အခန်း ၁.၁

11.2K 974 6
                                    

အခန်း-၁.၁

ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ချိန် မှာ ဝမ်းနည်းပူဆွေးနေကြသော လူတစ်စုက သူ့အရှေ့မှာ ရှိနေခဲ့သည်။

ထိုလူ အားလုံးလိုလိုက အနက်ရောင်ကို ဝတ်ထားခဲ့ကြပြီး ကျန်းလော့ကို နောက် ကျောပေးထားကြသည်။ ကျန်းလော့ တန့်သွားမိပြီး သူခေါင်းကိုလှည့်ကာ ထူးဆန်းနေသော အနေအထားကို ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ သို့သော် သူ လှုပ်ရှားမှုပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့မှာ ကြွေကွဲပူဆွေးနေ ကြသော လူအုပ်ကြီးက ရုတ်ခြည်းဆိုသလို နောက်လှည့်ပြီး ကျန်းလော့ကို ကြည့်လာခဲ့ ကြသည်။ မျက်ဆံနက်ကြီးတွေက ငါး တစ်ကောင်ရဲ့မျက်လုံးတွေအလား မကျေ မချမ်းမှုတွေအပြည့်နှင့် သူ့ကို စိုက်ကြည့် လာကြသည်။

"မင်း ဘာလို့မငိုတာလဲ"

သူ့ရဲ့အိပ်မက်က အတော်လေးကို စိတ်ဝင် စားဖို့ကောင်းသည်ဟု ကျန်းလော့ ခံစား လိုက်ရသည်။ သူ ပြုံးလိုက်ပြီး မျက်ရည် တစ်စက်ကို ညှစ်ထုတ်လျက် သူ့ လက်ချောင်းတွေနှင့် သုတ်ကာပြလိုက် သည်။

"ကျွန်တော် ငိုနေတယ်လေ "

ကျန်းလော့ကို စိုက်ကြည့်နေခဲ့ကြသော သူတွေ အကြည့်ပြန်ရုတ်သိမ်းပြီး အရှေ့ ပြန်လှည့်သွားကြသည်။ ထိုသူတွေ "ဝူးဝူးဝူး"ဆိုပြီး ဆက်ငိုကြွေးနေခဲ့ကြပြီး သူတို့၏ ငိုသံတွေက အလွန်တရာပင် စည်းချက် ညီနေခဲ့သည်။

အပြင်ဘက်မှာ မိုးရွာနေခြင်း ဖြစ်နိုင်သည်။ လေနှင့်မိုးက နေရောင်ခြည်ကို ကာဆီးထား ခဲ့သည်။ အစိုဓာတ်တွေက ပြတင်းပေါက် ကနေတစ်ဆင့် တိုးဝင်လာနေကြပြီး အဖြူ ရောင်မြူခိုးတွေက မှိန်ပျပျလွှမ်းခြုံနေခဲ့ သည်။

သူ့ ဘေးနားမှာရှိနေခဲ့သော တစ်ယောက်က သူ့ကို ပြောလာခဲ့သည်။ "ကျန်းလော့ ... အစ်ကို ချီယုံ သေသွားပြီ။ မင်းတော့ ပျော်နေမှာပဲ ... ဟုတ်တယ်မလား"

ကျန်းလော့ အသံလာရာဆီ ကြည့်လိုက် သည်။ သို့သော် ထိုသူကို သူမမြင်ရသေး ခင်မှာပဲ သူ့ပုခုံးထက်ကနေ လျောကျလာ ခဲ့သော ဆံနွယ်တွေက သူ့အာရုံကို ဖမ်းစား သွားခဲ့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now