အခန်း ၅၇ Unicode

3.5K 647 28
                                    

အပိုင်း (၅၇) ဘာကိုဒီလောက်တောင် ရယ်နေတာလဲ

ဤ 'Talent Show'သည် သေချာပေါက် ထုတ်လွင့်ရမည်ဖြစ်ပြီး သူတို့သာ သေချာဂရုမစိုက်လျှင် ရုပ်လွန်လောကအဖွဲ့အစည်းအကြောင်း လူထုထံတွင် ပေါ်ပေါက်သွားမည်ဖြစ်သည်။ ဌာနမှူးရှုသည် ရုပ်လွန်ပညာကျောင်းသားကိုးယောက်ကို ခေါ်လိုက်သည်။ ထို့နောက် စစ်ဆင်ရေးမစ်ရှင်၏ ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်ပြီး အားလုံးသည် သူတို့ကိုယ်သူတို့ မဖော်ထုတ်မိစေရန် ဒိုင်လျှိုနေရမည်ဟု မှာနေသည်။

"ဆရာတို့ ရိုက်ကူးရေးအဖွဲ့နဲ့ ဒါရိုက်တာကို ပြောပြီးပြီ ဝန်ထမ်းတွေလည်း မင်းတို့ဘာလုပ်လုပ် မသိချင်ယောင်ဆောင်နေလိမ့်မယ်၊ အဓိကက မင်းတို့ကိုယ့်ကိုကိုယ် နှိမ့်ချပြီး အတူတူရိုက်ကူးမဲ့ သင်တန်းသားတွေ သတိမထားမိအောင် နေဖို့ပဲ"

ဌာနမှူးရှုသည် နှစ်ခါသုံးခါမက အထပ်ထပ်အခါခါ ပြောနေသည်။

"ရိုက်ကူးရေးအဖွဲ့က မင်းတို့ကို အစွမ်းကုန်လွပ်လပ်ခွင့်ပေးထားမှာနော်၊ လုံခြုံရေးအတွက်က မင်းတို့ဘယ်သူမှန်းသိနေမဲ့ သူတစ်ချို့ ထားပေးထားမှာမို့လို့ တစ်ခုခုဖြစ်ရင်ဖြစ်ဖြစ် လိုအပ်ရင်ဖြစ်ဖြစ် သူတို့ဆီသွားပြောချေ၊ မှတ်ထားနော် ဘယ်သူမှ မသိအောင် ဂရုစိုက်ရမယ်"

ကျန်းလော့သည် ဌာနမှူးထံမှ စာရင်းစာရွက်ကိုကြည့်လိုက်သည်။ ရိုက်ကူးရေးတွင် ပါဝင်မည့်သူအချို့၏နာမည်နှင် 'Talent Show' နာမည်ကိုတွေ့လိုက်ရသည်။ သူတို့သည် သဘာဝလွန်ပြဿနာကို ဖြေရှင်းပြီးလျှင် ဘယ်သောအခါမှ မည်သည့်အစီအစဉ်များတွင်မှ ပါဝင်ရတော့မည် မဟုတ်ပေ။

ကျန်းလော့သည် ရသစုံအစီအစဉ်၏ နာမည်ကို သေချာဖတ်လိုက်သည်။ ၎င်းအစီအစည်ကို "Next Stop! Idol"ဟုခေါ်သည်။ ထိုနာမည်သည် သူ့အတွက်တော်တော် ရင်းနှီးနေသည်။

ပြန်တွေးကြည့်လိုက်သောအခါ သူ့ကို ပိုင်ချူမှ မိတ်ဆက်ပေးပြီး ထောက်ခံပေးမည့် အစီအစဉ်ဖြစ်နေသည်။

လွန်ခဲ့သော နှစ်လခန့်က သူနှင့် စီနီယာအကိုချောင်ပုံစံ ဟန်ဆောင်ထားသော ချီယုံတို့သည် ပထမအဆင့် ရုပ်ရှင်သရုပ်ဆောင် ပိုင်ချူကို သူမ၏မန်နေဂျာမှ ချစ်ခြင်းမန္တာန်သုံး၍ ပြုစားထားသည်ကို ဖယ်ရှားပေး၍ ကူညီခဲ့ဖူးသည်။ ထိုအချိန်က သူမသည် ကျန်းလော့ကို ဤ "Next Stop! Idol"ဆိုသည့် အစီအစဉ်တွင် ပွဲဦးထွက်ရန် စီစဉ်ပေးရန်လုပ်ခဲ့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now