကားမဟုတ် MT Entertainmentပိုင် ကားတစ်စီးပင်။ MT Entertainmentဟု စာတန်းကပ်ထားသော ကားဖြူလေးမှာ ကားအမည်းနှစ်စီး ခြံရံလျှက် ကျောင်းဝန်းထဲက ထွက်သွားလေပြီ။
King Queenရွေးသည့်အစီစဉ်ကျန်ရှိနေသေးသော်လည်း ကျွန်တော်တို့စိတ်မ၀င်စားသောကြောင့် ဆိုင်ကိုသာ ထွက်လာခဲ့သည်။
"သားခေတ်တို့ ပြန်လာပြီလား..."
"ဟုတ် ဂျာကြီး ရောင်းကောင်းလား..."
"ကောင်းတာပေါ့ကွာ... မုန့်တွေတောင် အသစ်ပြန်လုပ်ထားရတယ် ရောင်းမလောက်ဖြစ်နေလို့..."
"ဒီနေ့မုန့်အသစ်လုပ်တာမလား... ကျွန်တော်သွားမြည်းလိုက်အုံးမယ်..."
ငပိုင်တစ်ယောက် ပြောပြီးသည်နှင့် စားဖိုဆောင်ထဲသို့ ၀င်သွားလေတော့သည်။ ခေတ်ကတော့ uniformလဲကာ ဧည့်သည်များကို ကြိုဆိုနေလေပြီ။
သူရမှာ ခပ်အေးအေးနေတတ်သော်လည်း ဖော်ရွေတတ်သော အကျင့်လေးရှိသည်မို့ လူတိုင်းသူ့ကို ခင်ကြသည်။ Friend Café လေးမှာ ညနေချိန်တွင် လူပိုစည်းကားလျှက်ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့သုံးယောက်မှာလည်း နားရသည်မရှိ။
ဆိုင်ကိုလာကြသူများမှာ မိန်းကလေးပိုများသည်။ သူတို့နှစ်သက်သော idolပုံနဲ့ အသုံးဆောင်များကို သုံးခွင့်ရသဖြင့် အရမ်းပျော်နေကြသည်။ photo zoneလေးထားရှိသည်မို့ အားလုံးနှစ်သက်ကြသည်။ ညနေခင်းချိန် မီးထွန်းချိန်ဆိုလျှင် ပိုလှ၏။ လမ်းမပေါ်ကလှမ်းကြည့်လျှင်ပင် အရမ်းလှပလွန်းလှသဖြင့် မ၀င်ချင်ပဲ မနေနိုင်အောင် ဖြစ်နေမည်။
ချစ်သူများလည်း Romanticဆန်ဆန် ပွဲများကျင်းပချင်လျှင်လည်း စာရင်းကြိုပေးကာ စိတ်ကြိုက်ဒီဇိုင်းဖြင့် ပြင်ဆင်ပေးသေး၏။ ထို့ကြောင့်လည်း လူငယ်များကြားမှာ Friend Café မှာ ရေပန်းစားနေသည်။
Facebookတွင်လည်း Pageထောင်ကာ Menuများ ရရှိနိုင်သော Serviceများကို ကြော်ငြာထားသည်မို့ ဆိုင်တွင် လူပြတ်သည်မရှိ။ အားလပ်ရက်ဖြစ်သော Sat Sun ဆိုလျှင် လူပိုစည်ကား၏။
ဆိုင်ဖွင့်ချိန်မှာ မနက်၉နာရီမှ ည ၉နာရီအထိပင်။
၈ခွဲသည်အထိ လူများမပြတ်သေးပေ။ နောက်ပိုင်းမှ တဖြည်းဖြည်းပြန်ကုန်ကြရာ မရှိသလောက်ရှင်း သွားတော့သည်။ ၉နာရီထိုးသည်နှင့် ဆိုင်ပိတ်ကာ သန့်ရှင်းရေးပြုလုပ်ရသည်။
"ခေတ် မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလား..."
"ဖြစ်ပါတယ်ကွာ... ငါက ပြန်ရမှာ နီးနီးလေး ဘာမှ စိတ်မပူနဲ့..."
"မင်းပြီးမှ အတူတူပြန်ကြမယ်လေ..."
"ရပါတယ်ကွာ... ငါတစ်ယောက်ထဲဖြစ်တယ်... မင်းတို့သာ ကောင်းကောင်းပြန်..."
"အေးပါကွာ... အဲ့ဒါဆို မနက်မှ တွေ့ကြတာပေါ့ကွာ..."
"အေးပါ..."
ဂျာကြီးနှင့် ကျန်ဝန်ထမ်းများမှာ ၉နာရီထိုးသည်နှင့် ပြန်ကြသည်မို့ ကျွန်တော်တို့သုံးဦးသာ ကျန်ခဲ့သည်။ ငပိုင်နဲ့သူရမှာ တိုက်ခန်းအတူတူငှားနေကြသဖြင့် အတူတူပြန်ကြခြင်းဖြစ်သည်။ သူတို့တိုက်ခန်းမှာ ဆိုင်နဲ့ဝေးသောကြောင့် ပြန်ခိုင်းလိုက်ခြင်းပင်။ ကျွန်တော်မှာ ဆိုင်နှင့်နီးသောကြောင့် ညပိုင်းသန့်ရှင်းရေးကို တာဝန်ယူလိုက်သည်။
"ကလင် ကလင်..."
