Ch.22(U+Z)

1.9K 241 17
                                    

🍓Unicode🍓

ရိပေါ်က မီးခွက်စောင့်လေးနဲ့သူ့ရဲ့အကြောင်းတွေကို ရေးသားလို့ ဝတ္ထုစာအုပ်ထုတ်ခဲ့တယ်...ထိုဝတ္ထုကအောင်မြင်လွန်းခဲ့တာမို့အခြားသတင်းသမားတွေက နောက်ဝတ္ထုတွေအကြောင်းကိုမေးမြန်းတဲ့အခါ ရိပေါ်ကခေါင်းခါတယ်

ဒါဟာသူ့ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးဝတ္ထုကိုရေးသားခြင်းပါလို့လည်း သတင်းသမားတွေကိုဖြေကြားခဲ့ပါတယ်

ကျောင်းပြီးသွားတဲ့ရိပေါ်ဟာ သူ့ဖခင်ရဲ့လုပ်ငန်းမှာသာ ဝင်ရောက်လို့ကူညီတယ်...ကျိုးချန်နဲ့ဟောက်ရွမ်းကလည်းအလုပ်အကိုင်ကိုယ်စီနဲ့မို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြတော့ပေ...မိသားစုညစာစားပွဲတွေရှိမှသာတွေ့ဖြစ်ကြတော့သည်။

အပြုံးအရယ်မရှိတော့တဲ့ရိပေါ်ဟာ အပြင်ပိုင်းမှာသာတည်ငြိမ်ပေမယ့် အဖြူရောင်အရိပ်လေးတွေကိုမြင်တာနဲ့ သူ့ရဲ့မီးခွက်စောင့်လေးများလားလို့ လိုက်ကြည့်တတ်သည်။

အလုပ်တွေရှုပ်လွန်းတဲ့ရိပေါ်ကို ခနတာအနားယူရင်း korea ကိုအလည်သွားဖို့ဝမ်ပါးကတိုက်တွန်းတယ်...စိတ်ဖီးစီးမှုတွေကိုဖျောက်ဖြေဖို့အတွက်ပေါ့

koreaကိုရောက်တော့အပေါင်းအသင်းမရှိတဲ့ရိပေါ်ဟာ Seoul က hotelတစ်ခုခုမှာသာ အခန်းငှားလို့နေဖြစ်တယ်...လာသာလာခဲ့ရပေမယ့် ရိပေါ်ကလျှောက်လည်ဖို့နေနေသာသာ အခန်းထဲကအခန်းပြင်တောင်မထွက်ဖြစ်ခဲ့

နောက်တော့ မပြန်ခင်တစ်နေရာကိုတော့မဖြစ်မနေသွားဖို့သူ့စိတ်ကတိုက်တွန်းတယ်။သူသွားမယ်လို့ဆုံးဖြတ်ခဲ့တဲ့နေရာက Seoulရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Namsan Towerကိုဖြစ်သည်။

ဒီနှစ်ရဲ့happy new yearကိုကြိုဆိုဖို့အတွက်ရိပေါ်က Namsan Towerကိုရွေးချယ်လိုက်ခြင်းပင်...ဆောင်းရာသီမို့နွေးနွေးထွေးထွေးဖြစ်မယ့်အင်္ကျီအဝတ်အစားတွေကိုသာဝမ်ရိပေါ်ကရွေးချယ်လိုက်သည်။

Hotelနဲ့Towerကသိပ်မဝေးတာမို့ လမ်းလျှောက်ပြီးသာသွားရန်ဆုံးဖြတ်လိုက်သည်။လမ်းတစ်လျှောက်လူတွေက ရှုပ်ယှက်ခတ်နေသည်မို့ hotelကိုပြန်လိုက်ရင်ကောင်းမလားလို့လည်းရိပေါ်ကတွေးလိုက်မိသေးသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Onde histórias criam vida. Descubra agora