အပိုင်း ၂၂။

1.3K 143 29
                                    

(U)

တစ်ပတ်သာကြာသွားပေမယ့် ဂျယ်ဂျူဒိုကိုရောက်လာပြီး Baekhyun နေ့ရက်တွေကပုံမှန်အတိုင်းသာ။ မနက်မိုးလင်းရင် သူ့ဘာသူအိပ်ရာထလာတယ်။ စားစရာရှိတာ စားတယ်။ တစ်‌ယောက်တည်းထိုင်ပြီး ပင်လယ်ကိုငေးတယ်။ ပျော်ရွှင်စရာကောင်းတယ်လို့တော့ မဟုတ်ဘူး‌ပေါ့။

တိုက်ဆိုင်သွားတာလားတော့မသိပေမယ့် Baekhyunတည်းတဲ့ ဟိုတယ်လ်က ပြီးခဲ့တဲ့တစ်ခါ Chanyeolနဲ့အတူလာတုန်းက နေရာပဲဖြစ်တာကြောင့် Baekhyunမှာ သူ့ကိုမုန်းတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း နှစ်ဆပိုပြီးလွမ်းဆွေးနေမိသည်။

သူရော ဘာတွေလုပ်နေမလဲ။ Baekhyunကိုရော သတိရနေမလား။ ဒါမှမဟုတ် ပျော်ရွှင်နေလောက်မလား စသဖြင့် အရေးမပါတဲ့မေးခွန်းတွေကို Baekhyun ဦးနှောက်ခြောက်ခံပြီး တွေးတောနေမိသည်။ သိပ်ရူးတာပဲ။

"ဟင်း ..."

သက်ပြင်းအရှည်ကြီးချပြီး Baekhyun ပင်လယ်ပြင်ကိုငေးကြည့်ရာကနေ တိုင်ကပ်နာရီအားကြည့်တော့ မနက်၈နာရီရှိပြီဖြစ်သည်။ ထပ်ပြီးလည်းမထိုင်ချင်တော့တာကြောင့် ရေမိုးချိုးပြီး မနက်စာသွားစားဖို့ ဆုံးဖြတ်လိုက်‌သည်။

"ကင်မ်ချီထမင်းကြော်နဲ့ ရေညှိထမင်းလိပ်တစ်ပွဲပေးပါ ပြီးတော့ရေတစ်ဘူးရောပဲ"

"ဟုတ်ကဲ့ .. ခဏလေးစောင့်ပေးပါ"

အကူကောင်လေးအား မနက်စာမှာပြီး Baekhyun တစ်ထောင့်မှာ၀င်ထိုင်လိုက်သည်။ ဟိုတယ်လ်က စားသောက်ဆိုင်ပဲဖြစ်တာကြောင့် ဆိုင်အတွင်း မိသားစု၊ အတွဲ၊ သူငယ်ချင်းတွေ အစုလိုက်ရှိနေကြသည်။ Baekhyunကတော့ တစ်ယောက်တည်းသာ။

ဘယ်လောက်ပဲ လောကကြီးကိုစိတ်ကုန်နေပါစေ အသက်ရှင်ဖို့လိုအပ်တာကြောင့် Baekhyun မနက်စာကိုတော့ကောင်းကောင်းစားဖြစ်သည်။ နေထိုင်စရိတ်အတွက်လည်း ကဒ်ယူလာခဲ့တာကြောင့် စိုးရိမ်စရာတော့မရှိ။ လိုအပ်လာရင်လည်း ဂျူယောင်းကို အကူအညီတောင်းဖို့အတွက် ‌စဉ်းစားထားသည်။

"ရှင်းမယ်"

"ဟုတ်ကဲ့ ××× ကျသင့်ပါတယ်"

ကျသင့်ငွေရှင်းပြီး ဆိုင်ထဲကထွက်လာဖို့လုပ်တော့ တစ်ဖက်ကလူတစ်စုနဲ့ Baekhyun တိုက်မိသွားသည်။

PARK BAEKHYUN [ COMPLETED ]Where stories live. Discover now