အခန်း ၂၀.၁

3.2K 569 8
                                    

အခန်း ၂၀.၁

သူ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ လျို့ဝှက်ချက်တစ်ခုကို ရှာတွေ့မိသွားတဲ့ပုံပဲ။

မထင်ထားဘူး ... သူ တကယ်ကို မထင်ထားခဲ့ဘူး။

စုံစမ်းလို့ရတဲ့ အချက်အလက်တွေ ကြောင့် ပိုင်ယယ်ဖုန်း နှင့် ပတ်သတ်တဲ့ သံသယတွေကို ကျန်းလော့ လက်လွှတ် လိုက်ပြီဖြစ်ပေမယ့် တစ်ဖက်လူ၏ နိုင်ကွက်ကို အခုလိုမတော်တဆ ရှာတွေ့ မိလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။

ထိုရှာတွေ့မှုက ကျန်းလော့ရဲ့ စိတ် အခြေအနေကို မြန်မြန်ဆန်ဆန်ပင် ကောင်းမွန်လာစေခဲ့သည်။

သူ့ရဲ့ တားဆီးလို့မရသော အပြုံးကို ထိန်းချုပ်လိုက်ပြီး သူ့ လက်ချောင်းတွေ ထက်က စက္ကူပြာတွေကို သုတ်လိုက် သည်။ သူ့လက်တွေကို သုတ်ပြီးသွား ချိန်မှာပဲ ရွှီယန်က အပြင်ကနေ ပြန်လာခဲ့သည်။

ရွှီယန်က တစ်နေရာရာကို သွားလာခဲ့တာ ဖြစ်သည်။ သူ့ရှူးဖိနပ်တွေပေါ်မှာ ရွှံ့တစ်ချို့ ပေနေခဲ့သည်။ ထို့ကြောင့် ကျန်းလော့ သူ့ကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်တော့ ရွှီယန်ကလည်း သူ့ကို သတိနှင့်ပြန်ကြည့်လာခဲ့သည်။

ကျန်းလော့ ပြုံးလိုက်ပြီး "ပြန်လာပြီ လား။ ခဏနေရင် မိုးရွာတော့မှာ"

ပြုံးနေတဲ့သူကို မရိုက်ဘူးဆိုတဲ့ အဆို လိုပဲ ကျန်းလော့ရဲ့ အပြုံးက လှလွန်း အားကြီးပြီး သူ့ရဲ့စကားတွေက နှစ်ယောက်ကြားမှာ ရှိနေခဲ့သော အနည်းငယ် ရန်လိုသည့်အနေအထားကို အလွယ်တကူပင် ကွယ်ပျောက်သွားစေ ခဲ့သည်။ သူ့ကို ဆက်ပြီး စိုက်ကြည့်နေ ရမှာကို ရွှီယန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရပြီး သူ "အမ်"ဟု တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။

ကျန်းလော့ ဓာတ်ဘူးကို ကောက်ကိုင် လိုက်ပြီး ရေနှစ်ခွက်လောင်းထည့်ကာ သဘာဝကျကျပင် ပြောလာခဲ့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now