ခေတ် သန့်ရှင်းရေးလုပ်၍ ခုံတွေသိမ်းနေချိန် ဆိုင်တံခါးဖွင့်သံကြားလိုက်ရသည်။
"ဆိုင်ပိတ်သွားပါပြီခင်ဗျာ့..."
ခေတ်ပြောပြီး နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူကြက်သေသေသွားခဲ့သည်။ ဆိုင်အတွင်းသို့ဝင်လာသူမှာ တစ်ယောက်ထဲမဟုတ် ငါးယောက်။ အတိအကျပြောရလျှင် Fantastics member ၅ဦးပင်။
"ပိတ်သွားပြီလား..." Simonရဲ့ငြီးတွားသံဖြစ်သည်။
"ဒါမှန်းသိရင် စောစောလာပါတယ်ကွာ..." Kelvinရဲ့ ရေရွှတ်သံပင်။
ကျွန်တော်အိပ်မက်တောင် မမက်ခဲ့ဖူးသော ကျွန်တော့်၏ Idol အဖွဲ့မှာ ကျွန်တော်ဆိုင်သို့ရောက်ရှိလာခြင်းပင်။
"ညီလေး တစ်ခုခုတောင် မရတော့ဘူးလား..."
"ဗျာ... အဲ့ဒါက ဟို..."
"Mike... မင်းကလည်း ပိတ်ပါပြီဆိုမှကွာ နောက်နေ့မှလာတာပေါ့..."
Nikက Mikeကို ဆူသလိုပြောလိုက်ခြင်းပင်။ ဒီအကိုတွေ ဘာစိတ်ကူးပေါက်ပြီး ဆိုင်ကိုပိတ်ချိန်မှ ရောက်ချလည်း ခေတ် မသိတော့။
"ဒီလိုပါ ညီရယ်... ဒီဆိုင်လေးကို အကိုတို့တွေ အစထဲက လာချင်နေတာပါ... ဒီနေ့ ပွဲလေးတွေဆက်နေတာနဲ့ လာတာ နောက်ကျသွားလို့ပါ..."
ကိုShinnက ကျွန်တော့်ကို ဒီလိုပြောလာတော့လည်း ကျွန်တော်ပျော်ရပါသည်။ ဖုန်းထဲမှာ အမြဲပြောနေကြဖြစ် သော်လည်း အခုလို အပြင်မှာ ပြောခွင့်ရသောကြောင့် အရမ်းပျော်မိသည်။
"ဟုတ် ဆိုင်ကိုခုလိုလာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ..."
"ဘယ်တတ်နိုင်မလဲ ပြန်ကြမယ်လေ သူများကို အနှောက်ယှက်မပေးကြနဲ့တော့..."
တစ်ဖွဲ့လုံးရဲ့ Leaderကြီးစကားက ဘယ်သူမှ မလွန်ဆန်ကြ အားလုံး အပြင်ထွက်ဖို့ပြင်နေကြလေပြီ။
"ခဏ!!"
ကျွန်တော့်အသံကြားသည်နှင့် တဖွဲ့လုံး ကျွန်တော့်ဘက်ကိုလှည့်ကြည့်လာသည်။
"အကိုတို့အတွက် ကျွန်တော်တစ်ခုခုပြင်ပေးပါ့မယ် private roomထဲမှာ စောင့်ပေးပါနော်..."
"အဲ့လိုရလား... တော်သေးတာပေါ့ကွာ..."
ကျွန်တော့်ရဲ့လမ်းပြမှုနောက် အကိုတို့လိုက်ပါလာခဲ့လေသည်။ အကိုတို့ကြည့်ရတာ ဗိုက်တော်တော်ဆာနေပုံရ သည်။ ဆိုင်တော်တော်များများပိတ်ကုန်ပြီမို့ အကိုတို့ အဆောင်ပဲပြန်ရတော့မည်ကို သိသောကြောင့်ပင်။
"အကိုတို့ ဘာများသုံးဆောင်မလဲ ခင်ဗျာ့..."
"အားနာစရာကောင်းနေပါပြီ ညီလေးရယ် အဆင်ပြေတာသာ ယူခဲ့ပါ... တဖွဲ့လုံး ဘာမှမစားရသေးဘူး... ခုချိန် အဆောင်ပြန်လည်း ခေါက်ဆွဲပြုတ်နဲ့ငြားမှာမို့လေ..."
