🍓Unicode🍓
ရိပေါ်တစ်ယောက်ခရီးပန်းလာတာကြောင့်ခနအိပ်ပျော်သွားသည်။နိုးလာတဲ့အခါမှာတော့နေစောင်းစပြုနေပြီ။ကျန့်ကျန့်ဆိုတဲ့မီးခွက်စောင့်လေးကိုလည်းမတွေ့ရ...
ရိပေါ်လန့်သွားကာ ကုတင်ပေါ်မှဆင်းလိုက်ပြီး ဟိုကြည့်ဒီကြည့်နှင့်မီးခွက်စောင့်လေးကိုရှာနေမိသည်။နောက်တော့မှအဖြူရောင်စားပွဲလေးပေါ်က မီးခွက်ကလေးကိုကြည့်လိုက်မိသည်။
"ဟူးးးး ကျန့်ကျန့်ကမီးခွက်ထဲမှာဖြစ်မှာပေါ့...ငါ့နှယ့်နော်"
ကိုယ့်နဖူးကိုကိုယ်လက်သီးဆုပ်လေးနဲ့ပြန်ထုလိုက်မိသည်။ကျန့်ကျန့်က မီးခွက်စောင့်လေ...သူ့မှာသွားစရာဆိုလို့ဒီမီးခွက်လေးပဲရှိတာ...
"ဘယ်ကိုမှသွားခွင့်မရှိတာ...သူဘယ်လောက်မွန်းကြပ်နေလိုက်မလဲ"
ရိပေါ်လည်းမီးခွက်လေးကိုကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက်လန်းဆန်းသွားအောင်ရေချိုးဖို့သာပြင်လိုက်သည်။
ကျန့်ကျန့်တစ်ယောက်အိပ်ရာနိုးလာတော့မီးခွက်ကလေးထဲမှထွက်ကာ အခန်းရဲ့ပြတင်းပေါက်နားသွားပြီး လေအေးအေးလေးကိုရှူရှိုက်ကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလိုက်သည်။
သူကားပေါ်မှာတုန်းကကြည့်လိုက်ရတဲ့TVမှာပြနေတဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းထဲကအတိုင်းလိုက်လုပ်နေခြင်းဖြစ်သည်။
ရိပေါ် ရေချိုးပြီးလို့လန်းလန်းဆန်းဆန်းဖြစ်သွားတဲ့အချိန်မှာတော့ အောက်ပိုင်းကိုတပတ်တစ်ထည်ပတ်ကာ ရေချိုးခန်းမှထွက်လာခဲ့လိုက်သည်။
'ကျွီ...'
တံခါးဖွင့်သံကြားတာမို့ကျန့်ကျန့်တစ်ယောက်နောက်ကိုလှည့်ကြည့်လိုက်တော့အဝတ်ဗလာနဲ့မတ်တပ်ရပ်နေသည့်သခင့်ကိုတွေလိုက်ရသည်။
ရေချိုးပြီးကာစမို့ တစ်ချို့ကျန်နေသေးတဲ့ရေစက်ကလေးတွေဟာ သခင့်ရဲ့ရင်အုပ်ကြွက်သားတွေကြားထဲမှာကပ်တွယ်နေလေသည်။တစ်ချို့ရေစက်တွေကတော့ထိုကြွက်သားအဖုအထစ်တွေကိုဖြတ်ကာတဖြည်းဖြည်းအောက်သို့စီးသွားလေသည်။
YOU ARE READING
မီးခွက်စောင့်ကျန့်ကျန့်[Completed]
Fanfictionအာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 End Date ~5.11.2022 _________________________________ အာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 E...