(U)နေ့လယ်ဘက် အရေးပေါ်အစည်းအဝေးကျင်းပပြီးတဲ့နောက် Resortဆောက်မယ့်ကိစ္စက 80%လောက် အဆင်ပြေသွားသည်။ ဒီဇိုင်းမှာပြင်စရာလေးအနည်းငယ်ရှိပေမယ့် ပညာရှင်တွေဆီအပ်ထားတာကြောင့် အလွန်ဆုံးတစ်ရက်လောက်ပင်စောင့်ရမည်။ အခုအလိုအပ်ဆုံးက ဂျယ်ဂျူဒိုသွားဖို့ပင်။
အိမ်ထဲ၀င်လာတော့ Baekhyunက ဧည့်ခန်းကဆိုဖာပေါ်မှာ ပုံ့ပုံ့ကလေးထိုင်နေပြီး တစ်စုံတစ်ခုကို အသည်းအသန်တွေးနေဟန်ဖြင့် အထဲ၀င်လာတဲ့ Chanyeolကိုတောင် သတိထားမိပုံမပေါ်ပါ။
"အဟမ်း !"
Chanyeol ချောင်းဟန့်လိုက်တော့ ကြောင်လျက်သားဖြင့် လှည့်ကြည့်လာသည်။ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အနားလျှောက်သွားတော့ ထိုင်နေရာကနေထပြီး Chanyeolကို တစ်ခုခုပြောချင်နေပုံ။
"ခင်ဗျား .. ကျွန်တော့်ဒီဇိုင်းတကယ်သုံးမလို့လား ? နောက်နေတာဆိုရင်တော့ ကျွန်တော်သည်းခံမှာမဟုတ်ဘူးနော် .."
"အခု ကိုယ့်ပုံစံက မင်းကိုစနောက်နေတာနဲ့တူနေလို့လား ? မင်းကသာဒီမှာတစ်ယောက်တည်းထိုင်ပြီး အတွေးများနေတာ .. ကိုယ်အစည်းအဝေးလုပ်ပြီး ရှယ်ယာရှင်တွေနဲ့တောင် စကားပြောခဲ့ပြီးပြီ အဲ့ဒါတောင် မင်းကိုစနောက်နေတယ်လို့ ထင်နေသေးတာလား ?"
"ကျွန် .. ကျွန်တော်က .."
ရုတ်တရက်ကြီး Byun Baekhyunနဲ့ မတူအောင်ငြိမ်ကုပ်သွားတာကြောင့် Chanyeol အံ့ဩသွားတာတော့အမှန်ပင်။ တစ်နည်း .. Baekhyunဆီမှာ ဒီလိုနူးညံ့တဲ့ပုံစံရှိတတ်မှန်း Chanyeol မထင်ခဲ့ပါ။
"အင်း"
ပြောရအဆင်ပြေသွားအောင် စကားထောက်ပေးတော့ မရဲတရဲဖြင့် Chanyeolကိုမော့ကြည့်လာသည်။ မထင်မှတ်ထားပါ။ မျက်၀န်းတစ်စုံက ခါတိုင်းလိုစူးရဲနေတာမျိုးမဟုတ်ဘဲ ကလေးသာသာ အပြစ်ကင်းစင်တဲ့မျက်၀န်းတွေပင်။ Chanyeol အံကြိတ်ထားမိသည်။
"လုံး၀မထင်မှတ်ထားတဲ့ကိစ္စမလို့ .. နည်းနည်းအသိစိတ်လွတ်သွားသလို ဖြစ်သွားတာပါ ခင်ဗျားကအတည်ဆိုတော့ ကျွန်တော်ယုံလို့ရပြီပဲ .. ဒါနဲ့
ညလေယာဉ်မလား ကျွန်တော်လုပ်စရာရှိတာတွေ သွားလုပ်လိုက်ဦးမယ်"
![](https://img.wattpad.com/cover/316553910-288-k960760.jpg)