(U)"အာ့ ! ညောင်းလိုက်တာ .."
စာကြည့်ခန်းမှာအိပ်ရတာ Chanyeol အတွက် အဆင်မပြေပေမယ့်လည်း တစ်ညတာကကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့မနက် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
Chanyeol မတ်တပ်ရပ်ကာ တစ်ကိုယ်လုံးအညောင်းပြေသွားအောင် အကြောဆန့်ပြီး စာကြည့်ခန်းထဲကထွက်လာလိုက်တော့သည်။ အခန်းရှေ့ရောက်တော့ တစ်ခါထပ်တွေဝေရပြန်သည်။ ကိုယ်ပိုင်အခန်းဖြစ်ပေမယ့်လည်း သူစိမ်းမမြည်သော သူစိမ်းတစ်ယောက်ကို အခန်းထဲနေရာပေးထားတာကြောင့် Chanyeol ၀င်သင့် မ၀င်သင့် တွေးတောနေရသည်။
ဒေါက် ဒေါက် !
မနေနိုင်တော့တာကြောင့် တံခါးနှစ်ချက်ခေါက်မိတော့ အထဲကဘာတုံ့ပြန်မှုမှပြန်မရ။ Chanyeol ဆံပင်ဆွဲဖွလိုက်သည်။ တုံ့ဆိုင်းနေရတာက Chanyeol အလုပ်မဟုတ်တာကြောင့် ကြာလာတော့မခံချင်စိတ်လေးဖြစ်လာသည်။ ထိုအခါဘာကိုမှဂရုမစိုက်တော့ဘဲ အသက်၀၀ရှူပြီး အခန်းတံခါးဖွင့်လိုက်လေသည်။
"အာ .. သူကနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေတာပဲ"
ကုတင်ထက်တွင် ကောင်းကောင်းအိပ်ပျော်နေတဲ့ Baekhyunကိုကြည့်ရင်း Chanyeol ခေါင်းခါလိုက်သည်။ ကိုယ်နဲ့သူကလည်း ဘာမှမသက်ဆိုင်တာကြောင့် နှိုးမနေတော့ဘဲ တဘက်ယူကာ ရေချိုးခန်းထဲသာ၀င်သွားလိုက်သည်။
ရေချိုးသန့်စင်ပြီး နေ့စဉ်၀တ်နေကျဖြစ်တဲ့ ၀တ်စုံပြည့်တွေထဲက တစ်စုံကိုထုတ်ပြီး ၀တ်ဆင်ကာ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်ကို ဂျယ်လ်အကူအညီဖြင့် သပ်တင်သည်။ Chanyeol အားလုံးပြင်ဆင်ပြီးသွားတဲ့အချိန်အထိ Baekhyun တစ်ချက်ကလေးတောင် မလှုပ်လာခဲ့ပါ။
"ကောင်းကောင်းအိပ်နိုင်တာပဲ .."
အိပ်ပျော်နေတဲ့ Baekhyunကို တစ်ချက်ကြည့်ပြီး Chanyeol အခန်းထဲကထွက်လာလိုက်သည်။
"သခင်လေး နိုးပြီပဲ .. မနက်စာပြင်လိုက်ရတော့မလား"
"ဟုတ်ကဲ့ ပြင်လိုက်ပါ .. ဒါနဲ့ အဒေါ် Baekhyun နေဖို့အတွက် ကျွန်တော့်ဘေးခန်းကိုရှင်းထားပေးပါ သူ အဲ့ဒီမှာနေပါလိမ့်မယ် .."
![](https://img.wattpad.com/cover/316553910-288-k960760.jpg)