အခန်း ၂၅

3.6K 653 28
                                    

အခန်း ၂၅

မစ်စတာနတ်ဆိုးတဲ့လား။

ပိုင်ယယ်ဖုန်း၏အကြည့်တို့ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့အပြုံးက အခုချိန်ထိ အပြစ်ရှာမရအောင် ပြီးပြည့်စုံနေသေးသော်လည်း ထိုအပြုံးထဲမှာ ဒေါသထက် မုန်းတီးမှုက ပိုများနေခဲ့သည်။

"ဘယ်သူ့အကြောင်းကို ပြောနေတာလဲ ... ကျောင်းသားကျန်း"

ကျန်းလော့ သူ့ခြေထောက်ကို ဖြည်းဖြည်းချင်း အားထည့်လိုက်ပြီး မကောင်းဆိုးဝါး၏ ပခုံးပေါ်ကို မာတင်ဘွတ်ဖိနပ်ဖြင့် ဖိနင်း၍ ရွှံ့တွေကို ပေကျန်ရစ်စေသည်။ ကျန်းလော့၏ အပြုံးတွေထဲရှိ မုန်းတီးမှုတွေက အတိုင်းသားမြင်နေရပြီး သူ ပိုင်ယယ်ဖုန်းကို ငုံ့ကြည့်လိုက်သည်။ သူ့ ပါးစပ်ထောင့်တွေက ကော့တက်လာခဲ့ပြီး "ကျောင်းသားပိုင် ဒီနေရာမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတာလေ ... ငါ ဘယ်သူ့အကြောင်းကို ပြောနေတယ်လို့ ထင်လဲ"

သူ့စကားဆုံးသွားချိန်မှာ သူ ပိုင်ယယ်ဖုန်း၏ နားနားကို ကပ်လိုက်ပြီး သူ့လက်ထဲရှိ ဓားမြှောင်က ပိုင်ယယ်ဖုန်း၏ နဖူးပေါ်ကနေ နှလုံးသားရှိရာဆီ ဆင်းသွားခဲ့ကာ သူ ‌ဖြည်းဖြည်ချင်း ပြောလိုက်သည်။

"လူသားအဖြစ် သရုပ်ဆောင်နေတဲ့ အချိန်က အရမ်းကြာလွန်းအားကြီးလို့ ကိုယ့်ကိုကိုယ် လူလား သရဲလား ဆိုတာကိုတောင် မေ့သွားပြီလား ... ချီယုံ"

ချီယုံ ရပ်တန့်သွားပြီးမှ တဖြည်းဖြည်းချင်း ပြုံးလာခဲ့သည်။

သူ့၏အော်ဂလီဆန်စရာကောင်းသော လူအရေခွံကို ဖယ်ရှားပြီးတော့ နက်မှောင်ကာ ကြောက်စရာကောင်းသော သဘာဝကို လှစ်ဟပြလာခဲ့သလိုပင်။ သူ့ ပါးစပ်‌ဆီကနေ အနည်းငယ် စိတ်မမှန်သည့်ပုံစံပေါက်သော ပျော်ရွှင်ကြည်နူးနေသည့် လေသံတစ်သံ ထွက်လာခဲ့သည်။ ထပ်တူညီသော မျက်နှာဖြစ်နေသော်ငြားလည်း အခုပုံစံက လူတွေကို နောက်ကျောထဲကနေပြီး အေးစက်မှုကို ခံစားရစေသည်။

သူ့နှုတ်ခမ်းထက်ရှိ အပြုံးက ကျယ်သထက်ကျယ်လာခဲ့ပြီး သူ၏ ရေစိုနေသော မျက်မှန်ကိုချွတ်ကာ စိတ်ဝင်တစား မေးလာခဲ့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now