အခန်း ၂၂.၂

3.4K 640 33
                                    

အခန်း ၂၂.၂

"ဆယ့်ငါးမိနစ်တဲ့လား"ကျန်း‌လော့ လေးလေးနက်နက် တွေးလိုက်ပြီး "ငါက တစ်နာရီလောက်တောင် ကြာသွားပြီထင်နေတာ"

ထိုကဲ့သို့သော နှောင့်ယှက်မှုမျိုးက သူတို့၏အစီအစဉ်တွေကို သက်ရောက်မှုမရှိခဲ့ပေ။ သူတို့ လျုကျီ၏ ရုံးခန်းဆီသွားနေသည့် လမ်းတစ်လျှောက် ကျန်းလော့ အိမ်သာမှာ တွေ့ခဲ့ရသောမြင်ကွင်းကို ပြန်စဉ်းစားနေမိသည်။

ယောက်ျားသုံးယောက်က အလုပ်သမားတွေကဲ့သို့ ဝတ်စားထားကြသည်။ ကျန်းလော့ သူတို့၏ပုံပန်းသဏ္ဍန်တွေကို ရေးချထားလိုက်သည်၊ အလွယ်လေး မျက်စိလျှမ်းသွားနိုင်သော နေရာတွေကိုပင် မေ့မထားခဲ့ပေ။

အလုပ်သမားသုံးယောက်ထဲမှာ တစ်ယောက်က အစကနေအဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့ဘူးဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် 2012ခုနှစ် ကျောင်းတိုးချဲ့မှုမှာ အလုပ်သမားနှစ်ဦး လုပ်ငန်းခွင်၌ သေဆုံးခဲ့ကြသည်။

ထိုဖြစ်စဉ်နှစ်ခုကြားမှာ သာမန်ထက်ထူးကဲသော ဆက်နွယ်မှု သေချာပေါက်ကို ရှိလိမ့်မည်။ အလုပ်သမားသုံးယောက်၏ စကားတွေကို ကျန်းလော့၏ ‌ခေါင်းထဲမှာ ထပ်တလဲလဲ ပြန်ကြားနေခဲ့သည်။

"ဒီခွေးမက သူ့ အချစ်ဆုံးသူငယ်ချင်းလောက်တော့ မလှပေမယ့် အနည်းဆုံးတော့ သူက အသက်ရှိနေသေးတယ်လေ"

အလုပ်သမားသုံးယောက် ဖူယွမ်အာကို တွေ့တဲ့အချိန်မှာ ဖူယွမ်အာက သေနှင့်ပြီးပြီလား။

ကျန်းလော့ သူ့အတွေးထဲမှာ ပုံရိပ်ရေးရေးတော့ ပေါ်လာနေပြီဖြစ်၏ သို့သော် အဓိပ္ပာယ်ရှိအောင် ဆက်စပ်ရမည့် အဓိကကျသော အချက်တွေကိုရှာဖို့ လိုနေသေးသည်။

စာသင်ကြားသည့်အဆောင်ဘက်မှာ ညသန်းခေါင်ယံ၌ မည်သူမှရှိမနေခဲ့ပေ။ လူသုံးယောက် တိတ်ဆိတ်နေသော လျှောက်လမ်းကနေ လော့ခတ်ထားသော ရုံးခန်းဆီ လျှောက်သွားလိုက်ကြပြီး ပြတင်းပေါက်ကိုဖွင့်၍ ဝင်လိုက်ကြ၏။

လျူကျီ၏စားပွဲရှိရာဆီ ကျန်းလော့ တန်းသွားလိုက်သည်။ လျူကျီ၏အံဆွဲမှာ ခတ်ထားသောသော့ခ‌လောက်လေး ရှိနေခဲ့သော်လည်း ထိုသော့ခလောက်ကတော့ သူတို့တွေအတွက် အေးဆေးပင်။ ကျိုးကျုံးချိုး သော့ခလောက်ကို ဖွင့်၍ အံဆွဲကိုဖွင့်လိုက်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now