Ch.6(U+Z)

2.2K 263 7
                                    

🍓Unicode🍓

ဟောက်ရွှမ်းနဲ့ကျိုးချန်အခန်းထဲကထွက်ပြေးသွားပြီးနောက် ရိပေါ်ဘက်ကိုလှည့်ကာကြည့်လာတဲ့မီးခွက်စောင့်လေးကျန့်ကျန့်

"ကျန့်ကျန့်...ငါ...ငါမပါဘူးနော်"

ကျန့်ကျန့်ရဲ့အကြည့်ကြောင့်လက်တစ်ခါခါနဲ့နောက်ကိုဆုတ်ဆုတ်သွားတဲ့ရိပေါ်...
သူ့ကိုဟိုနှစ်ကောင်လိုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ

"ရပ်!!!!"

နောက်ကိုဆုတ်ဆုတ်သွားတဲ့သခင့်ကြောင့်ကျန့်ကျန့်အော်လိုက်မိသည်။

"ဘယ်သူက သခင့်ကို အပြစ်ပေးမယ်ပြောလို့လဲ...ဟွန့်"

မျက်စောင်းလေးထိုးကာနှုတ်ခမ်းစူလို့ပြောမိတော့သခင်ကစိတ်အေးသွားသလိုလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။တကယ်ဆို ကျန့်ကျန့်အနေနဲ့သခင်ကိုအပြစ်ပေးချင်ရင်တောင်ပေးခွင့်မရှိပါ...ဘာလို့ဆိုမီးခွက်စောင့်တစ်ယောက်ဟာသူ့လက်ရှိပိုင်ရှင်ကို ထိခိုက်နစ်နာအောင်...အန္တရာယ် ဖြစ်အောင် လုပ်ပိုင်ခွင့်မရှိသောကြောင့်ဖြစ်သည်။

"သခင့်!!!ကျန့်ကျန့်ဗိုက်ဆာတယ်"

".........????"

ခြေလေးကိုစောင့်ကာဗိုက်ဆာနေကြောင်းပြောနေတဲ့ကျန့်ကျန့်ကြောင့် ရိပေါ်ရဲ့အတွေးအခေါ်တွေဟာစတင်လာခဲ့သည်။

💭မီးခွက်စောင့်တွေဟာ ဗိုက်ဆာတတ်တာလား????ငါတော့မွဲတော့မယ်ထင်တယ်...ကိစ္စတော့မရှိပါဘူး သူ့မှာအစွမ်းတွေရှိတော့သူ့ဘာသာရှင်းမှာပေါ့💭

"သခင့်!!!!"

"ဟင်...ဟင်"

စိတ်မရှည်စွာကုန်းအော်နေတဲ့မီးခွက်စောင့်လေးကြောင့်အတွေးစတွေဟာခနအတွင်းမှာပင်ပြတ်တောက်သွားရသည်။

"ဗိုက်ဆာတယ်လို့!!!"

"နေပါဦးး မီးခွက်စောင့်တွေက ဗိုက်ဆာတတ်တာလားး မင်းကနှစ်ပေါင်းအများကြီးမီးခွက်ထဲမှာပိတ်လှောင်ပြီးနေလာခဲ့တာဆို...အဲ့ဒီအချိန်တွေတုန်းက မင်းဘာသွားစားလဲ"

"ဘာမှမစားဘူးလေ...အဲ့လိုဘာမှမစားခဲ့ရလို့...ဘာမှမစားဖူးခဲ့လို့ ခုလိုစားချင်တယ်လို့ပြောနေတာပေါ့"

မီးခွက်စောင့်ကျန့်ကျန့်[Completed]Tahanan ng mga kuwento. Tumuklas ngayon