(U)"အမေ့ !"
အိပ်ပျော်နေတဲ့ Chanyeolကို Baekhyun အပေါ်စီးကနေငုံ့ကြည့်ရာကနေ ရုတ်တရက်ကြီး အားပါပါဖြင့်ဖမ်းဆွဲခံလိုက်ရတာကြောင့် Baekhyun ထိတ်လန့်စွာအော်မိသွားတော့သည်။
စက္ကန့်ပိုင်းအတွင်း အခြေအနေကပြောင်းလဲသွားသည်။ ခုဏကအထိ Chanyeolကို ငုံ့ကြည့်နေခဲ့ပေမယ့် အခုတော့ အမူးသမားကျေးဇူးကြောင့် သူ့ရင်ခွင်ထဲရောက်နေပြီး တင်းကျပ်စွာဖက်ထားခြင်းကိုလည်း ခံနေရသည်။
ဟင်း !
Baekhyun သက်ပြင်းချပြီး ခန္ဓာကိုယ်ကိုအနည်းငယ်ရုန်းကြည့်တော့ အချည်းနှီးသာ။ အမူးသမားက မူးပြီးအိပ်ပျော်နေပေမယ့် အားကတော့ကြီးလွန်းသည်။ ခဏအထိ Baekhyun ရုန်းကန်ကြည့်ပြီး ဘာမှမထူးတာကြောင့် အားအင်ကို အလကားသက်သက် ကုန်ခံမနေတော့ဘဲ ငြိမ်နေလိုက်တော့သည်။
Chanyeolက အနောက်ဘက်ကနေဖက်ထားတာကြောင့် သူ့ရဲ့၀င်သက်ထွက်သက်လေက Baekhyun
ဂုတ်ပိုးကိုထိခတ်နေသည်။ အနေရခက်စွာဖြင့် ခန္ဓာကိုယ်ကျုံ့ရန်ကြံတော့လည်း အလကား။"ကျေးဇူးပြုပြီး မူးနေရင်လည်းအေးဆေးမူးပြီးအိပ်တာမဟုတ်ဘူး ! အလကား .. ငါ့ကိုသက်သက်ဒုက္ခပေးနေတာ ဒီတိုင်းတော့မကျော်သွားဘူး ငါလည်းတစ်ခုခုပြန်လုပ်ရမှ ကျေနပ် .."
"BaekEun .."
Baekhyun ပြောလက်စစကားအကုန်ရပ်တန့်သွားသည်။ အသက်ရှုနေရင်းကရပ်လိုက်မိပြီး ခန္ဓာကိုယ်ကတောင့်တင်းသွားသည်။
"အာ .."
Baekhyun ဘာမှမပြောနိုင်သေး။ အမှန်တော့ ခဏမေ့သွားတာ။ ဒီလူ .. Baekhyun ကြည့်မရတဲ့ဒီလူက BaekEunရဲ့ သက်ဆိုင်သူဆိုတာ Baekhyun ခဏမေ့သွားခဲ့တာ။ ဒီလူကြောင့် Baekhyun ဒီအခြေအနေဆိုးကြီးထဲ ကျရောက်နေရသလို .. ဒီလူကြောင့်ပဲ Baekhyun မုန်းတဲ့ဟန်ဆောင်တာကို လုပ်နေရတာလေ။
ဘယ်လိုဖြစ်ပြီး .. ဘယ်လိုဖြစ်ပြီး သူစိမ်းတစ်ယောက်ရင်ခွင်ထဲမှာ သက်သောင့်သက်သာရှိနေသလို ခံစားနေရတာလဲ ? မဖြစ်သင့် ! ဒါဟာလုံး၀မဖြစ်သင့်ပါ။
"လွှတ် ! Park Chanyeol ! ..
ကျွန်တော့်ကိုလွှတ်"ပြောလည်းပြော Baekhyun အတင်းရုန်းကန်တော့ Chanyeol ခန္ဓာကိုယ်ကလူးလွန့်လာပြီး တစ်ဖက်လှည့်သွားသည်။ ထိုအခါမှ Baekhyun မတ်တပ်ရပ်ပြီး Chanyeolမျက်နှာကို တစ်ချက်တောင်မကြည့်ဘဲ အခန်းထဲက
ခပ်မြန်မြန်ထွက်လာလိုက်တော့သည်။