အကိုတို့ဘ၀တွေလည်း လွယ်ကူနေသည်မဟုတ်။ ဒါကို ဖန်တစ်ယောက်ဖြစ်သော ကျွန်တော်လည်း ကောင်းကောင်းသိပါသည်။ ကုမ္ပဏီကပေးသော အဆောင်မှာ အားလုံးစုနေကြရသည်။ တခြားဝန်ထမ်းများမှာ အဆောင်မနေကြသောကြောင့် များသောအားဖြင့် အစားအသောက်ကို အပြင်ကမှာစားကြရသည်။
ခုလည်း ပွဲပြီးသည်နှင့် တခြားဝန်ထမ်းများမှာ ဆိုင်ရာနေရာအသီးသီးသို့ ပြန်သွားချိန်တွင် သူတို့ ၅ဦးသာ ကျန်ရှိခဲ့တော့သည်။
ခေတ်သည် ကျွမ်းကျင်သော စားဖိုမှူးတစ်ယောက်ဖြစ်သည်မို့ ရေခဲသေတ္တာတွင်တွေ့သော ချက်စရာများကို ယူကာ အလွယ်ကူဆုံး ဟင်းလျာကိုပြင်လိုက်သည်။
×××××
"တော်သေးတာပေါ့ကွာ ခုချိန် ဆိုင်တွေပိတ်ကုန်ပြီ... ဒီညီလေးလက်ခံပေးလို့တော်သေးတယ်..."
"ဟုတ်တယ်... မဟုတ်ရင် ညကျရင် ရေသောက်ဗိုက်မှောက်ပြီးအိပ်ရမှာ..."
"Shinnမင်းဖတ်တုန်းက ဖွင့်ချိန် ပိတ်ချိန် မဖတ်ထားဘူးလား..."
"ငါမေ့သွားတယ် နာရီမကြည့်မိလို့ ၉နာရီမထိုးသေးဘူးထင်နေတာ..."
"ဖြစ်ရမယ် Shinnရယ်..."
တံခါးလေးဖွင့်လာချိန်တွင် တိုးဝင်လာသော အနံ့မွှေးမွှေးလေး။ ကော်ဖီနံ့နှင့်အတူ ပါလာသော အနံ့လေး။ အနံ့လေးရတာနဲ့တင် ဗိုက်ပြည့်နိုင်တဲ့အထိ စွဲဆောင်လွန်းလှ၏။
ထိုအနံ့လေးကြောင့် အားလုံး၏ မျက်လုံးများမှာ တံခါးပေါက်အ၀သို့ရောက်ရှိသွားလေတော့သည်။
"ညီ မနိုင်ရင် ဖြည်းဖြည်းချင်းသယ်လာတာမဟုတ်ဘူး... အကိုတို့ကိုလှမ်းခေါ်လည်းရတာပဲကို..."
"ရပါတယ်... အကိုတို့ကို အားနာလို့..."
"အကိုတို့ကသာ အားနာရမှာပါ ညီရယ်... ဆိုင်ပိတ်ချိန်ကြီး ရောက်လာမိလို့လေ..."
"ရပါတယ် အကိုရယ်..."
စားပွဲပေါ်တွင်တင်ထားသော စားစရာများမှ ဗိုက်ဆာနေသူများအဖို့ သွားရည်ယိုစရာပင်။
မာလာရှမ်းကောလေးအပြင် ဟင်းရည်လေးကိုလည်း ပြင်ထားသေး၏။
"ညီတို့ဆိုင်က မာလာရှမ်းကောရတာလား..."
"မဟုတ်ဘူး အကို ဒါအကိုတို့စားဖို့ သက်သက်လုပ်ပေးတာ..."
"အာ အားနာစရာ ညီရယ်..."
"ရပါတယ်ဗျာ... ကျွန်တော်တို့သူငယ်ချင်းတွေ ကျောင်းပိတ်ရင်လုပ်စားရအောင် ၀ယ်ထားတာ ယူမသွားရသေးလို့ အဆင်သင့်ဖြစ်သွားတာ..."
"ကျေးဇူးပါ ညီရယ်..."
"ရပါတယ်ဗျာ... အကိုတို့ အေးဆေးသုံးဆောင်ကြပါနော်..."
ကျွန်တော်လည်း အကိုတို့ကို ထားခဲ့ပြီး ကျန်ရှိနေသေးသော ခုံလေးများကို သိမ်းဆည်းနေတော့သည်။ အကိုတို့ ပျော်နေတာကို မြင်ရတာ ကျွန်တော်အလွန်ဝမ်းသာမိပါသည်။
အကိုတို့လည်း စားသောက်ပြီးသည်နှင့် ကျွန်တော့်ကို နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။ ပန်းကန်းများ သိမ်းပြီးမှ ကျွန်တော်လည်း အိမ်ပြန်ရပေဦးမည်။
×××××
ဆက်ရန်
.
.
.
3-Sep-2022(4:31PM)
#တေးသံစဉ်
#Tayy-Thansin-101
တေးနာမည်လေးပြောင်းထားပါတယ်နော်။ အရင်ဖတ်ဖူးတဲ့သူတွေဆိုသိပါလိမ့်မယ်။ taythansin_101ကနေ Tayy-Thansin-101လို့ပြောင်းထားပါတယ်ဗျာ့။

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Onde histórias criam vida. Descubra agora