Ch.3(U+Z)

2.4K 298 3
                                    

🍓Unicode🍓

ရှေ့မှကောင်လေးရဲ့စကားကြောင့်ရိပေါ်သူ့ခေါင်းသူပြန်ထုလိုက်မိသည်။အိပ်မက်မက်နေတယ်ဆိုရင်လည်းနိုးသွားမလားလို့လေ....သို့ပေမယ့် ဒါတွေဟာလက်တွေ့ဖြစ်နေခဲ့သည်။

"ပြန်...ပြန်ပြောစမ်းပါဦး"

"ကျွန်တော်က မီးခွက်စောင့်ကျန့်ကျန့်ပါသခင်..."

ရိပေါ်တစ်ယောက်အားရပါးရရယ်မိတော့သည်။ဒီကောင်လေးဦးနှောက်မကောင်းတာလား....ကျပ်မပြည့်တာလားပဲ

"မီးခွက်စောင့်....ဟားးဟားး မီးခွက်စောင့်ပေါ့လေ...ဟားဟား"

ရယ်ကြောမပျက်တဲ့သခင့်ကိုကျန့်ကျန့်မျက်စောင်းထိုးကာကြည့်လိုက်မိသည်။သူပြောတဲ့အထဲမှာဘာများရယ်စရာပါလို့ဒီလောက်ရယ်နေရတာလဲ

"သခင်လိုရာဆု သုံးခုတောင်းနိုင်ပါတယ်"

သခင်ကအရယ်ရပ်ကာချောင်းတစ်ချက်ဟန့်သည်။

"ကောင်လေး ပေါကြောင်ကြောင်တွေပြောနေမယ်ဆိုဇာတ်ထဲသွားတော့"

"ဒါဘာသဘောလဲ သခင်...သခင်ကကျန့်ကျန့်ကိုမယုံတာလား"

စူပုတ်ကာသူ့အားပြောလာတဲ့ကောင်လေးကြောင့်ရိပေါ်စိတ်ထဲချစ်ဖို့တော့ကောင်းသားဟုတွေးလိုက်မိသည်။

"ကလေးသွားပြောတောင် မယုံဘူး"

"ကောင်းပြီလေ...ဒါဆို သက်သေပြရသေးတာပေါ့....သခင်လိုချင်တာကိုပြောလိုက်ဆုတောင်းသုံးခုထဲက မနှုတ်ပဲသက်သေပြတဲ့အနေတဲ့ လက်ဆောင်ပေးလိုက်မယ်....ဟွန့်"

ရိပေါ်တစ်ယောက်ဘာမှမပြောပဲခိုးရယ်နေမိတော့ ထိုမီးခွက်စောင့်ကျန့်ကျန့်ဆိုတဲ့ဟာလေးက စိတ်တိုလာသည်ထင်တယ်...

"ပြောလို့!!!!"

"ဟုတ်ပြီ...အဲ့လောက်ဖြည့်ဆည်းပေးချင်နေရင်လည်း ပိုက်ဆံတွေလိုချင်တယ်ကွာ"

"ကောင်းပါပြီသခင်"

ထိုကောင်ငယ်လေးကလက်ဖျောက်တစ်ချက်တီးလိုက်ပြီးတဲ့နောက်မှာတော့ရိပေါ်ရဲ့ရှေ့တည့်တည့်သို့ရောက်လာတဲ့ပိုက်ဆံတွေမှအုပ်လိုက်ပင်...

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now