အခန်း ၇၂ Unicode

3.1K 576 28
                                    

အပိုင်း (၇၂) လှပသောအချစ်

အဖြူရောင်နှင့် အနက်ရောင်ခလုတ်များသည် ကျန်းလော်လက်ချောင်းများအောက်တွင် ကခုန်နေပြီး တေးဆိုငှက်လေး တေးဆိုနေသလို သာယာပြီး ပြင်းထန်သော ခံစားချက်များပေါ်ထွက်လာသော စန္ဒယားသံသည် နူးညံ့သိမ်မွေ့နေရာမှ ပြင်းပြင်းထန်ထန် လေမုန်တိုင်းက နှင်းဆီပွင့်ဖက်များကို ခြွေယူသွားသလို ဗွက်အိုင်ထဲသို့ ရေလောင်းချလိုက်၍ လူတိုင်းကို ရေစင်သွားစေသလို လူတိုင်းကို  အသက်မရှူနိုင်အောင် ညှို့ယူသွားသည်။ 

ဖန်ပုတီးလေးများ သည် ကီးအမြှင့်တီးလိုက်သည်နှင့် ခုန်ပျံဝဲသွားပြီး အိမ်မက်ထဲမှ ပူဖောင်းလေးများလို ခလုတ်များပေါ် အသာအယာပြန်ကျလာသည်။ ပုတီးစေ့များသည်  ကျန်းလော်သီချင်းသံတွင် ပျော်မွေ့နေသလို ကခုန်ပေးနေသလို အသက်ဝင်လာပြီး ကျန်းလော်နှင့်အတူ လူထုကို ဖျော်ဖြေနေသလို ခလုတ်များပေါ်တွင် လှိမ့်နေပြီး သံစဉ်အလိုက် ပျံဝဲလို့နေသည်။ 

ပြိုင်ပွဲသည် ဘယ်လောက် ကျွမ်းကျင်လဲဆိုတာကို ပြိုင်တာမဟုတ်ဘဲ မည်မျှတည်ငြိမ်ပြီး တီးခတ်နေစဉ် ပုတီးစေ့များ ပြုတ်မကျစေရန် ထိန်းသိမ်းနိုင်ခြင်းကို ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

ကျန်းလော်သည် အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသည်။

လူတိုင်းမျှော်မှန်းသည်ထက် ကျော်လွန်ခဲ့သည်။ 

သူ့လက်ချောင်းများသည် စန္ဒယားခလုတ်ပေါ်တွင် လျင်မြန်စွာရွေ့လျားကခုန်နေသောကြောင့် လူတိုင်းသည် လက်ချောင်းများ၏ အရိပ်ကိုသာမြင်နိုင်ကြသည်။ 

ဆံပင်အနက်နှင့်လူငယ်လေးသည် ချပ်ကပ်သေသပ်နေသော အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောကို ဖြောင့်တန်းနေအောင် မတ်ထားပြီး တည်တံ့စွာထိုင်နေကာ ဆံပင်ရှည်များကို နောက်လှန်တင်ထားရာ ကျော့ရှင်းပြီး ဆန်းကြယ်စွာလှပနေသည်။ 

ကြည့်နေကြသော လူများသည် လူငယ်လေး၏ တည်ကြည်ခန့်ညားနေမှုကို ကြည့်ပြီး မူးမေ့မတတ်ဖြစ်နေကြသည်။ 

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now