Ch.15(U+Z)

1.7K 235 6
                                    

🍓Unicode🍓

ရိပေါ်နောက်နေ့ကျောင်းပြန်တက်တော့အားလုံးဟာပုံမှန်အတိုင်သာ...ယခင်နေ့ကအဖြစ်အပျက်တွေဆိုတာလည်းမရှိတော့သလို ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်းမမှတ်မိကြတော့ပေ

အင်္ဂလိပ်စာဆရာမကလည်းသူ့ရဲ့ပုံစံအတိုင်းဟန်မပျက်ပင်...ဒါတွေဟာမီးခွက်စောင့်လေး​ရဲ့လက်ချက်ဆိုတာရိပေါ်ကသိပါတယ်...

သူမီးခွက်စောင့်လေးကိုအော်လိုက်မိတာသိပ်ကိုမှားသွားခဲ့တယ်...ခုဆိုရင်မီးခွက်စောင့်လေးဟာအရင်လိုသူ့ကိုပြုံးရယ်ပြခြင်းလည်းမရှိတော့သလို...ကလေးဆန်ခြင်းတွေဟာလည်းပျောက်ကွယ်သွားခဲ့တယ်

တာဝန်ရှိသလိုပုံစံမျိုးနဲ့သာ သူ့ကိုဆက်ဆံနေတဲ့မီးခွက်စောင့်လေးကို ရိပေါ်ပြန်ချော့ပေမယ့်ဘာမှအခြေအနေမထူးခဲ့ပါ...မီးခွက်စောင့်လေးသိပ်ကြိုက်တဲ့အစားအသောက်တွေနဲ့ချော့ကြည့်ပေမယ့်လည်းမရခဲ့

ရိပေါ်ရဲ့လွယ်အိတ်ထဲမှာရှိနေတဲ့မှော်မီးခွက်ကလေးထဲက မီးခွက်စောင့်လေးဟာလည်းငြိမ်သက်သက်ရယ်သာ

ရိပေါ်လည်းအတန်းထဲမှာ စာသာသင်နေရပေမယ့် ထူးထူးခြားခြားစိတ်လေးနေမိသည်။တစ်ခုခုဖြစ်တော့မယ်ဆိုတာစိတ်ကကြိုသိနေသယောင်။

'Ring....Ring...'📲📲

~ဟယ်လို~

~သားးရိပေါ်...အိမ်မှာမီးလောင်နေတယ်သားရဲ့ မြန်မြန်လာပါဦးးး~

~ဗျာ...မားးသားအခုပြန်လာခဲ့မယ်နော်!!!~

ရိပေါ်လည်းဟောက်ရွှမ်းနဲ့ကျိုးချန်တို့ကိုခေါ်ကာဝမ်အိမ်တော်သို့​အမြန်သွားရတော့သည်။ခုအချိန်မှာဆိုင်ကယ်မောင်းရင်စိတ်လှုပ်ရှားကာအန္တရာယ်ဖြစ်မှာစိုးရိမ်တာကြောင့် ဟောက်ရွှမ်းရဲ့ကားနဲ့သာသုံးယောက်သားသွားကြရသည်။

အိမ်ရောက်တော့မီးကငြိမ်းနေပြီဖြစ်သည်။ဘာမှကြီးကြီးကျယ်ကျယ်ဖြစ်မသွားပေ...ရိပေါ်လည်းခုမှစိတ်အေးရတော့သည်။

"မားကဖြစ်ဖြစ်ချင်း ဘာလုပ်ရမှန်းမသိဖြစ်သွားတာ...အဲ့တာကြောင့်သားကိုအလောတကြီးဖုန်းဆက်မိသွားတာ...ခုဘာမှစိတ်မပူနဲ့တော့နော်..."

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now