(U)ကျက်သရေအပေါင်းဖြင့်ပြည့်စုံလှပြီး လက်ထပ်ပွဲကျင်းပရာနေရာဖြစ်တဲ့ Hallက ဧည့်ပရိသတ်တွေဖြင့် တဖြည်းဖြည်းပြည့်နှက်လာသည်။
ပွဲစဖို့အချိန်နီးလာလေလေ နှစ်ဖက်မိဘတွေကလည်း လာရောက်ကြတဲ့ ဧည့်သည်တွေကို နှုတ်ဆက်ဧည့်ခံရင်း အလုပ်များနေကြတော့သည်။အလုပ်ရှုပ်နေကြတဲ့မိဘတွေနဲ့မတူဘဲ နားနေခန်းအဖြစ် စီစဉ်ပေးထားတဲ့အခန်းတစ်ခန်းမှာ သူနဲ့ဘာမှမဆိုင်သလို ပီကေ၀ါးရင်း ဖုန်းထိုင်သုံးနေတဲ့သူတစ်ယောက်လည်း ရှိနေသည်။ တစ်ယောက်တည်းကမ္ဘာမှာ ပျော်မွေ့နေပုံရပြီး တစ်ချက်တစ်ချက် ပီကေကိုတဖောက်ဖောက်ဖြင့် မှုတ်ပါသေးသည်။
ထိုသူကတော့ ..
"Baekhyun !"
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခိုက်အတန့်လေး ဖျက်ဆီးခံလိုက်ရတာကြောင့် Baekhyun မျက်နှာက မကြည်လင်တော့။ တရားခံဖြစ်သူ အမြွှာအစ်ကို ကိုကြည့်တော့ ဟီးကနဲ သွားဖြီးပြလေသည်။
"ဘယ်လိုလဲ .. ငါချောလား ?"
၀တ်စုံပြည့်အဖြူရောင်နဲ့ မိတ်ကပ်အနည်းငယ်ဖြည့်စွက်ထားတဲ့ အစ်ကိုဖြစ်သူဟာ အမှန်တကယ်ပင် ချောမောလို့နေသည်။ Baekhyun ဖြစ်စလွယ်ခေါင်းငြိမ့်ပြတော့ မကျေနပ်ပုံရပြီး အနားမှာအတင်းတိုး၀င်ထိုင်တော့သည်။
"ဘာလဲ .. BaekEunရာ"
"မင်းပါးစပ်ကပြော .. ငါချောလားလို့ !"
"အေးပါ .. မင်းချောပါတယ် ! တစ်ကမ္ဘာလုံးမှာ မင်းအချောဆုံး ဟုတ်ပြီလား .. အခုဖယ်တော့"
"ဟွန်း ! သူကပဲသူများကို ဖယ်ခိုင်းရသေးတယ် .. ငါ့ကိုကိုက ငါ့ကိုဆိုသဲကဲတာပါနော် မင်းမလို့ ငါ့ကိုစိတ်မရှည်သလိုပြုမူနေတာ"
"အေးပါဟ .. နားတွေလည်းငြီးလှပါပြီ BaekEunရယ် ! မင်းကိုကို Park Chanyeol ဆီပဲသွားပါတော့ သူပဲ မင်းကိုသည်းခံနိုင်တယ်"
"အင်းပါ ! မင်းမနှင်လည်း ငါသွားမှာပါ .. ဒါနဲ့လက်ထပ်ပွဲစတော့မှာမလို့လားမသိဘူး တအားစိတ်လှုပ်ရှားလာတယ် စိတ်လှုပ်ရှားလာတော့ သိတဲ့အတိုင်း အပေါ့သွားချင်လာတယ်ဟ .. ငါအရင်ဆုံး သန့်စင်ခန်း၀င်ပြီးမှပဲ
ကိုကို့ဆီ သွားတော့မယ်"
