အခန်း ၆.၁

3.5K 604 4
                                    

အခန်း ၆.၁ လူမျက်နှာဧည့်သည်။

သူဌေးကတော်ကို ဒီထက်ပိုပြီး လူဟူ၍ ခေါ်ဖို့မဖြစ်နိုင်တော့ချေ ... သူမက နုပ်နုပ်စဥ်း ခံထားရသော အသွေး အသားတွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင် အပ်ချည်နှင့်အပ်ဖြင့် တွဲချုပ် ထားခဲ့သော အသားတစ်ကြီးနှင့် တူနေ ခဲ့ပြီး မျက်နှာထက်မှာလည်း နေ့ဘက်မှာ လိမ်းချယ်ထားသော မိတ်ကပ်တွေ မရှိတော့တာမို့ မှုန်မှိုင်းနေသော ညသန်းခေါင်ရဲ့ အလယ်မှာ သူမရဲ့ အကျဉ်းတန်ဆုံး‌သော မျက်နှာကို လှစ်ဟ ပြလာခဲ့သည်။

သူဠေးရဲ့မိန်းမက ဘယ်လိုဖြစ်လို့ ဒီပုံစံ ကြီး ပြောင်းလဲသွားရသလဲ ဆိုတာကို တော့ ဘယ်သူမှမသိချေ။ သို့သော် ကျန်းလော့တို့ကို တိုက်ခိုက်ရမည့်အစား ကုတင်ပေါ်မှာ အိပ်နေခဲ့သော အမယ်အို ကြီးနှင့် ကလေးအပေါ် သူမ ဒေါသတကြီး ခုန်အုပ်လိုက်သည်။

ယယ်ရွှင် မသိစိတ်ရဲ့ စေ့ဆော်မှုအရ သူ့လက်ချောင်းကို ကိုက်လိုက်ပြီးနောက် ယုန်ရုပ်ရဲ့ ပါးစပ်ထဲသို့ ထိုးထည့်လိုက် သည်။သွေးတွေက အပြင်သို့စီးကျလာ ခဲ့ပြီး ယုန်ရုပ်ရဲ့ အနက်ရောင်မျက်လုံး တွေထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေး သွားခဲ့သည်။ ယယ်ရွှင်ရဲ့ မျက်နှာက လေးနက်နေခဲ့ပြီး သူ အရုပ်ကို ကြမ်းပြင် ပေါ်သို့ ချလိုက်သည်။

"ရှောင်ဖန်း ... သွားပြီးတော့ သူမကို မျိုချပစ်လိုက်"

ရှောင်ဖန်းက သူဌေးရဲ့မိန်းမရှိရာဆီကို တောင့်တင်းနေသော ခြေလှမ်းတွေဖြင့် လှမ်းသွားလိုက်သည်။

အရုပ်ကြီးက ... အံ့ဩဖို့ကောင်းလောက် အောင်ကို ... ရွေ့နေတယ်ဟ။

ကျန်းလော့ရဲ့မျက်နှာက ရှားရှားပါးပါးပင် အူကြောင်ကြားရုပ်လေး ပေါက်နေခဲ့ပြီး ရှောင်ဖန်းကို သူ ငေးကြောင်ကြောင်ဖြင့် ကြည့်နေခဲ့မိသည်။

ယယ်ရွှင် တံခါးဆီသို့ နောက်ဆုံး လက်ကျန် အင်းစာရွက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပစ်ပေါက်လိုက် သည်။ "အပြင်ထွက်သွားကြ ... ငါ့ကို လာမရှုပ်ကြနဲ့"

တံခါးချပ်ကြီးက ကျန်းလော့နှင့် လုယုံရိ ရဲ့ မျက်စိအောက်မှာပင် ပိတ်သွားခဲ့သည်။ ကျန်းလော့ ဝရံတာဆီ လမ်းလျှောက် သွားဖို့အတွက် အချိန်အတော်ယူလိုက် ရပြီး ဆေးလိပ်သောက်နေခဲ့သော သူဌေး ဖြစ်သူဆီကနေ ဆေးလိပ်တစ်လိပ် တောင်းကာ ဘေးနားမှာ ထိုင်ချပြီးတော့ သောက်လိုက်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now