Chapter 9 (Uni)

44 1 0
                                    

အနီရောင်ချစ်ကြိုးမျှင်

Chapter 9

ညနေခင်းချိန်တွင် ဆိုင်လေးသည် လူစည်ကားလျက်ရှိနေလေသည်။ ကော်ဖီအဓိကရောင်းသော ဆိုင်ဖြစ်သော်လည်း မုန့်များသာမက Kpopနှင့်ဆိုင်သော ပစ္စည်းများကိုပါ တွဲဖက်ရောင်းချသောကြောင့် လူပိုစည်ကားခြင်းဖြစ်၏။

ထိုသို့လူစည်ကားနေသောကြောင့် ခေတ်တို့သုံးယောက်လုံး မအားလပ်ပါ။ ခေတ်နှင့် ပိုင်မင်းတို့နှစ်ယောက်မှာ Orderကောက်သည့်အပိုင်းကို တာ၀န်ယူထားပြီး သူရမွာ ကောင်တာတွင်ထိုင်ကာ Billစာရင်းများကို တာ၀န်ယူထားသည်။

ဂျာကြီးကတော့ ပစ္စည်းမှာသည့်အပိုင်းကို ယူထားသောကြောင့် ဘာတွေလိုလဲ ဘာတွေမလိုဘူးလဲဆိုတာကို ကြည့်ကာ ဈေးမှာရသောအပိုင်းပင်။ ကျန်သော၀န်ထမ်းများကိုလည်း သူ့အပိုင်းနှင့်သူ ခန့်ထားလေသည်။

ပိုင်မင်းတစ်ယောက် ဆိုင်ကို စရောက်ကတည်းက အလုပ်ရှုပ်နေသောကြောင့် ခေတ်နားကပ်ခွင့်မရ။ ဆိုင်ကျမှ ပြောပြမယ်ဆိုသောသူကြီးမှာ သတိတောင်ရရဲ့လားမသိ။ အကြောင်းအရာတစ်ခုခုကို သိချင်လျှင် မနားတမ်း လိုက်မေးတတ်သော ပိုင်မင်းခန့်ဖြစ်ပေသည်။

ညေန၄နာရီထဲက ဆိုင်ရောက်နေသော်လည်း အလုပ်ရှုပ်နေသောကြောင့် ဘာမှမစားမိကြ။ နာရီလက္တံ ၈နာရီသို့ ပြချိန်မှာတော့ သုံးယောက်သား ဟန်မဆောင်နိုင်အောင် ဆာနေလှပြီ။ သို့သော်လည်း အလုပ်ပြီးမှ နားမည်ဖြစ် သောကြောင့် အောင့်အီးကာ အလုပ္ကို အာရုံစိုက်နေခဲ့သည်။

အချိန်အားဖြင့် ၈နာရီခွဲချိန်တွင် ဆိုင်တွင် လူနည်းသွားလေပြီ။ ဆိုင်ပိတ်ချိန်နီးသောကြောင့် Customerမ်ား အလျှိုလျှို ပြန်သွားကြလေပြီ။ ၉နာရီအတိတွင် ဆိုင်တွင်း လူများလုံး၀မရှိတော့။ ထိုအခါမွသာ ခေတ်နှင့် ပိုင်မင်း ထိုင်ရတော့သည်။ ရောက်ကတည်းက မတ်တပ်ရပ်နေရသောကြောင့် ခြေထောက်များ တောင့်လျှက်ရှိနေ၏။

"ကဲ သားတို့ ဂျာကြီး ပြန်တော့မယ်နော်..."

"ဟုတ်ဂျာကြီး ကောင်းကောင်းပြန်ပါဗျာ့..."

အနီရောင် ချစ်ကြိုးမျှင် [Ongoing]Donde viven las historias. Descúbrelo ahora