အပိုင်း ၁၆။

1.1K 132 18
                                    


(U)

"တကယ်လက်က အဆင်ပြေရဲ့လား Baekhyun"

"ကျွန်တော်ပြေပါတယ်လို့ ဆက်တိုက်ပြောလာတာ ဆေးရုံကနေအခုအိမ်တောင်ရောက်လာပြီ .."

တကယ်လည်း အဟုတ်ပင်။
လက်လေးနည်းနည်းထိထားတာကို Chanyeolက Baekhyunကို ဆေးရုံအတင်းတက်ခိုင်းသည်။ Baekhyun မတက်ဘူးလို့ငြင်းတော့ ဒီတစ်ခါ 'အဆင်ပြေရဲ့လား' ဆိုပြီး တတွတ်တွတ်ဖြင့် ဆက်တိုက်မေးနေပြန်တော့သည်။

လက်ရှိ Park Chanyeolကတော့ သူ့အဖြစ်သူသိကာ ပါးစပ်ပိတ်သွားပြီး car parkingလုပ်နေသည်။

"အပေါ်မတက်သေးနဲ့ဦး Baekhyun .."

"ဟမ်"

"ကိုယ်တို့ညနေစာ မစားလိုက်ရဘူးမလား .. ဒီမှာခဏထိုင်နေ ကိုယ်တစ်ခုခုပြင်ဆင်လိုက်မယ်"

"ရတယ် .. ကျွန်တော်အဲ့ဒီလောက် ဗိုက်မဆာဘူး ခင်ဗျားအပင်ပန်းမခံလည်းဖြစ်တယ်"

"ဟင့်အင်း ..! မင်းဆေးသောက်ရဦးမယ်လေ မဟုတ်ရင်မင်းလက်နာနေလိမ့်မယ်"

ပြောမနိုင်တော့တာကြောင့် Baekhyun ပါးစပ်လေးပိတ်ပြီး ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်နေလိုက်သည်။

Baekhyun ပတ်တီးစည်းထားရတဲ့ ဘယ်ဘက်လက်ကို ခဏကြည့်ပြီး ဟိုဟိုဒီဒီအကြည့်ကစားနေလိုက်သည်။ ခဏအကြာ မီးဖိုချောင်ကနေ အသံတစ်ချို့လည်းကြားနေရတာကြောင့် Chanyeol ဘာလုပ်နေလဲဆိုတာ Baekhyun သိချင်လာသည်။

ထို့ကြောင့်အသာလေးထပြီး ခြေသံဖွဖွလေးဖြင့် မီးဖိုချောင်ဆီဦးတည်လိုက်သည်။ မီးဖိုချောင်အ၀ရောက်တော့ ကျောပေးထားတဲ့ Chanyeolက Baekhyun မြင်ကွင်းထဲဦးစွာ၀င်ရောက်လာသည်။ တိတ်တဆိတ် အနေအထားဖြင့်သာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နေတဲ့သူ့ကို ရပ်ကြည့်နေလိုက်တော့သည်။

"Baekhyun .. ဘယ်အချိန်တည်းကဒီမှာရပ်နေတာလဲ"

Chanyeolကိုငေးရင်း Baekhyun သတိလွတ်သွားခဲ့တာပင်။ ငေးကောင်းနေတော့ Chanyeol လှည့်ကြည့်လာတာကိုတောင် Baekhyun မသိလိုက်။ အသံကြားမှသာ အသိစိတ်၀င်လာတာဖြစ်သည်။

"အာ ..! ကျွန်တော် .. ကျွန်တော် .."

"ဗိုက်ဆာနေလို့လား"

PARK BAEKHYUN [ COMPLETED ]Where stories live. Discover now