အခန်း ၄၈ Unicode

3.4K 702 18
                                    

အခန်း ၄၈

ကျန်းလော့သည် ရုပ်တု၏နှလုံးကို ခိုးယူပြီးသည်နှင့် ရှန်တုချွင်သို့ လျင်မြန်စွာ ပြေးတော့သည်။

ရှန်တုချွင်ကို ကြည့်ပါက ကျေးရွာအတွင်း ပုံရိပ်များဖြင့် ပြည့်နေသော်ငြား သူတို့က လူများမဟုတ်ဘဲ လူသားအဝတ်အစား ဝတ်ဆင်ထားသည့် စက္ကူရုပ်များသာ ဖြစ်ပေသည်။

ထိုစက္ကူရုပ်များသည် အလွန်အမင်း အစစ်အမှန်ဆန်လှလျက် လူသားများအသက်ရှင်နေသည့်အတိုင်းပင်။ မျက်လုံးဖြင့် မြင်မြင်သမျှ ရှန်တုချွင်အတွင်း စက္ကူရုပ်များပြည့်နေပြီး အသက်ရှိသူ များများမရှိချေ။

ကျန်းလော့သည် စက္ကူရုပ်များကို ဖြတ်လျက် လျင်မြန်စွာ ပြေးသွားတော့သည်။

အနီရောင်ဝတ် ကလေးမလေး၏ မိဘများ၊ ရွာလူကြီးအပါအဝင် ရွာသားအားလုံးသည် စက္ကူရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

ကျန်းလော့ မြေအောက်ရှိ စက္ကူရုပ်များကို မီးရှို့လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ စက္ကူရုပ်များသည်လည်း မူလအတိုင်း ပြန်လည် ဖြစ်လာတော့သည်။ ရွာရှိလူဦးရေ ၃၀၀ လုံးအနက် အနည်းငယ်သာ ကျန်ရှိနေခဲ့ပြီး ရုတ်တရက် အဖြစ်အပျက်က အံ့ဩမှင်တက်သွားစေသည်။

ကျန်းလော့သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဝမ်ယမ်လန်နှင့် ကျန်သူများရှိသည့် တောင်ပေါ်သို့ ပြန်ပြေးလာခဲ့သည်။

လုယုံရိကို ဆေးရုံသို့ သွားပို့သော ခွမ့်ကျိန်းမှလွဲ၍ ကျန်သူများသည် ဂူအဝတွင် အချိန်ကို စောင့်ဆိုင်းရင်း မြေတွင်းပေါက်ထဲသို့ ခုန်ဆင်းလုနီးပါး အခြေအနေတွင် ရှိနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းလော့က အချိန်မီ ရောက်ရှိသွားကာ မည်သည်ကိုမျှ မရှင်းပြမီ။ "အရင်ဆုံး ကျောက်တုံးရှာပြီး ဒီအပေါက်ကို ပိတ်ရအောင်"

ကျန်းလော့သည် ချွေးများကို သုတ်လိုက်ပြီး အပေါက်ကို ပိတ်ရန် ကျောက်တုံးကို သယ်လာစဉ် လူအုပ်စု၏ အကြည့်များက သူ့ခြေထောက်ဆီသို့ ရောက်သွားကြသည်။

"မင်း ဘာဖြစ်ခဲ့တာလဲ" ကောကျူက သူ့ဘောင်းဘီများကို လက်ညှိုးထိုးပြီးနောက်။ "ဘောင်းဘီတွေ စုတ်ပြဲနေတယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now